From: ပလေတို ဒီမို
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစ္စမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ ကိုရဲရင့်အောင်က ပြောသည်။
၎င်းတို့  လူငယ်များအနေဖြင့် သမ္မတကြီးဦးသိန်းစိန်၊ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆ န်းစုကြည်၊
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့  စသည်အားဖြင့် နိုင်ငံတစ်ဝှမ်း
တည်ငြိမ်အေး ချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးကို
အားထုတ်ကြိုးပမ်းနေချိန်တွင် KIA အဖွဲ့ ၏ လုပ်ဆောင်ချက်များမှာ
နိုင်ငံတည်ဆောက်ရေးထက် နိုင်ငံနှောင့်နှေးရေးကို ရှေ့ ရှုနေသည်ကို တွေ့ 
ရှိရကြောင်း၊ ယခု သက်ဆိုင်ရာသို့  တင်ပြထားသည့် ဆန္ဒပြခွင့်တွင်
ကချင်လူငယ်များ အများအပြား ပါဝင်ကြောင်း၊ ကချင်ပြည်နယ်ကောင်းစားရေးအတွက်
အမည်ခံထားသော်လည်း ကချင်ပြည်နယ်ပြည်သူများ ဒုက္ခရောက်စေရန်သာ ဖန်တီးနေခြင်း
ဖြစ်ကြောင်း ကိုရဲရင့်အောင်က ပြောသည်။
၂၀၁၁ ခု၊ ဇွန်လမှ ၂၀၁၂ ခု၊ စက်တင်ဘာလအထိ KIA သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် အရပ်ဖက်မှ တံတားများ မိုင်းခွဲခံခဲ့ရသည်မှာ ၃၁၂ ကြိမ်ခန့်  ရှိပြီ ဖြစ်ကြောင်း၊ အလားတူ အရပ်သား ပြည်သူများ သေဆုံးမှု၊ ဖမ်းဆီးခံရမှုတို့ မှာ ၃၉၇ ကြိမ်အထိ ရှိနေပြီ ဖြစ်ကြောင်း၊ အရပ်သား သေဆုံးသူဦးရေ ၉၅ ဦး၊ ဒဏ်ရာရရှိသူ ၁၇၄၈ ဦး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၅ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း၊ မိမိတို့  စာရင်းတွင် မပါရှိသေးသည့် အခြားထိခိုက်ဆုံးရှုံးမှုများလည်း
ရှိနိုင်ကြောင်း၊ ဆန္ဒပြရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို တမင်
သက်သက်နှောင့်နှေးကြန့် ကြာစေရန် အချိန်ဆွဲ ခေါင်းဆောင်နေသော KIA-KIO
ခေါင်းဆောင်များအနေဖြင့် အမြန်ဆုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ 
ဦးတည်လာစေရန် ဖြစ်ကြောင်း အခြား ကချင်လူငယ်တစ်ဦးက ပြောသည်။
ဆန္ဒပြရုံသက်သက်ဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ
ဖြစ်လာနိုင်မည် မဟုတ် ဟူသည်ကို မိမိတို့  သိရှိပါကြောင်း၊ အဓိက
လိုလားချက်မှာ မိမိတို့ ပြည်သူများ၏ သဘောထားကို သမ္မတ ကြီးဦးသိန်းစိန်၊
ငြိမ်းချမ်းရေးတာဝန်ခံ ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်ေ သာ လွှတ်တော် အမတ်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊
မြန်မာစစ်တပ်နှင့် KIA တို့  အားလုံး သိရှိစေရန် ဖြစ်ကြောင်း ၊
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရေး၊ KIA ၏
အကြမ်းဖက်လုပ်ရပ်များ ရပ်ဆိုင်းရေး၊ တရားဥပဒေကို KIA တပ်များနှင့် မြန်မာ
စစ်တပ်တို့  (၂)ဖက်စလုံး လိုက်နာရေးတို့ ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း
ကိုရဲရင့်အောင်က ပြောသည်။
