From : Myitmakha
ပြည်တွင်းဆေးဝါးဈေးကွက်တွင် အရည်အသွေးပြည့်မှီခြင်း မရှိသော ဆေးဝါးအတုများ ပြည်ပမှ နည်းလမ်းပေါင်းစုံဖြင့် ၀င်ရောက်နေခြင်းကြောင့် ဆေးဝါး
www.MyanmarExpress.net

ဈေးကွက်တည်ငြိမ်မှုမရှိကြောင်းဆေးဝါး ဈေးကွက်အသိုင်းအ၀ိုင်းမှ သိရသည်။
“နိုင်ငံအစုံ၊ လိုင်းအစုံက နေ၀င်လာတဲ့ ဆေးတွေမှာဆေးအတုတွေ
ပါတယ်။ အာနိသင်မပြည်ဝတဲ့ ဆေးတွေပါတယ်။ အပြိုင်သွင်းတဲ့
ဆေးတွေပါတယ်။ ဆေးတွေအားလုံးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်မထားတဲ့ဆေးတွေပါ။ နည်းမျိုးစုံနဲ့ ၀င်နေတဲ့အတွက်
နောက်ဆုံးပြည်သူတွေ၊ စားသုံးသူတွေဘဲ ခံရတယ်”ဟု NILAY NAING ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမောင်မောင်လေးက ပြောသည်။
MPF(BPI)ပါရာစီတမောလ် အလုံး (၁၀၀) ပါ (၁) ဘူးလျှင် (၇၀၀) ကျပ်နူန်းရှိပြီး၊ တရုတ် ပါရာ အလုံး(၁၀၀) ပါ တစ်ဘူးလျှင် (၅၀၀) ကျပ်နူန်း၊ စီဗစ်(BPI)ဆေးမူ အလုံး (၁၀၀) ပါ ၁ ဘူးလျှင် (၆၀၀) ကျပ်နူန်းရှိပြီး တရုတ်ဆေးဆိုလျှင် (၁) ဘူးကို (၂၀၀) ကျပ်နူန်း၊ ဒိုင်ကိုဇင်(နှလုံးဆေး)(BPI)အလုံး (၁၀၀) ပါ၁ဘူးလျှင် (၈၅၀) ကျပ်နူန်းရှိပြီး တရုတ်ဆေးဆိုလျှင် (၃၅၀)၊ (၄၀၀) ကျပ်နူန်းသာ ရှိကြောင်း၊ MPF(BPI)ထုတ်ဆေးဝါးများနှင့် တရုတ်ဆေးဝါးများမှာ ဈေးနူန်းထက်ဝက်ခန့် ကွာဟနေကြောင်း မင်္ဂလာဈေး ဆေးဈေးကွက်အသိုင်းအ၀ိုင်းမှ သိရသည်။
“စံမမှီဆေးဝါးတွေ ဈေးကွက်ထဲမှာ များလာတယ်။ ရင်ကြပ်ပျောက်ဆေး BPIထုတ်ဆိုရင် အနံကနမိုးနီးယားအနံလို အနံတစ်မျိုးရှိတယ်။ နဲနဲအ၀ါရောင်သန်းတယ်။ တရုတ်ကလာတာဆိုရင် ဒိတ်လည်း
အောက်တယ်။ အရည်အသွေးမမှီဘူး။ ဘာအနံအသက်မှလည်းမရှိဘူး။ ပါရာစီတမောလ်၊ စီဗစ်၊ ဘားပလက်၊ ဂရိုင်းပင်ချာဆေးမျိုးစုံအတုတွေ
ဈေးကွက် ထဲမှာအများကြီးဘဲ။ ကျွန်တော်တို့ ဆိုင်ကတော့ BPIတစ်မျိုးဘဲရောင်းတယ်”ဟု မင်္ဂလာဈေးမှ ၀ါရင့်ဆေးရောင်းဝယ်ရေး
လုပ်ငန်းလုပ်လာသူ တစ်ဦးမှ ပြောသည်။
ထို့ပြင် ယခင်ကစက်မူ(၁)နှင့် ပြည်ပဆေးကုန်သည်တွေ ကုန်ကြမ်းပေး၊ ကုန်ချောယူစနစ်ဖြင့် လုပ်ကိုင်နေသည့်  အတွက် ပြည်တွင်းဆေးဝါး
ဈေးကွက်မှာ တည်ငြိမ်လျှက်ရှိကြောင်း၊ ကုန်ကြမ်းပေး ကုန်ချောယူစနစ် ဖျက်သိမ်းလိုက်သည့် နောက်ပိုင်းတွင် MPF(BPI)ထုတ် ဆေးဝါးများရှားပါး
လာကာ ဆေးဝါးအတုများဈေးကွက်အတွင်း ပိုမိုများပြားလာကြောင်း ၄င်းကဆက်လက် ပြောသည်။
“ဆေးဝါးအတုတွေ သောက်မိရင် ရောဂါမပျောက်နိုင်ဘူး။ အဲ့ဒီဆေးမှာ အဆိပ်အတောက်တွေပါရင် လူကိုအန္တရာယ်ပေးနိုင် တယ်။ ဘေးထွက်
ဆိုးကျိုးတွေရှိတယ်။ အာနိသင်တစ်ဝက်ပဲပါတဲ့ဆေးသောက်မိရင် အာနိသင်မပါတဲ့ ဆေးထက်ဆိုးတယ် ။ သောက်မိရင် ရောဂါက
မပျောက်ဘူး။ ခံနိုင်ရည်ရှိပြီးဆေးယဉ်ပါးသွားတယ်။ အဲ့ဒီဆေးယဉ်ပါးတဲ့
ရောဂါပိုးက နောက် တစ်ယောက် ကို အလွယ်တကူကူးစက်နှိင်တယ်”ဟု အဆောင်၁၊ ၂ ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာချစ်စိုးက သုံးသပ်ပြောကြားသည်။
လွန်ခဲ့သော(၁၀)နှစ်ကျော်ကာလမှ စပြီး မြန်မာနိုင်ငံသို့ ဆေးဝါး
အတုများ၊ စံမမှီသောဆေးများမှာ နည်းမျိုးစုံ၊ နိုင်ငံအစုံ၊ လိုင်းအစုံမှ ၀င်ရောက်လာကြောင်း သိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်