Subscribe to our RSS Feed

ပုဂ္ဂလိက ကုမ္ပဏီ (၁၂) ခုကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမည်

From : ခေတ်လူငယ်

မြန်မာ့အာမခံလုပ်ငန်း အနေဖြင့် အာမခံလုပ်ငန်း (၄၈)မျိုးကို လက်ခံဆောင်ရွက်လျက် ရှိသည်။ လက်ရှိ ပြည်သူများ စိတ်ဝင်စားဆုံး အာမခံအမျိုးအစားမှာ ငလျင်၊ မုန်တိုင်း၊ ရေကြီးရေလျှံခြင်းများနှင့် တွဲဖက်ထား ရှိနိုင်သော မီးအာမခံနှင့် ကိုယ်အင်္ဂါထိခိုက်မှု အာမခံတို့ဖြစ်ကြောင်း၊ ထို့ပြင် မော်တော်ယာဉ်အလုံးစုံ အာမခံ၊ သူတစ်ပါး ထိခိုက်မှုအာမခံ၊ ရေကြောင်းအာမခံ၊ လေကြောင်းအာမခံ၊ ခရီးသွားအာမခံ၊ အသက်အာမခံ လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “မကြာမီ အာမခံလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီ (၁၂)ခုကိုပါ လုပ်ကိုင်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကအာမခံ ကုမ္ပဏီတွေကတော့ အသက်အာမခံလုပ်ငန်း၊ မီးအာမခံလုပ်ငန်း၊ အလုံးစုံမော်တော်ယာဉ် အာမခံလုပ်ငန်း၊ ငွေပို့ငွေသယ် အာမခံလုပ်ငန်း၊ ငွေသားလုံခြုံမှု အာမခံလုပ်ငန်းနဲ့ သမာဓိအာမခံလုပ်ငန်းတို့ကို လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ တိုးတက်လာတဲ့ ဈေးကွက်စီးပွားရေး စနစ်နဲ့အညီ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ များပြားလာတဲ့အတွက် ကောင်းမွန်တဲ့ အာမခံစနစ်ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အာမခံစနစ်ဟာ ပြည်သူလူထုရဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးနစ်နာမှုတွေကို အာမခံထားခြင်းနဲ့ အကာအကွယ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုကို အကာအကွယ်ပေးတဲ့ အကျိုးပြုတဲ့ ကောင်းမွန်တဲ့စနစ် ဖြစ်ပါတယ်” ဟု ပြောကြားသည်။ မြန်မာ့အာမခံလုပ်ငန်း ရုံးခွဲများကို မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်များတွင် ရုံးခွဲပေါင်း (၃၈) ရုံးဖွင့်လှစ်ထားရှိပြီး မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ကို ရန်ကုန်မြို့၊ အမှတ်- ၆၂၇-၆၃၅ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်၌ ဖွင့်လှစ်ထားကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။  

 Myanmar Express 

1 comments:

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

From : International news for myanmarတကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွားပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။   Myanmar Express 23Share on facebookShare on twitterShare on emailShare on print

8 comments:

တောသားကြီ3း December 2012 17:19အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:20အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:21အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။ReplyA 1(M)3 December 2012 22:33ဒီပညာပေးဆောင်းပါးလေးကိုခုအချိန်ကြမှဖတ်ရလို့ဝမ်းအရမ်းနည်းမိတယ်ဗျာ..ကျွန်တော့်ဘဝအတွက်အရာရာဟာနောက်ကျသွားပေါ့...ဒီလိုဗျကျွန်တော်ကခပ်ငယ်ငယ်၃တန်းကျောင်းသားလောက်တည်းကမိဘတွေကလည်းဆိုဆုံးမမှုမရှိတော့မိမဆုံးမဖမဆုံးမသားသမီးတို့ထုံးစံအတိုင်းစိုးချင်တိုင်းစိုး ပေချင်တိုင်းပေ တေချင်တိုင်းတေနေရာကနေဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်ခဲ့မိတော့တာပါပဲ ခလေးအရွယ်ပေမယ့်လည်းမိုက်ရိုင်းလွန်းတဲ့ကျွန်တော်အိမ်ပေါ်မှာပေါ်ပေါ်ထင်ထင်ဆေးလိပ်သောက်တာကိုအဖေအမေကဘာမှမပြောဘဲလျစ်လျူရှုနေကြပါတယ်သူတို့ကလည်းသူတို့ဘာသာနေ့စဉ်လိုအိမ်ပေါ်မှာဖဲဝိုင်းထောင်ပြီးပျော်ပျော်ပါးပါးဖဲရိုက်နေကြတာပါပဲဗျာ...ရပ်ကွက်ထဲကတခြားအိမ်တွေကလူတွေကလည်းကျွန်တော်တို့မိသားစုကိုအပေါင်းအသင်းမလုပ်ကြဘူးဗျ ကျွန်တော်တို့ကိုတော်တော်အထင်သေးကြပြီး ကျွန်တော်တို့ကြောင့်ရပ်ကွက်မသန့်ဘူးလို့ပြောနေကြတာ...အဲ့တော့အပေါင်းအသင်းမရှိတဲ့ကျွန်တော်ဟာဆေးလိပ်ကိုပဲအဖော်ပြုပြီးစွဲစွဲမြဲမြဲသောက်ခဲ့ရာကကျန်းမာရေးကချို့တဲ့ပြီးရှုနာရှိုက်ကုန်းဖြစ်လာတော့တာပါပဲအဆိုးဆုံးကတော့ဗျာယောင်္ကျားအင်္ဂါဇာတ်အလွန်တိုပြီးလူစဉ်မမှီတဲ့ဘဝကိုရောက်သွားတော့တာပါပဲ..အိမ်မှာဖဲလာရိုက်တဲ့လူကြီးတွေက တစ်ချို့ကကျွန်တော့်ကိုဂွေးတိုလို့ခေါ်ပြီး တစ်ချို့ကတော့ တစ်လက္မခွဲလို့ခေါ်ကြတော့တာပါပဲဗျာ သူတို့ပြောတဲ့အတိုင်းတကယ်လည်းတစ်လက္မခွဲနယ်ကုန်ပါပဲ...ခုတော့ဆေးလိပ်သောက်ခြင်းဆိုးကျိုးကြောင့်ငန်းငန်းတက်အိမ်ထောင်ပြုချင်ပေမယ့်လည်းစိတ်သွားတိုင်းကိုယ်မပါ လူစဉ်မမှီတဲ့ဘဝ အားမတန်လို့မာန်လျော့လိုက်ရပြီပေါ့ဗျာ...မွေးရာပါဖွားတော်ဖက်ကသေးပေါက်ဖို့တစ်ခုပဲအသုံးဝင်ပါတော့တယ်ဗျာ...အနာဂတ်လူငယ်များကျွန်တော့်လိုဘဝမျိုးမရောက်ရအောင်ဆေးလိပ်မသောက်ကြပါနဲ့လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်ဗျာ။ ။ReplyRepliesAnonymous3 December 2012 23:39A 1(M) ခေါ် ဂွေးတို ခေါ် တစ်လက္မခွဲ လေးရေသေးပေါက်ဖို့ပဲအသုံးဝင်တော့လည်းသေးပဲပေါက်တော့ပေါ့ကွယ်...ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားးးးးးးးးးးးးးးး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်