အိန္ဒိယနိုင်ငံ ဘရာဂါမြို့မှ အသက်၃၈နှစ်အရွယ် အနှေးယာဉ်မောင်းသူ ဘာလူဂျာသာမှာ သူ၏ တစ်လသားအရွယ် သမီးငယ်ဒါမီနီကို အလုပ်လုပ်နေစဉ်အတွင်း သူ၏လည်ပင်း၌ ချိတ်ဆွဲချီပိုးကာ ကလေးထိန်းနေရသည်။ သူ၏ဇနီးသည်ဖြစ်သူ သမီးငယ်လေး၏ မိခင်ရှန်တီမှာ သမီးငယ်ကလေးကို မွေးပြီးပြီးချင်း သေဆုံးသွားခဲ့ပြီး ဘာလူအနေဖြင့် အခြားဆွေမျိုး သားချင်းများလည်း မရှိသောကြောင့် သမီးငယ်အား ကိုယ်တိုင်ထိန်းကျောင်း နေရခြင်းပင်ဖြစ်သည်။ကံမကောင်းလှသော ကလေးငယ်မှာ ကျန်းမာရေးချူချာသည့်အတွက် မြို့တော်ဆေးရုံတွင် ယခုအပတ်အစောပိုင်းက ပြုစုကုသမှုခံယူခဲ့ရသည်။ ယခုအခါတွင်တော့ ကျန်းမာလာပြီဖြစ်သော်လည်း သူမအားတစ်ရံမလပ် စောင့်ကြည့်နေရန် လိုအပ်သောကြောင့် သမီးငယ်၏ဖခင်မှာ ယခုကဲ့သို့ ထိန်းကျောင်းနေရခြင်းဖြစ်သည်။
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်