From : မြဝတီ
Myanmar Express
အီရန် နိုင်ငံ၏ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC မှ ရေတပ် ဖွဲ့သည် အီရန် ရေပိုင်နက် ပါရှန် ပင်လယ်ကွေ့ အပေ
ါ်၌
ပျံသန်း နေသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စီးအား ထိန်းချုပ် ဆင်းသက်
စေခဲ့ကြောင်း Sepah News သတင်း ဌာနက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်
ခဲ့ပါသည်။ ပြီးခဲ့သော ရက်များ အတွင်းတွင် ပါရှန် ပင်လယ်ကွေ့ အပေါ်
ပျံသန်းမှုများ ပြုလုပ်၍ ထောက်လှမ်းရေး သတင်းများ စုဆောင်းလျက် ရှိသော
အမေရိကန် မောင်းသူမဲ့ လေယာဉ်သည် IRGC ၏ လေကြောင်းရန် ကာကွယ်ရေးနှင့်
ထိန်းချုပ်ရေး စနစ် များ အတွင်း ထိန်းချုပ်ခံ ခဲ့ရပြီး အီရန် ဝေဟင်ပိုင်နက်
အတွင်းသို့ ဝင်ရောက်ပြီးနောက် မကြာမီ အချိန်တွင် ဖမ်းဆီး ထိန်းသိမ်း
ခံခဲ့ရကြောင်း ၎င်းသတင်း ဌာနက ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါ လေယာဉ်သည် အကြီးစား
စစ်သင်္ဘော များမှ ပျံတက် နိုင်သော Scan Eagle အမျိုးအစား မောင်းသူမဲ့ လေယာဉ်
ဖြစ်ကြောင်း IRGC ၏ ရေတပ် ဖွဲ့တပ်မှူး ရေတပ် ဗိုလ်ချုပ် အလီ ဖဒါဗီက
ပြောကြား ခဲ့ပါသည်။
အလားတူ အီရန် တိုက်လေယာဉ် တစ်စီးသည် ပါရှန် ပင်လယ်ကွေ့ အပေါ်၌ ပျံသန်းနေသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စီးအား ထိပ်တိုက် ရင်ဆိုင်မှု ပြုလုပ်ခဲ့ကြောင်း အီရန် ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဗာ ဟီဒီက နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ပါရှန် ပင်လယ်ကွေ့တွင် ပုံမှန် ကင်းလှည့် နေသော အမေရိကန် မောင်းသူမဲ့ လေယာဉ်အား အီရန် တိုက်လေယာဉ် တစ်စီးမှ တိုက်ခိုက် ခဲ့သော်လည်း ၎င်း၏ ပစ်မှတ်အား လွဲချော် သွားခဲ့ကြောင်းနှင့် မောင်းသူမဲ့ လေယာဉ်သည် ထိခိုက်မှု တစ်စုံတစ်ရာ မရရှိဘဲ အခြေ စိုက် စခန်းသို့ ဘေးကင်း လုံခြုံစွာ ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း အမေရိကန် ကာကွယ် ရေး ဝန်ကြီးဌာန ကလည်း အစောပိုင်းတွင် ပြောကြား ခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ်သည် နိုင်ငံတကာ ရေပိုင်နက် ပါရှန် ပင်လယ်ကွေ့ အပေါ်၌ ပျံသန်းနေသော အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စီး ပထမဆုံး အကြိမ် ပစ်ခတ်တိုက်ခိုက် ခံရမှု ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိများက ပြောကြား ခဲ့ပါသည်။ အမေရိကန် မောင်းသူမဲ့ လေယာဉ်သည် ပါရှန် ပင်လယ်ကွေ့ အပေါ်ရှိ အီရန်နိုင်ငံ၏ ဝေဟင်ပိုင်နက် အတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း အီရန် ကာကွယ်ရေး ဝန်ကြီးက ပြောကြား ခဲ့ပါသည်။
အထက်ပါ ဖြစ်စဉ်သည် ဒေသတွင်း လှုပ်ရှားမှုများ အားလုံးကို အီရန် နိုင်ငံက သတိကြီးစွာ စောင့်ကြည့် လျက်ရှိပြီး အချိန်နှင့် တစ်ပြေးညီ ထိရောက်သော တုံ့ပြန်မှုများ ဆောင်ရွက် သွားမည် ဆိုသည်ကို ဖော် ညွှန်းလျက် ရှိကြောင်း သိရှိ ရပါသည်။

2 comments:
အဂတိလိုက်စားတာကမ္ဘာမှာမြန်မာကတတိယချိပ်တယ်တဲ့။ဒါမှတို့မြန်မာကွ။
Iran can't do shit. http://www.usnews.com/news/articles/2012/12/05/iran-claims-of-downing-us-drone-unlikely-says-expert
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်