From :7day
Myanmar Express
မုံရွာမြို့
ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်း ဓမ္မာရုံတွင် ယနေ့မွန်းလွှဲပိုင်းက
ပြုလုပ်ခဲ့သော သြ၀ါဒခံယူပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ဦးစန်းယု၏ လျှောက်ထားချက် (အဆိုပါသြ၀ါဒခံယူပွဲသို့
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မုံရွာမြို့မှ တ
ိုင်းရဲတပ်ဖွဲ့၊
ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့များမှ အင်အား ၁၂၀ ခန့်
တက်ရောက်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များမှာ ရာထူးအနိမ့်ဆုံး ရဲတပ်သားမှ
ရာထူးအမြင့်ဆုံး ရဲမှူးကြီးအထိ ပါဝင်ကြောင်း သတင်းရရှိသည်။)
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းလက်ရှိဖြစ်ပေါ်နေသောအကြောင်းအရာများနဲ့ သာသနာရေးဆိုင်ရာလျှောက်ထားချက်ဖြစ်ပါသည်ဘုရား။
တပည့်တော်ကစစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းမှရဲမှူးကြီးစန်းယုဖြစ်ပါသည်ဘုရား။
ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်စီမံကိန်းကိုအကြောင်းပြု၍ဖြစ်ပေါ်လာခဲ့သောသပိတ်စခန်းများကိုဥပဒေနှင့်အညီဆောင်ရွက်ခဲ့ရပါသည်။ ဆရာတော်၊
သံဃာတော်အရှင်မြတ်များ၏တပည့်ရဟန်းသံဃာတော်များ မတော်တဆထိခိုက်ဒဏ်ရာရရှိခဲ့ရခြင်းအပေါ် တပည့်တော်တို့ကစိတ်နှလုံးမချမ်းမြေ့ဖွယ်ရာဖြစ်ရပါသဖြင့်
ပဏာမအားဖြင့် ရှိခိုးတောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား။
လက်ပန်းတောင်းတောင်စီမံကိန်းသည် ပြည်ပနိုင်ငံတစ်နိုင်ငံနှင့်တရားဝင်စာချုပ်ချုပ်ဆိုပြီးဆောင်ရွက်နေသောနိုင်ငံတော်၏စီမံကိန်းကြီးတစ်ခုဖြစ်ပါသည်ဘုရား။
လုပ်ငန်းများဆောင်ရွက်ရာဒေသရှိပြည်သူများနစ်နာမှုကိုဖြစ်ပေါ်ကြောင်းသိရှိရ၍နေရာအဆောက်အအုံ၊ကျောင်းကန်များတည်ဆောက်မှုများတွင်တာဝန်ရှိသူများေ
ဆာင်ရွက်ပေးသည်ဟုသိရှိရပါသည်ဘုရား။
သို့ရာတွင်အချိန်ကာလကြာလာသည်နှင့်အမျှ နိုင်ငံရေးအရောင်အသွေးများအဘက်ဘက်မှဝင်ရောက်လာကြပြီး စီမံကိန်းကြီးလုံးဝရပ်ဆိုင်းရေးအတွက် သံဃာတော်များ
ပါဝင်လာပြီး သပိတ်စခန်းဖွင့်၍ လုပ်ငန်းများရပ်ဆိုင်းအောင် အကြပ်ကိုင်ဆောင်ရွက်လာခဲ့ကြပါသည်ဘုရား။
သံဃာတော်အရှင်သူမြတ်တို့ဘုရား လက်ပန်းတောင်းတောင်စီမံကိန်းရပ်ဆိုင်းရေးနှင့်ပတ်သက်သောသပိတ်စခန်းများတွင်သံဃာတော်များပါဝင်လာခဲ့ကြခြင်းမှာ
ဒေသခံတောင်သူများ၏ လိုအပ်ချက်တွေကိုညှိနှိုင်းပြီးတော့ ဒီဒေသ၏သာသနိကအမွေအနစ်များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပြီး သပိတ်စခန်းများတွင်ပါဝင်ခဲ့သောေ
