Subscribe to our RSS Feed

မြန်မာ အမျိုးသမီးထု အစဉ် ဂရုပြု (ဆောင်းပါးရှင်-ရွှေတိုင်လွင်)

From : မြဝတီ


ဤကမ္ဘာ လောကကြီးတွင် မွေးဖွား သန့်စင် လာကြသော လူသား တိုင်းသည် မာတာမိခင် တို့မှ ရင်နှစ် သည်းချာ မွေးဖွား သန့်စင် လာကြရ သူများ ဖြစ်လေသည်။ သို့ဖြစ်ရာ မြန်မာ နိုင်ငံရှိ အမျိုးသမီး အများစု တို့သည် တစ်ချိန်သော ကာလဝယ် အနာဂတ် သားကောင်း တို့၏ မိခင်လောင်းများ ဖြစ်လာ ကြမည်မှာ ဧကန် မုချပင် ဖြစ်ကြပါမည်။

သို့ဖြစ်ရာ အမျိုးသမီးငယ် တို့ကလည်း လက်ရှိ မိမိနိုင်ငံနှင့် လူမျိုး ဆင်ယင် ထုံးဖွဲ့မှု တို့ကို မြန်မာမှု အစဉ်အလာ ရှိရှိနှင့် မိခင်ကောင်း ပီသစွာ ကြိုးပမ်း လုပ်ဆောင်ပေး လာကြရမည် ဖြစ်ပေသည်။ တိုင်းတစ် ပါး ယဉ်ကျေးမှုနှင့် ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုတို့ အစား မြန်မာမှု ဓလေ့ ထုံးစံနှင့် ယဉ်ကျေးမှု အနုပညာ တို့တွင်လည်း မြန်မာမှု ဟန်ပန် မပျက် သွန်သင် ကျင့်သုံး ပေးသွား ကြဖို့ လိုအပ် လှပေသည်။

ယနေ့ခေတ် ကာလသည် တိုးတက် ပြောင်းလဲ နေသောခေတ် ကမ္ဘာကို ရင်ပေါင် တန်းနေသော ကာလ ဖြစ်တာပဲ ဆိုပြီး မြန်မာတို့၏ ယဉ်ကျေးမှု အသွင် သဏ္ဌာန် တို့ကို မေ့ပျောက်လို့ မရပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ စာရေးသူ မြို့ထဲမှာ အမျိုးသမီးကြီး အတော် များများပင် တိုင်းတစ်ပါး အဝတ်အစား တို့ကို တိုတိုနံ့နံ့ ကျပ်ကျပ် တည်းတည်း ဝတ်ဆင် နေကြ သည်ကို တွေ့မြင် ရပါသည်။ သူတို့ ကိုယ်တိုင်က မိဘ အရွယ် ဖြစ် ပြီး နောင်လာမည့် မျိုးဆက်သစ် မြန်မာ သမီးငယ် လေးတွေကို ဘယ်လို စံနမူနာပေး သွားမလဲဟု စိတ်မကောင်းဖွယ် ရှုမြင် ခဲ့ရပေသည်။

ဓမ္မပဒထဲမှ ဝိသာခါ ဝတ္ထုကို ထောက်ပြရမည် ဆိုပါလျှင် ဝိသာခါ သတို့သမီး အမျိုးကောင်း သမီးလေးသည် ယဉ်ကျေး သိမ်မွေ့စွာ လမ်းလျှောက် လာရာ ဇရပ် အဆောင်နား မရောက်ခင်  ခပ်လှမ်းလှမ်း တွင်  မိုးများ ရွာသွန်းလေသည်။ အနည်းငယ် သွက်သွက်လေး ပြေး သွား ရင်း မိုးလွတ် နိုင်သော်လည်း သူမသည် ကာယ ဣနြေ္ဒ မပျက် ပုံမှန်ပင် လျှောက်လှမ်း ခဲ့ရပါသည်။ သူ ဤသို့ ဖြည်းဖြည်းမှန်မှန် မပြေး လွှားဘဲ လမ်းလျှောက် လာရခြင်းသည် မိန်းကလေးတို့၏ ရုပ်အမူအရာ မသင့်လျော် သော လှုပ်ရှားမှုတို့ ကိုယ်နှင့် ဆံပင် တို့ ဖြေလျော့၊  ပြေ ကျမည်ကို လူအများ အမြင် မတင့်တယ် သလို ရုပ်ပျက် ဆင်းပျက် ပုံမရောက်အောင် မိန်းကလေး တို့၏ စောင့်စည်း အပ်ရာ သိမ်မွေ့မှု ကို ပြဆို ထားပေသည်။

