၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြောက်ကိုရီးယားက
နှောင့်နှေးမည်ဟု ယူဆထားကြသော တာဝေးပစ်ဒုံးကျည်ပစ်ဒုံးပျံပစ်လွှတ်မှုကို
ထင်မှတ်မထားဘဲ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အံ့အားသင့်
အမျက်ထွက်စေခဲ့သည်။ မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းရှိ
အာကာသလွှတ်တင်စခန်းတစ်ခုမှ ဒုံးပျံကို အောင်မြင်စွာလွှတ်တင်ခဲ့ပြီး ဒုံးပျံက
သယ်ဆောင်လာ သော ဂြိုဟ်တုသည် ရည်ရွယ်ထားသည့် အတိုင်း ကမ္ဘာပတ်လမ်းအတွင်း
ရောက်ရှိခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက
ထုတ်ပြန်ကြေညာခဲ့သည်။ပြီးခဲ့သည့် ဧပြီလအတွင်းက မအောင်မမြင်ဖြစ်ခဲ့ပြီး
နောက် ယခုတစ်ကြိမ်ထပ်မံကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဒုံးပျံသည် ဂျပန်နိုင်ငံတောင်ပိုင်း
အိုကီနာဝါကျွန်းကို ကျော်ကာ ပျံသန်းသွားကြောင်း အိမ်နီးချင်းနိုင်ငံများက
အတည်ပြုခဲ့ပြီး လွှတ်တင်မှုအောင်မြင်ခြင်း ရှိမရှိကိုမူ
အတည်မပြုသေးပေ။မြောက်ကိုရီးယား၏ ၂၀၀၉ ခုနှစ်က လွှတ်တင်မှုတွင်မူ
ပစိဖိတ်သမုဒ္ဒရာအတွင်း ပျက်ကျကာ မအောင်မမြင်ဖြစ်ခဲ့ရသော်လည်း
မြောက်ကိုရီးယားက အောင်မြင်သည်ဟု ကြေညာခဲ့ဖူးသည်။ယခုတစ်ကြိမ်တွင်မူ
အောင်မြင်သည်ဟု ယူဆရဖွယ်အထောက်အထားများရှိနေပြီး မကြာမီအခြားနိုင်ငံများက
အတည်ပြုနိုင်ဖွယ်ရှိနေသည်။ဒုံးပျံသည် သတ်မှတ်လမ်းကြောင်း အတိုင်း
ပျံသန်းသွားနိုင်ခဲ့ပြီး ဆက်လက်လေ့လာနေဆဲဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက
ပြောကြားခဲ့သည် ဟု စီအင်န်အင်န်သတင်းဌာနကဖော်ပြသည်။ရော့ကတ်၏ ပထမအပိုင်းသည်
ကိုရီးယား ကျွန်း ဆွယ်အလွန်ပင်လယ်ပြင်အတွင်း ကျခဲ့ပြီး ဒုတိယအပိုင်းသည်
အရှေ့တရုတ်ပင်လယ်အတွင်းကျခဲ့ကာ တတိယအပိုင်းသည်
ဖိလစ်ပိုင်ရေပိုင်နက်အနီးကျခဲ့ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ခဲ့သည်။ ယင်း
မှာ မအောင်မြင်ဟု ဆိုလိုခြင်းမျိုးမဟုတ်ဘဲ လွှတ်တင်မှုအဆင့်အလိုက်
အောက်အဆင့်များကို ဖြုတ်ချသွားသည့် သဘောဖြစ်သည်။
ယခုပစ်လွှတ်မှုသည် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်ရေးအတွက် တစ်ဖက်လှည့်ဖြင့် စမ်းသပ်မှုဟု အမေရိကန်နှင့် တောင်ကိုရီးယား အပါအ၀င် နိုင်ငံအများအပြားက ယူဆထားသည်။နျူလက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားကမူ သူ၏ ရည်ရွယ်ချက်သည် သိပ္ပံသုတေသန ဂြိုဟ်တုတစ်လုံးကို အာကာသတွင်း ပို့ဆောင်ရေးသာဖြစ်သည် ဟု ထုတ်ပြန်ထားသည်။
တောင်ကိုရီးယားသမ္မတလီမြောင်ဘတ်သည် ဆိုးလ်တွင် အရေးပေါ်လုံခြုံရေးအစည်းအဝေးကျင်းပနေကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ်က ဖော်ပြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြောက်ကိုရီးယားက ဒုံးပျံပစ်လွှတ်ရေးတွင် အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာရှိသောကြောင့် ဒီဇင်ဘာလ နှောင်းပိုင်းအထိ လွှတ်တင်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းထားသည်ဟု ကြေညာထားခဲ့ရာ ယခုကဲ့သို့လွှတ်တင်လိုက်မှုသည် အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရသည်။
၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် မြောက်ကိုရီးယား၏ အာကာသတွင်း သို့ ဂြိုဟ်တုလွှတ်တင်ရေးအတွက် ဒုံးပျံပစ်လွှတ်မှုများမှာမအောင်မြင်ခဲ့ဘဲ အရှက်ရဖွယ်ဖြစ်ခဲ့ရသလို နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ဝေဖန်မှုနှင့်လည်းကြုံတွေ့ခဲ့ရသည်။ လက်ရှိမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ဖခင် ကွယ်လွန်သူ ကင်ဂျုံအွန်သည် ယမန်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ကွယ်လွန်ခဲ့ရာ ကင် ဂျုံ အီနှစ်ပတ်လည် ကာလအတွင်း ဒုံပျံလွှတ်တင်ရန် ပြုံယမ်းက ဆန္ဒရှိနေခဲ့သည်ဟု လေ့လာသူတို့က သုံးသပ်ခဲ့သည်။ယင်းအပြင် ၂၀၁၂ ခုနှစ်သည် မြောက်ကိုရီးယား နိုင်ငံတည်ထောင်သူ ကင်အီဆွန်း၏ နှစ် ၁၀၀ ပြည့် လည်း ဖြစ်ရာ ယခုနှစ် မကုန်မီ ဒုံးပျံလွှတ်တင်မှုအောင်မြင်ရေး မြေးဖြစ်သူ ကင်ဂျုံအွန်က ဆန္ဒရှိနေခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ရီပတ်ဘလီကန်ပါတီမှ အီလီယာနာ ရော့စ် လီတီနန်က မြောက်ကိုရီးယား၏ ယခုလွှတ်တင်မှုသည် နျူထိပ်ဖူးတပ်ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေးရည်မှန်း ချက်သို့နီးကပ်လာပြီဖြစ်ခြင်းကို ရှင်းရှင်းလင်းလင်းပြသလိုက် ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အိုဘားမား၏ စေ့စပ်ညှိ နှိုင်းသည့်မူဝါဒသည် မြောက်ကိုရီးယား၏ တင်းမာမှုကို ကိုင်တွယ်ရန် အလုပ်မဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
www.MyanmarExpress.netယခုပစ်လွှတ်မှုသည် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်နိုင်ရေးအတွက် တစ်ဖက်လှည့်ဖြင့် စမ်းသပ်မှုဟု အမေရိကန်နှင့် တောင်ကိုရီးယား အပါအ၀င် နိုင်ငံအများအပြားက ယူဆထားသည်။နျူလက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားကမူ သူ၏ ရည်ရွယ်ချက်သည် သိပ္ပံသုတေသန ဂြိုဟ်တုတစ်လုံးကို အာကာသတွင်း ပို့ဆောင်ရေးသာဖြစ်သည် ဟု ထုတ်ပြန်ထားသည်။
တောင်ကိုရီးယားသမ္မတလီမြောင်ဘတ်သည် ဆိုးလ်တွင် အရေးပေါ်လုံခြုံရေးအစည်းအဝေးကျင်းပနေကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ်က ဖော်ပြသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြောက်ကိုရီးယားက ဒုံးပျံပစ်လွှတ်ရေးတွင် အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာရှိသောကြောင့် ဒီဇင်ဘာလ နှောင်းပိုင်းအထိ လွှတ်တင်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းထားသည်ဟု ကြေညာထားခဲ့ရာ ယခုကဲ့သို့လွှတ်တင်လိုက်မှုသည် အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရသည်။
၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် မြောက်ကိုရီးယား၏ အာကာသတွင်း သို့ ဂြိုဟ်တုလွှတ်တင်ရေးအတွက် ဒုံးပျံပစ်လွှတ်မှုများမှာမအောင်မြင်ခဲ့ဘဲ အရှက်ရဖွယ်ဖြစ်ခဲ့ရသလို နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ဝေဖန်မှုနှင့်လည်းကြုံတွေ့ခဲ့ရသည်။ လက်ရှိမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ဖခင် ကွယ်လွန်သူ ကင်ဂျုံအွန်သည် ယမန်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ကွယ်လွန်ခဲ့ရာ ကင် ဂျုံ အီနှစ်ပတ်လည် ကာလအတွင်း ဒုံပျံလွှတ်တင်ရန် ပြုံယမ်းက ဆန္ဒရှိနေခဲ့သည်ဟု လေ့လာသူတို့က သုံးသပ်ခဲ့သည်။ယင်းအပြင် ၂၀၁၂ ခုနှစ်သည် မြောက်ကိုရီးယား နိုင်ငံတည်ထောင်သူ ကင်အီဆွန်း၏ နှစ် ၁၀၀ ပြည့် လည်း ဖြစ်ရာ ယခုနှစ် မကုန်မီ ဒုံးပျံလွှတ်တင်မှုအောင်မြင်ရေး မြေးဖြစ်သူ ကင်ဂျုံအွန်က ဆန္ဒရှိနေခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ရီပတ်ဘလီကန်ပါတီမှ အီလီယာနာ ရော့စ် လီတီနန်က မြောက်ကိုရီးယား၏ ယခုလွှတ်တင်မှုသည် နျူထိပ်ဖူးတပ်ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေးရည်မှန်း ချက်သို့နီးကပ်လာပြီဖြစ်ခြင်းကို ရှင်းရှင်းလင်းလင်းပြသလိုက် ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အိုဘားမား၏ စေ့စပ်ညှိ နှိုင်းသည့်မူဝါဒသည် မြောက်ကိုရီးယား၏ တင်းမာမှုကို ကိုင်တွယ်ရန် အလုပ်မဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
7 comments:
ကောင်းတယ် အောင်မြင်ပါစေ။သူတို့ စနစ် ကို မကြိုက်ပေမယ့် လိုအပ် နေသေးတယ်။ဒါမှ နိုင်ငံ ကြီးတွေ လူပါးမ၀ ရဲမှာ။
တကမ္ဘာလုံး လှည့်ကွက်မိသွားတာပါ။
မြောက်ကြီးကို မလုပ်ဖို့ အကုန်လုံး ဝိုင်းအာနေကြတယ်။ သူကလည်း ဒီ-၂၉ အထိ ရွှေ့လိုက်ပြီလို့ ပြန်ပြောတယ်။ အားလုံးက လျှောချသွားပြီထင်ပြီး စိတ်အေးနေကြတုန်း အငိုက်ဖမ်းပြီး ဆော်ထည့်လိုက်တာပါ။
မြောက်ကြီးကတော့ မျောက်ကြီးပါပဲ။
...
Do you think western countries will afraid of this? No way. NK ppl are still starving. Is that a way to run the country dickhead?
that the monkey is your father,right?
ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ
လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ
နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်
ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ
တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ
ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ
တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်
ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်
ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး
၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်
လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။
ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ
၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ
နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ
အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............
.
Oh.. Myanmar Express homo dudes no only like the Chinese dote, they also like north Oppa dote!!! lols well, you retards, The US possessed the Nuke long before North Koreans knew how to use a telephone. NK will never dare to pick a fight with the US because they know US will crush them like a bunch of pussies if they do. This is only a showoff. US doesn't even give a shit about it. Come to New York and see for yourself. we're having a party!. lols
Obama should spank Junior Kim's ass really hard. The kid is trying to show the world he's got a dick. Well, a little small dick, that is. MEG homos love it.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်