Subscribe to our RSS Feed

နိုင်ငံမှ ထွက်ပြေးရန်ကြိုးစားနေသော မာလီဝန်ကြီးချုပ်အား အာဏာသိမ်း ခေါင်းဆောင်က ဖမ်းဆီး

From : ခေတ်လူငယ်


ပြင်သစ်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေသည့် မာလီဝန်ကြီးချုပ် ချိတ်မိုဒီဘိုဒိုင်ယာရာ အားဖမ်းဆီး လိုက်ပြီ ဖြစ်ကြောင်း တာဝန်ရ
ှိသူများ၏ ပြောကြားချက်ကို ကိုးကားလျက် ဒီဇင်ဘာ ၁၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ရေးသား ဖော်ပြထားသည်။

အဆိုပါ ဝန်ကြီးချုပ်သည် ဒီမိုကရေစီ စနစ်ပြုပြင် ပြောင်းလဲရေး
အပေါ် နိုင်ငံရေး ဆွေးနွေးပွဲ ပျက်ပြားစေရန် ကြိုးစားနေသည်ဟု သံသယရှိကြောင်း စစ်တပ် ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဘီဘီစီသို့ ပြောကြားသည်။ ၄င်းအား မတ်လ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ကြီး အမာဒိုးဆာနိုဂိုက အမိန့်ထုတ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မာလီတပ်ဖွဲ့ဝင်များအား ဦးဆောင်သည့် အာဏာသိမ်း ခေါင်းဆောင်နှင့် အရပ်သား ဝန်ကြီးတို့အကြား တင်းမာမှုသည် လွန်ခဲ့သော
သီတင်းပတ်များက ပို၍ ဆိုးရွားလာခဲ့သည်။ ''သူက နိုင်ငံကို
ဘေးဒုက္ခတွေ ကြုံစေချင်လို့ တိုင်းပြည်က ထွက်ပြေးချင်နေတာပါ '' ဟု အစိုးရတပ်များ ပြောရေးဆိုခွင့်ရှိသူ ဘာကရီမာရီကိုက ပြောကြားသည်။

မာလီဝန်ကြီးချုပ်အား ဖမ်းဆီးလိုက်ကြောင်း သမ္မတ၏ အဖွဲ့ဝင်တစ်ဦး
က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ မာလီစစ်သားများက ဝန်ကြီးချုပ် နေထိုင်ရာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ သူတို့အား ဗိုလ်ကြီး ဆာနိုဂိုက လွှတ်တင်လိုက်ခြင်း ဖြစ်ကြောင်း သတင်းရပ်ကွက် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ မစ္စတာဒိုင်ယာရာသည် ကြားဖြတ် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် သြဂုတ်လက နိုင်ငံပြန်လည် တည်ငြိမ်ရေး ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်။

www.MyanmarExpress.net

 

1 comments:

ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ

လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ

နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်

ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ

တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ

ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ

တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်

ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်

ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး

၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်

လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။

ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ

၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ

နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ

အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............

.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်