Subscribe to our RSS Feed

အမေရိကန် နျူကလီးယား စမ်းသပ်မှုသည် ကမ္ဘာ့ ငြိမ်းချမ်းရေးကို လျော့ပါး စေကြောင်း အီရန် လွှတ်တော် အမတ် ပြောကြား

From :မြဝတီ

နီဗားဒါး သဲကန္တာရ၌ မကြာသေးမီက ပြုလုပ်ခဲ့သော အမေရိကန် ပြည်ထောင်စု၏ နျူကလီးယား စမ်းသပ်မှုသည် ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေးကို လျော့ပါးစေ ခဲ့ကြောင်း အီရန် လွှတ်တော်၏ အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြား မူဝါဒ ရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ မိုဟာ မက်ဟက်ဆန် အဆာဖာရီက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြား ခဲ့သ

ည်။
အဆိုပါ စမ်းသပ်မှုသည် ဖျက်အားပြင်း လက်နက်များ တိုးပွားလာ မှုနှင့် ထုတ်လုပ်မှု များပြား လာမှုကို ပြသလျက် ရှိကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ထို့အပြင် ယင်းစမ်းသပ်မှုသည် အမေရိကန် ပြည်ထောင်စုက နျူကလီးယား လက်နက် ဖျက်သိမ်းရေးကို လုပ်ဆောင် ခဲ့ခြင်း မရှိသည်ကို ပြသနေသည့် အပြင် အရှေ့အလယ်ပိုင်း ဒေသ၌ နျူကလီးယား လက်နက် ကင်းစင်ရေးနှင့် စပ်လျဉ်း၍ ပြုလုပ်သော နိုင်ငံတကာ ညီလာခံ၏ ကြိုးပမ်းမှု ဖျက်ဆီးရန် အတွက် လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု ဆာဖာရီက ပြောကြား ခဲ့သည်။

အရှေ့အလယ်ပိုင်း ဒေသကို နျူကလီးယား လက်နက် ကင်းစင်ရေးဇုန် အဖြစ် ပြုလုပ်ရန် ကြိုးပမ်းရာတွင် အီရန် နိုင်ငံသည် အရေးပါသော အခန်း ကဏ္ဍမှ ဦးဆောင် ပါဝင် လုပ်ဆောင် လျက်ရှိသည်ကို အမေရိကန် နိုင်ငံက ကောင်းစွာ သတိပြုမိ လျက်ရှိပြီး မိမိတို့ နိုင်ငံ အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေးကို ထူ ထောင်ပြီးသည့် တိုင်အောင် နိုင်ငံတကာ အစည်းအဝေးက ချမှတ် ထားသော ရည်မှန်းချက်ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် Pollux အမည်ရှိ အဆိုပါ စမ်းသပ်မှုကို နီဗားဒါး အမျိုးသား လုံခြုံရေးရာ ဌာနရှိ လော့စ်အဲ လာမို့စ် အမျိုးသား ဓာတ်ခွဲခန်းနှင့် ဆန်ဒီဘာ အမျိုးသား ဓာတ်ခွဲခန်းတို့ ပူးပေါင်း၍ ဒီဇင်ဘာ ၅ ရက်တွင် ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စမ်းသပ်မှုသည် နျူကလီးယား လက်နက်များ၏ အကျိုး သက်ရောက်မှုနှင့် လုံခြုံရေး ဆိုင်ရာ အရေးကြီးသော အချက် အလက်များကို ရယူရန် အတွက် ရည်ရွယ် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်