From :ခေတ်လူငယ်
ကျေးရွာပေါင်း ငါးထောင်ကျော်တွင် မိုဘိုင်းတယ်လီဖုန်း လေးသိန်းငါးသောင်းခန့် တပ်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကျေးရွာပေါင်း ၅ ထောင်ကျော်ရှိ ပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းပေါင်း လေးသိန်းငါးသောင်းခန့်ကို တပ်ဆင်ပေးခဲ့ပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် အသင်းအချက်အလက် နည်းပညာဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထွန်းက ပြောကြားသည်။ လက်ရှိ အချိန်တွင် တစ်နိုင်ငံလုံး မိုဘိုင်း ကွန်ရက် ဖြန့်ကြက်နိုင်မှုသည် ၈၀ ရာခိုင်နှုန်းသို့ ရောက်ရှိ လာပြီဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းများကို အရစ်ကျစနစ်ဖြင့် အောက်တိုဘာ လမှ စတင် တပ်ဆင်ပေးခဲ့ရာ အိမ်ခြေပေါင်း နှစ်သန်းကျော်ခန့်နှင့် လူဦးရေပေါင်း ၁၁ သန်း ၅ သိန်းကျော် လွှမ်းခြုံနိုင်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ဆင်းရဲနွမ်းပါးမှုကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ထိုသို့ လျှော့ချနိုင်ရန်အတွက် တစ်နှစ်လျှင် ၂ ရာခိုင်နှုန်း ကျဆင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် ဆက်သွယ်ရေးကလည်း ပါဝင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
www.MyanmarExpress.net

2 comments:
myanmarexpress သတိသာထားတော့
မကြာခင်hackခံရတော့မှာ ဟားဟား ဟား
ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ
လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ
နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်
ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ
တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ
ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ
တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်
ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်
ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး
၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်
လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။
ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ
၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ
နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ
အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............
.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်