သို့ဖြစ်ရာ မြန်မာ အမျိုးသမီးထု ဖြစ်သော မျိုးဆက်သစ် သမီးငယ် တို့ သည် အနာဂတ်၏ သားကောင်း မိခင်များ ဖြစ်လာ ကြရမှာ ဖြစ်သလို ကိုယ့်မျိုးဆက် များကိုနည်းမှန် လမ်းမှန် မြန်မာ့ ဇာတိမာန်၊  ဝံသာနု စိတ် ဓာတ် တို့ကို ပုံဖော် ပေးနိုင်ဖို့ လိုပါသည်။ တချို့ အမျိုးသမီးငယ် တို့သည် မောင်နှင့်နှမ၊သမီးနှင့် အဖေကြည့်၍ မတင့်တယ် လောက်သော ဝတ်စား ဆင်ယင်မှု တို့သည် ကိုယ့်လူမျိုးက ဘာလူမျိုးမှန်း မသိ ဖြစ်စေ ခဲ့သည်။

ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများ ဖြစ်သည့် အားလျော်စွာ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် ထုံးတမ်း အစဉ်အလာ တို့ကို အစဉ်သဖြင့် စောင့်ထိန်း သွားကြရန်မှာ အနာ ဂတ်၏ မိခင်ကောင်းများ ဖြစ်ကြသော သမီးငယ်တို့ အထူး ဂရုပြု ကြရပေမည်။ တစ်ခါ က စာရေးသူ ရုံးကို စက်ဘီးဖြင့် သွားစဉ် ဘုံကထိန် အတွက် အမျိုးသမီးငယ် တစ်ဦး အလှူခံ နေ သည်ကို တွေ့ရသည်။ ထိုအမျိုး သမီးမှာ  အသက် ၃ဝ နှင့် ၄ဝ ကြား ရှိမည်ထင်ပါသည်။ အပေါ်က အင်္ကျီမှာ လက်ပြတ်၊ ချိုင်းဟောင်းလောင်း ၊ အောက်က ဘောင်းဘီတို ဟာမျိုးနှင့် အလှူခံ နေသည်ကို တွေ့ရသည်။ ဤသို့ ဘာသာရေး နှင့်ဆိုင်သော အလုပ်တွင်   ယဉ်ကျေး သိမ်မွေ့စွာ  ဝတ်စား ဆင်ယင် အပ်ပါသည်။ လူငယ်များ အတုမယူ သင့်သော လုပ်ပုံပင် ဖြစ်ပါသည်။

အိမ်တစ်အိမ်တွင် အမျိုးသမီး တစ်ဦးသည် အစားအစာ ချက်ပြုတ် လျှင် ကောင်း သော အာဟာရကို ချက်ပြုတ်ပြီးနောက် သား၊သမီးနှင့် ခင်ပွန်းသည် စသည်ဖြင့် အားလုံးကို ကောင်းကောင်း ကျွေးမွေး ပြုစု တတ်သော စိတ်စေတနာ ယဉ်ကျေးမှုများ ရှိစမြဲ ဖြစ်ပေသည်။ အနာဂတ် တွင် သူရဲကောင်း အာဇာနည် ထူးချွန် ထက်မြက်သော ပုဂ္ဂိုလ် ဖြစ် လာမည့် သားကောင်း သားမြတ်တို့ကို မွေးဖွား ပြုစု ပေးသွား ကြရာမှာ လည်း  ဤအမျိုးသမီး ငယ်လေးများပင် ဖြစ်သောကြောင့် သားကောင်း မိခင်လောင်း အမျိုးသမီးတို့ ဘဝ ရှင်သန် တက်ကြွနေဖို့ လိုအပ် လှပေ သည်။

သို့ပါ၍ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီးတို့သည် အထူး အရေးပါသော အ ခန်း ကဏ္ဍပင် ဖြစ်သလို မြင့်မြတ်သော မိခင်လောင်းတို့၏ စိတ် ထား နူညံ့ သိမ်မွေ့သော၊ နှလုံးသား တည်ကြည် ရင့်ကျက်သော အမျိုးသားရေး အမြင်တို့ဖြင့် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတို့၏ ဓလေ့ ထုံး တမ်း ယဉ်ကျေးမှု အမွေအနှစ် သမိုင်းပေး တာဝန်များကို မြန်မာ့ မူဟန်မပျက် စဉ်ဆက်မပြတ် ထိန်းသိမ်း စောင့်ရှောက် ပေးသွားပါလျှင် ယနေ့မြန်မာ အမျိုးသမီးထု ကလေးတို့သည် အနာဂတ်ရဲ့ လမ်းပြကြယ် များ ဖြစ်ကြ ပါပေလိမ့်မည်ဟု ယုံကြည် မိပါတော့သည်။


 Myanmar Express 

4 comments:

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

From : International news for myanmarတကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွားပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။   Myanmar Express 23Share on facebookShare on twitterShare on emailShare on print

8 comments:

