From :ခေတ်လူငယ်
အဆိုပါ Intel သည် ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရားဝင် ၀င်ရောက်လာခြင်းဖြစ်ပြီး ၄င်း၏ထုတ်ကုန်များဖြစ်သည့် CPU, Mother board, Solid-state Drive (SSD) စသည့်ပစ္စည်းများအား စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း သိရှိရသည်။ ''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးအားရမိပါတယ်။ ပြီးတော့ အမျိုးသား ကြီးပွားတိုးတက်ရေးအတွက် ကျွန်တော်တို့ ရောက်လာတာဟာ အချိန်မှန်ပဲလို့ ထင်မြင်ယူဆမိပါတယ်'' ဟု အရှေ့တောင်အာရှ အင်တဲလ် စီးပွားရေး လုပ်ငန်းများ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr Uday Marty က ပြောကြားခဲ့သည်။ ၄င်းက ''မြန်မာနိုင်ငံရဲ့ အကျိုးတူ မိတ်ဖက်ဖြစ်ဖို့အတွက် မျှော်လင့်ပါတယ်။ အများနဲ့မတူ ခြားနားတဲ့ဟာကတော့ အင်တဲလ်အနေနဲ့ နည်းပညာပိုင်း ဆိုင်ရာမှာရော၊ ပညာရေးပိုင်း ဆိုင်ရာမှာရော ထောက်ပံ့ပေးသွားမှာပါ'' ဟု ပြောကြားခဲ့သည်။ ထိုသို့ အကူအညီပေးရာတွင် မြန်မာအစိုးရနှင့် ပညာရေးပိုင်းများနှင့် ဒီဂျစ်တယ် သင်ကြားမှုပိုင်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းခွင်များတွင် အမှန်တကယ် အသုံးချနိုင်အောင်အထိ ကူညီသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Intel မှ စာသင်ခန်းများတွင် နည်းပညာများနှင့် သက်ဆိုင်သည့် သင်ကြားမှုပုံစံ တိုးတက်စေရန် Intel Tech Program အား အသုံးပြု၍ ကမ္ဘာပေါ်ရှိ ဆရာ၊ ဆရာမပေါင်း ၁၀ သန်းကျော်အား လေ့ကျင့်သင်ကြားပေးခဲ့ပြီး ၄င်းဆရာ၊ ဆရာမများထဲမှ ၂ ဒသမ ၆ သန်းကျော်မှာ အာရှပစိဖိတ် ဒေသများမှဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၁၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သည့် Intel Easy Steps Program (ကွန်ပျူတာ အတွေ့အကြုံ မရှိသူများအား ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်ကြားမှု အစီအစဉ်) ဖြင့်လည်း နိုင်ငံပေါင်း ၂၀ ကျော်ရှိ လူပေါင်းခုနစ်သိန်းကျော်၏ အသက်မွေးဝမ်းကြောင်း ပညာရပ်များအား အဆင့်မြှင့်တင် ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။ '' မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လုပ်ဆောင်သွားမှာတွေက ပထမအဆင့်အနေနဲ့ ဆရာ၊ ဆရာမတွေကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို သင်ကြားပေးမယ်။ အခြားနိုင်ငံတွေမှာ ကူညီခဲ့သလိုမျိုးပဲ ကူညီသွားမှာပါ။ လုပ်ငန်းခွင်တွေမှာ တကယ်အသုံးချနိုင်အောင် ကူညီသွားမှာပါ''ဟု Mr Uday Marty ကပင် ထပ်မံ ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
www.MyanmarExpress.net

1 comments:
ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ
လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ
နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်
ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ
တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ
ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ
တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်
ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်
ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး
၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်
လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။
ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ
၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ
နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ
အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............
.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်