Subscribe to our RSS Feed

ရုရှားနှင့် အမေရိကန်တို့ ဆီးရီးယားနိုင်ငံ ဆိုင်ရာ ဆွေးနွေးပွဲများ ပိုမိုပြုလုပ် သွားမည်

From : မြဝတီ


ရုရှားနှင့် အမေရိကန်တို့မှ သံတမန်များသည် ဆီးရီးယားနိုင်ငံ ဆိုင်ရာ ဆွေးနွေးပွဲများ ပိုမိုပြုလုပ်ရေး အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန် Lakhdar Brahimi
နှင့်အတူ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အစည်း အဝေးပြုလုပ်လျက် ရှိကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ရော့ဗ်က ပြောကြားခဲ့ ပါသည်။ ရုရှား နိုင်ငံသည် ဂျီနီဗာမြို့တွင် ပြုလုပ်မည့် ဆွေးနွေးပွဲ များတွင် ပါဝင် ဆောင်ရွက်ရန် သဘောတူ ခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေး ပွဲများတွင် ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ် အာဆတ်အား ရာထူးမှ နုတ်ထွက် ရေးအတွက် တောင်းဆိုမှု ပြုလုပ်မည် မဟုတ်ကြောင်း လက်ရော့ဗ်က ပြောကြား ခဲ့ပါသည်။

ရုရှားနှင့် အမေရိကန် နိုင်ငံတို့သည် ဆီးရီးယား ပဋိ ပက္ခအား ဖြေရှင်းရန် နည်းလမ်းများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း၊ ဆီးရီးယား နိုင်ငံတွင် ၂ဝ၁၁ ခုနှစ် မတ်လက တည်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ စတင်ဖြစ်ပွား ခဲ့ရာ ခန့်မှန်းချေ လူ ၄ဝ,ဝဝဝ ဝန်း ကျင် သေဆုံး ခဲ့ကြောင်း သိရှိ ရပါသည်။ အမေရိကန် နိုင်ငံသည် ဆီးရီးယား အစိုးရအား ပြောင်းလဲရန် ရည်ရွယ်လျက်ရှိပြီး သူပုန် များအပေါ် အားပေး တိုက်တွန်းလျက် ရှိသည်ဟု ရုရှား နိုင်ငံက စွပ်စွဲ ပြောကြားခဲ့စဉ် အရှေ့ အလယ် ပိုင်း ဒေသရှိ ၎င်း၏ အရင်းနှီးဆုံး မဟာမိတ် နိုင်ငံဖြစ်သော ဆီးရီးယား နိုင်ငံအား ကာကွယ် ပေးနေမှု အတွက် ရုရှားနိုင်ငံ အပေါ် အမေရိကန် နိုင်ငံက ပြစ်တင် ဝေဖန်ခဲ့ပါသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်