တောသားကြီ3း December 2012 17:19အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:20အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:21အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။ReplyA 1(M)3 December 2012 22:33ဒီပညာပေးဆောင်းပါးလေးကိုခုအချိန်ကြမှဖတ်ရလို့ဝမ်းအရမ်းနည်းမိတယ်ဗျာ..ကျွန်တော့်ဘဝအတွက်အရာရာဟာနောက်ကျသွားပေါ့...ဒီလိုဗျကျွန်တော်ကခပ်ငယ်ငယ်၃တန်းကျောင်းသားလောက်တည်းကမိဘတွေကလည်းဆိုဆုံးမမှုမရှိတော့မိမဆုံးမဖမဆုံးမသားသမီးတို့ထုံးစံအတိုင်းစိုးချင်တိုင်းစိုး ပေချင်တိုင်းပေ တေချင်တိုင်းတေနေရာကနေဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်ခဲ့မိတော့တာပါပဲ ခလေးအရွယ်ပေမယ့်လည်းမိုက်ရိုင်းလွန်းတဲ့ကျွန်တော်အိမ်ပေါ်မှာပေါ်ပေါ်ထင်ထင်ဆေးလိပ်သောက်တာကိုအဖေအမေကဘာမှမပြောဘဲလျစ်လျူရှုနေကြပါတယ်သူတို့ကလည်းသူတို့ဘာသာနေ့စဉ်လိုအိမ်ပေါ်မှာဖဲဝိုင်းထောင်ပြီးပျော်ပျော်ပါးပါးဖဲရိုက်နေကြတာပါပဲဗျာ...ရပ်ကွက်ထဲကတခြားအိမ်တွေကလူတွေကလည်းကျွန်တော်တို့မိသားစုကိုအပေါင်းအသင်းမလုပ်ကြဘူးဗျ ကျွန်တော်တို့ကိုတော်တော်အထင်သေးကြပြီး ကျွန်တော်တို့ကြောင့်ရပ်ကွက်မသန့်ဘူးလို့ပြောနေကြတာ...အဲ့တော့အပေါင်းအသင်းမရှိတဲ့ကျွန်တော်ဟာဆေးလိပ်ကိုပဲအဖော်ပြုပြီးစွဲစွဲမြဲမြဲသောက်ခဲ့ရာကကျန်းမာရေးကချို့တဲ့ပြီးရှုနာရှိုက်ကုန်းဖြစ်လာတော့တာပါပဲအဆိုးဆုံးကတော့ဗျာယောင်္ကျားအင်္ဂါဇာတ်အလွန်တိုပြီးလူစဉ်မမှီတဲ့ဘဝကိုရောက်သွားတော့တာပါပဲ..အိမ်မှာဖဲလာရိုက်တဲ့လူကြီးတွေက တစ်ချို့ကကျွန်တော့်ကိုဂွေးတိုလို့ခေါ်ပြီး တစ်ချို့ကတော့ တစ်လက္မခွဲလို့ခေါ်ကြတော့တာပါပဲဗျာ သူတို့ပြောတဲ့အတိုင်းတကယ်လည်းတစ်လက္မခွဲနယ်ကုန်ပါပဲ...ခုတော့ဆေးလိပ်သောက်ခြင်းဆိုးကျိုးကြောင့်ငန်းငန်းတက်အိမ်ထောင်ပြုချင်ပေမယ့်လည်းစိတ်သွားတိုင်းကိုယ်မပါ လူစဉ်မမှီတဲ့ဘဝ အားမတန်လို့မာန်လျော့လိုက်ရပြီပေါ့ဗျာ...မွေးရာပါဖွားတော်ဖက်ကသေးပေါက်ဖို့တစ်ခုပဲအသုံးဝင်ပါတော့တယ်ဗျာ...အနာဂတ်လူငယ်များကျွန်တော့်လိုဘဝမျိုးမရောက်ရအောင်ဆေးလိပ်မသောက်ကြပါနဲ့လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်ဗျာ။ ။ReplyRepliesAnonymous3 December 2012 23:39A 1(M) ခေါ် ဂွေးတို ခေါ် တစ်လက္မခွဲ လေးရေသေးပေါက်ဖို့ပဲအသုံးဝင်တော့လည်းသေးပဲပေါက်တော့ပေါ့ကွယ်...ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားးးးးးးးးးးးးးးး

စိတ်ကြမ်းတမ်းရိုင်းစိုင်းသော
ရဲရဲတောက်များပေတကား
ပြီးရင် အညိုလေးဝတ်ပြဦးမယ်

အဲဒီဓာတ်ပုံထဲကအမျိုးသမီးကထစ်ကထဲဆိုတာနဲ့ရှေ့ ဆုံးကနေလမ်းပေါ်
ရောက်တာဘဲနာမည်ကြီးချင်လို့ဂျာနယ်ထဲပါချင်လို့ရှောက်လုပ်နေတာ
အလုပ်မရှိအကိုင်မရှိတော်တော်အားနေတယ်ထင်တယ်

လမ်းပေါ်တက်ပြပြီး စားနေကျတဲ့အမျိုးယုတ်တွေပါ။ဘာအလုပ်အကိုင်မှမရှိတဲ့ဟာတွေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်