ဒသခံပြည်သူလူထုများအနေဖြင့်လည်း သံဃာတော်များကိုအကာအကွယ်ပြုကာဥပဒေများကိုမျက်ကွယ်ပြုလာပြီးပြုလုပ်လာခဲ့ကြပါသည်ဘုရား။
၂၀၁၂ခုနှစ်နိုဝင်ဘာလ ၁၈ ရက်နေ့တွင်စတင်သော သပိတ်စခန်းများသည် နိုင်ငံတော်စီမံကိန်းလေးခုကိုဥပဒေမဲ့နှောင့်ယှက်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံပူးပေါင်းလုပ်ေ
ဆာင်တရားဝင်များရပ်ဆိုင်းခဲ့ရခြင်းကြောင့် နိုင်ငံတော်အတွက်ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရပါသည်ဘုရား။
မကြာမီကလက်ပန်းတောင်းတောင်စီမံကိန်းနှင့်ပတ်သက်သော လွှတ်တော်တွင်တင်ပြ ဆွေးနွေးပြီးလွတ်တော်ကလက်ခံပြီးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်း
ဆောင်ရွက်ရန်နှင့်အတည်ပြုခဲ့ပြီးဖြစ်ပါသည်။
အလားတူပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကိုယ်တိုင်သပိတ်စခန်းများသို့သွားရောက်၍ဆန္ဒဖော်ထုတ်သူများကိုတွေ့ဆုံပြီးနိုင်ငံတော်၏နစ်နာဆုံးရှုံးမှုများကိုရှင်းလင်းခဲ့
ပြီးဖြစ်ပါသည်ဘုရား။
သို့ပေမဲ့မမြင်နိုင်သောကိစ္စများတွင်ဒေသဆိုင်ရာ ဥပဒေအဖွဲ့ကလည်းနိုင်ငံတော် ၏စီမံကိန်းတရားဝင်ပြဌာန်းထားပြီးဖြစ်ပါသည်ဘုရား။
မရွှေ့ပြောင်းနိုင်သေးသောကျေးရွာသုံးရွာကိုမိမိတို့ဆန္ဒအရ လောလောဆယ်မပြောင်းရွေ့လိုကမပြောင်းရွေ့ဘဲနေနိုင်ကြောင်းအသိပေးပြီးဖြစ်ပါသည်။
တရားဥပဒေစိုးမိုးရေးနှင့်အညီ နိုဝင်ဘာလ(၂၇)ရက် ည(၁၁)နာရီနောက်ဆုံးထား၍သပိတ်စခန်းများမှဖယ်ရှားပေးရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်
ထုတ်ပြန်ကြေညာခဲ့ပါသည်။ တရားဝင်သတ်မှတ်ထားသောအချိန်ထက် (၂၇)နာရီနောက်ဆုတ်ကာပြောင်းရွေ့ရန်နာရီဝက်တစ်ကြိမ် ကြေညာခဲ့ပါသည်။
(၂၉)ရက်နေ့နံနက်(၃)နာရီတွင် ၁၅မိနစ်စီခြား၍သုံးကြိမ်သုံးခါထုတ်ပြန်ကြေညာခဲ့သည်။ တပည့်တော်တို့အနေနဲ့တရားဥပဒေစိုးမိုးရေးနှင့် စီမံခန့်ခွဲမှုအာဏာတည်ရေး
အတွက်(၂၉.၁၁.၂၀၁၂)ရက် နံနက်(၃)နာရီတွင်တပည့်တော်တို့ကို ဥပဒေနှင့်အညီ
အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုအသုံးပြု၍ ထိခိုက်မှုများနည်းနိုင်သမျှနည်းအောင်နောက်ဆုံးအဆင့်အနေဖြင့်
ထိန်းသိမ်းဆောင်ရွက်မှုများပြုလုပ်ခဲ့ရပါသည်ဘုရား။
တပည့်တော်တို့တပ်ဖွဲ့အနေဖြင့် အကြိမ်ကြိမ်သတိပေးမေတ္တာရပ်ခံခဲ့ပါသည်။ မီးသတ်ကားဖြင့်ရေပက်ခြင်း၊ မျက်ရည်ယိုဗုံးသုံးခြင်းဖြင့်သာ ဖယ်ရှားရှင်းလင်းဆောင်ရွ
က်ခဲ့ရပါသည်ဘုရား။
တပည့်တော်တို့အနေနဲ့ ဥပဒေအရလိုက်ပါဆောင်ရွက်ခဲ့ရပါသည်။ တပည့်တော်တို့တပ်ဖွဲ့ဝင်များသည်တရားဥပဒေစိုးမိုးရေးတည်ငြိမ်ရေးကိုဆောင်ရွက်ခဲ့ရသူများဖြ
