Subscribe to our RSS Feed

KIA မှ ကိုယ်စားလှယ်များ နှုတ်ထွက်ခွင့်တင်မှုအား ဗဟိုမှ ပယ်ချ

 KIA က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေ နှုတ်ထွက်ခွင့်တင်တာ
ဗဟိုကလက်မခံပေမဲ့ အဖွဲ့  ၀င်တွေက မျှတမှုမရှိတဲ့
တစ်ဖက်သတ်တောင်းဆိုချက်တွေကိုသာ မီဒီယာအများရှေ့မှာ တောင်းဆိုခဲ့ရပြီး
ကချင်လူထုအတွက်အကျိုးမရှိမဲ့ ဆွေးနွေးပွဲမျိုးကို
နောက်တစ်ခါမသွားနိုင်ဘူးလို့ ငြင်းဆိုနေတဲ့အတွက်ကြောင့်
လိုင်ဇာမှာဆွေးနွေးပွဲတွေအကြိမ်ကြိမ်လုပ်ပြီးညှိနှိုင်းနေကြကြောင်း၊
ဒါကြောင့် ဦးအောင်မင်းဦးစီးတဲ့
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးပွဲကို
ရက်မသတ်မှတ်နိုင်သေးကြောင်း လိုင်ဇာကKIA အရာရှိတစ်ဥိးကပြောကြားခဲ့ပါတယ်။
နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နိုင်ငံတကာမီဒီယာရှေ့မှာ KIA
ကိုယ်စားလှယ်တွေအနေနဲ့ အရှက်ကွဲခဲ့ရတဲ့အတွက် လူကြီးတွေကြားမှာ
မကျေလည်မှုတွေရှိနေကြကြောင်း၊ အဲဒီဆွေးနွေးပွဲကို မူလက ဒုစစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွမ်မော် လာဖို့ရှိပေမဲ့ ဦးစီးချုပ်ဗိုလ်ချုပ်ဂမ်ရှောင်က
တားမြစ်လိုက်တဲ့ အတွက်ကြောင့် လမ်းခရီးကနေပြန်လှည့်သွားခဲ့ရကြောင်း၊
ဒါနဲ့ပတ်သက်ပြီး ဂွမ်းမော်အနေနဲ့ ကျေနပ်မှုမရှိကြောင်း
သူကဆက်ပြောခဲ့ပါတယ်။ စစ်ပွဲတွေကြာရှည်လာတာနဲ့အမျှ
ပိုပိုပြီးနိမ့်ပါးလာတဲ့ ကချင်လူထုရဲ့လူနေမှုဘ၀ကိုမြင်တွေ့နေရတဲ့ KIO/KIA
တပ်ဖွဲ့ဝင်တစ်ချို့ကငြိမ်းချမ်းရေးကို အမြတ်ရယူချင်နေပေမဲ့
သေနတ်နဲ့ငွေရှာခွင့်ရနေတဲ့KIA တပ်ဖွဲ့ဝင်တစ်ချို့နဲ့ စစ်သွေးကြွ
ခေါင်းဆောင်တစ်ချို့ကြောင့် တိုက်ပွဲတွေဆက်ဖြစ်ပွားနေရကြောင်း၊
စစ်တပ်ဖက်မှာ တပ်သားတစ်ဦးကို အနည်းဆုံးလစာငွေ ၇၅၀၀၀ိ ရပြီး ရိကာနဲ့
အခြားခံစားခွင့်တွေပါရရှိနေပေမဲ့ KIA က လစာငွေ ၁၀၀၀၀ိ တောင် ပုံမှန်မရဘဲ
သေအကျေတိုက်ပွဲဝင်နေရတဲ့အပေါ် အောက်ခြေတပ်သားအများစုက
အလွန်အမင်းစိတ်ပျက်လျက်ရှိကြောင်း၊ ဒီအတိုင်းဆက်သွားနေရင် မကြာခင် KIA
တပ်ဖွဲ့တွင်းမှာ အကြီးအကျယ်တော်လှန်မှုတွေ ဖြစ်လာနိုင်ကြောင်း
၎င်းကဆက်လက်သုံးသပ်ပြသွားခဲ့ပါတယ်။
 

 
 

2 comments:

Fight and crush all KIA bloody hell terrorist group.They are enemy of the State .And then they are just like the rubbish of Myanmar.So we need to clean them urgently as fast as we can.They are real and common enemy of every Myanmar citizen

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်