From : mrtv4
www.MyanmarExpress.net
၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်အတွင်း စစ်တမ်း ကောက်ယူ ထားခဲ့တဲ့ မြန်မာနိုင်ငံ ကလေး သူငယ်များ အခြေအနေ သုံးသပ်ချက် အစီရင်ခံစာ အကျဉ်းချုပ် အရ
ပြည်တွင်းမှာ နိုင်ငံ အဆင့် သောက်ရေ စံနှုန်း သတ်မှတ် ထားခြင်း မရှိတဲ့အတွက် သတ်မှတ်ဖို့ လိုအပ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒ ထားရှိဖို့ လိုအပ် တယ်လို့ သိရပါတယ်။ ဒီလို သတ်မှတ် ထားခြင်း သည်သာ နိုင်ငံမှာ ရေကောင်း ရေသန့် ရရှိရေး အတွက် အလွန် အရေးကြီးတာ ဖြစ်ပါတယ်။
ဒီလို သတ်မှတ်ဖို့ လိုအပ်တာ ကတော့ ပြည်တွင်းရဲ့ အချို့ဒေသများ ဖြစ်တဲ့ အထူးသဖြင့် ဧရာဝတီတိုင်း ဒေသကြီးမှာ ရေထဲမှာ အာဆင်းနစ် ပါဝင်မှုများ ရှိနေတဲ့ အတွက် ဖြစ်ပါတယ်။ အိမ်ထောင်များရဲ့ သုံးပုံ တစ်ပုံကသာ သောက်ရေကို အန္တရာယ် ကင်းအောင် သင့်လျော်တဲ့ ရေသန့်စင် ခြင်းနည်းလမ်းကို အသုံးပြု နေကြတဲ့ ဖြစ်ပါတယ်။ စစ်တမ်း ကောက်ယူထားတဲ့ အိမ်ထောင်စုများမှာ ရေသယ်ယူခြင်းနဲ့ သိုလှောင်ခြင်းမှာ သန့်ရှင်းကာ ကျန်းမာခြင်းနဲ့ ညီညွတ်မှု ရှိရမယ် ဆိုတာ တို့ကို သိလေ့ရှိ ပေမယ့်လည်း အသိနဲ့အညီ ဘယ်လို အတိုင်းအတာ အထိ လိုက်နာ ဆောင်ရွက်တယ် ဆိုတာ ကိုတော့ သေချာစွာ မသိရသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဆင်းရဲသူများ၊ ကျေးလက် ဒေသရှိ အိမ်ထောင်စု များနဲ့ အချို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး များမှာ သင့်လျော်မယ့် ရေသန့်ခြင်း နည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း များစွာ မတွေ့ရ သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် ရေကောင်း ရေသန့်များ ရရှိစေဖို့ အတွက် မူဝါဒများ ပြုလုပ်ဖို့ လိုအပ်လျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်