From : သမ္မတရုံး
Myanmar Express



နေပြည်တော် ဒီဇင်ဘာ ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၌ ချစ်ကြည်ရေးခရီး လည်ပတ်ပြီး
မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ပြန်လည်ထွက်ခွါရန် ဒေသစံတော်ချိန်
ယနေ့မွန်းလွဲ ၂ နာရီတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း
အထူးလေယာဉ်ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နေပြည်တော်သို့ ပြန်လည်
ထွက်ခွာသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော
မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များအား ဘရူနိုင်းဒါရူဆလမ်နိုင်ငံ
စက်မှုနှင့်သဘာဝအရင်းအမြစ်များဆိုင်ရာဝန်ကြီး ဌာန ၀န်ကြီး H.E. Mr. Pehin
Haji Yahyua ၊ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးနှင့်
ကုန်သွယ်ရေးဝန်ကြီးဌာန သံတမန်ရေးရာ အကြီးအကဲ Dato Paduka Haji Mohd Nor ၊
မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး၊ ဘရူနိုင်း
ဒါရူဆလမ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့်
သံရုံးဝန်ထမ်းများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ ပြန်လည်ထွက်ခွါလာကြရာ
ညနေ ၄ နာရီ ခွဲတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြပြီး
နေပြည်တော်လေဆိပ်၌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊
ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးအောင်ကြည်၊
ဦးသိန်းညွန့်၊သူရဦးမြင့်မောင်၊ ဦးမြင့်လှိုင်၊ ဦးဥာဏ်ထွန်းအောင်၊
ဦးအေးမြင့်၊ ဒေါက်တာမြင့်အောင်၊ ဦးအေးမြင့်ကြူ နှင့်
နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ ဌာန
ဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်း
ဒါရူဆလမ်နိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Syamin Nabilah Daud တို့က
ကြိုဆိုနှုတ်ဆက်ကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်