စ်ပါသည်။ သို့ပါ၍ ဒီအရေးကိစ္စကိုတာဝန်အရဆောင်ရွက်ခြင်းဖြစ်ပါသည်ဘုရား။
သို့ပါ၍တပည့်တော်တို့အနေဖြင့်ဆရာတော်များ၏သားရဟန်းသံဃာများကိုထိခိုက်နစ်နာစေရန်ရည်ရွယ်ခြင်းမဟုတ်ကြပါဘုရား။
ဆရာတော်ကြီးများကိုယ်တိုင်သာသနာနှင့်မအပ်စပ်သည့်အလုပ်များကို မလုပ်ကိုင်ကြရန်သြ၀ါဒပေးခဲ့ကြပါသည်ဘုရား။
သာသနာတော်ကိုစောင့်ရှောက်တော်မူကြသည့် သံဃာတော်များဖြစ်သည့်အတွက် ယခုလိုထိခိုက်နစ်နာမှုများကိုအလွန်အင်မတန်စိတ်နှလုံးမချမ်းမြေ့ဖြစ်ရပါသည်ဘု
ရား။
ဗုဒ္ဒဘာသာဝင်များဖြစ်ကြသည့် ဆရာတော် သံဃာတော်ကြီးများကိုမှဲ့ တစ်ပေါက်မစွန်းထင်းစေချင်သောဆန္ဒရှိကြပါသည်ဘုရား။
တပည့်တော်တို့၏တာဝန်ရှိမှုကို မေတ္တာတရားရှေ့ထား၍ခွင့်လွှတ်ပေးကြပါရန်ရှိခိုးတောင်းပန်ရင်း နိဂုံးချုပ်အပ်ပါသည် ဆရာတော်ကြီးများဘုရား။
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

7 comments:
Can we do like that to your precious General Than Shwe?
You guys kill to our own people.
What a shameful you are !!!
Let me ask you where the money goes from that project.
Do they use for our people and country?
Never ending stealing of our country natrual resouces !!! Bez of Pig Than Shwe and generals , our country is nothing left. Now you guys are attacking to our own people. Think deeply about it. Bastard !!!
Where the money goes from that project ?
Tell to our people.
don't forgive these bastards.
ဆရာတော်ကြီးများကိုယ်တိုင်သာသနာနှင့်မအပ်စပ်သည့်အလုပ်များကို မလုပ်ကိုင်ကြရန်သြ၀ါဒပေးခဲ့
who ဘယ်သူတွေ မြှောက် ပေးသ လဲ။ where သပိတ် စခန်း အတွက် ငွေ ဘယ် က ရ သ လဲ ။ အခု ဖြစ် နေ တဲ့ ဆန္ဒ ဖေါ် ထုတ် မှု တွေ မှာ ဘယ် ကော င် တွေ သင်္ကန်း အား ကိုး နဲ့ ဘေး တီး နေ လည်း ။ မြ န် မာ ပြည် တစ် ခု ခု ဖြစ် သွား ရ င် nld တာ ၀န် ယူ ရဲ လား။
ဒဏ်ရာရသွားသူများတွင်-
NLD ပါတီဝင်များတစ်ယောက်မျှမပါဝင်ခြင်း
၈၈ မျိုးဆက်ကျောင်းသားဆိုသူများမှာတစ်ယောက်မျှမပါ
ဝင်ခြင်းတို့မှာထူးဆန်းလှပါသည် အဘယ်ကြောင့်နည်း
-နိုင်ငံရေးလုပ်ခြင်းနှင့်နိုင်ငံရေးလုပ်စားခြင်းများကိုနား
လည်သဘောပေါက်ခြင်းမရှိဘဲသူများသွေးထိုးမြှောက်ပင့်
ပေးတိုင်းမလုပ်သင့်ပေ...ဘယ်သူမပြုမိမိမှု
anonymous ဆိုတဲ့ အပေါ်ကကောင် မင်းကောအခင်းဖြစ်တဲ့ နေရာကို ရောက်ဖူးပြီလား။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်