လောလောဆယ်ကာလတွင် ငြိမ်းချမ်းရေးဆန္ဒပြမှုများကို မိမိတို့  လူငယ်များ သက်သက် သာ ဆောင် ရွက်မည် ဖြစ်ကြောင်း၊ ရဟန်းသံဃာများ ပူးပေါင်းပါဝင်မည့် ဖိတ်ခေါ်ချက်များ ရရှိခဲ့သော်လည်း မိမိတို့  လက်မခံခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်းအခြေအနေမှာ သံဃာများ နိုင်ငံရေးနှင့် ဆက်စပ်နေရန် မသင့်သောကြောင့် ဖြစ်ကြောင်း၊ ယခုဆန္ဒပြမည့် အဖွဲ့ ဝင် များတွင် ခရစ်ယာန်ဘာသာဝင် အများစု ပါဝင်ကြောင်း၊ ခရစ္စမတ်နေ့ ကို ရွေးချယ် ဆန္ဒပြရခြင်းမှာ KIA-KIO ခေါင်းဆောင်များ အကြီးအကျယ် ပျှော်ပွဲရွှင်ပွဲ ဆင်နွှဲနေချိန်တွင် သေဆုံးခဲ့ရသူ၊ ဒဏ်ရာ ရရှိခဲ့သူ၊ အတိဒုက္ခရောက်နေရသူ အပြစ်မဲ့ ပြည်သူများ၏ ဘ၀ကို စာနာနားလည်နိုင်စေရန်အတွက် ဖြစ်ကြောင်း၊ ၄င်းတို့  ပျှော်ရွှင်နေသည့် အချိန်တွင် မိမိတို့  လူငယ်များ မည်သို့  ဆန္ဒထုတ်ဖော်နေသည်ကို သိရှိစေရန်အတွက်လည်း ဖြစ်ကြောင်း ဆန္ဒပြမည့် အစေခံလူငယ်များကွန်ယက်မှ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။
ယခု ဆန္ဒပြမှုများကြောင့် ငြိမ်းချမ်းရေး မရရှိနိုင်သော်လည်း ပြည်သူများ၏ သဘောထားကို ထုတ်ဖော်နိုင်ရန် ဖြစ်ကြောင်း၊ ဆန္ဒပြမှုများကို အကြိမ်ကြိမ် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ထိုသို့  ဆန္ဒထုတ်ဖော် တောင်းဆိုနေသည့် ကြားမှ KIA ၏ လုပ်ဆောင်ချက်များ ရပ်တန့် ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လွှတ်တော် အမတ်များထံ ဆက်လက်တောင်းဆို သွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA သောင်းကျန်းသူများကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းပေးရန် တောင်းဆိုမှု ပြုလုပ်ရန်အထိ ရည်မှန်းထားကြောင်း၊ ပြည်သူလူထု တစ်ရပ် လုံး၏ ထောက်ခံမှု၊ လွှတ်တော်များ၏ ထောက်ခံမှုဖြင့် KIA ကို တိုက်ခိုက်နိုင်စေရန်အထိ ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ကိုရဲရင့်ကျော်က ပြောသည်။
မိမိတို့ သည် အစိုးရနှင့်ရော မြန်မာစစ်တပ်နှင့်ပါ အဆက်အစပ် မရှိကြောင်း၊ ငြိမ်းချမ်းရေး မြတ်နိုးသော ကချင်လူငယ်များ အဓိက ဦးဆောင်ပါဝင်ပြီး မည်သည့်နိုင်ငံရေးပါတီနှင့်မှလည်း အဆက်အသွယ် မရှိကြောင်း ၄င်းက ပြောကြားသည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network)သည် မြန်မာနိုင်ငံတစ်ဝှမ်း ဒီမိုကရေစီထွန်းကားရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊
ဖွံ့ ဖြိုးတိုးတက်ရေး စသည့် ရည်ရွယ်ချက် (၃) ခုဖြင့် ဖွဲ့စည်းထားသော
လူငယ်လှုပ်ရှားမှု ကွန်ရက်တစ်ခု ဖြစ်ပြီး ယခုအခါ နိုင်ငံတစ်ဝှမ်း ကွန်ရက်အဖွဲ
့ဝင် (၃၀၀၀)ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ကွန်ရက်၏ အမှတ်တံဆိပ်
မှာ မြန်မာနိုင်ငံမြေပုံပေါ်တွင် ငြိမ်းချမ်းရေးချိုးငှက် သံလွင်ခက်
ချီလာသည့် ရုပ်ပုံ ဖြစ်ပြီး ခရစ္စမတ်နေ့ တွင် ယင်းဝတ်စုံများဖြင့်
ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။
.............................. .............................. ..............
ကျွန်တော့် အမြင်ပြောရရင် ကချင်ဒေသက ပြည်သူများဟာလည်း
ခုချိန်မှာဆို ကျီးစာလန့်လန့် ဖြစ်နေမယ်လို့ ကျွန်တော်ထင်ပါတယ်
တပ်မတော် ပိုင်းအနေနဲ့ပြောရရင်လည်း အသက်ဆုံးရှုံးသွားတဲ့
စစ်သည်များ အတွက်ကျွန်တော် သူတို့ မိသားစုများနဲ့ ထပ်တူ ထပ်မျှ
စိတ်ထဲမှာ ၀မ်းနည်းမိပါတယ်......
ကေအိုင်အေ အနေနဲ့ပြောရရင်တော့ သူတို့ဟာ ကချင်ပြည်နယ်
လွှတ်မြောက်ရေး ကချင်ပြည်နယ် ကောင်းစားရေးလို့ သူတို့ပြောပါတယ်
ဒါပေမဲ့ တစ်ကယ်တမ်းဖြစ်နေတာက ဆတ်ကြေးကောက်တယ်
လူသစ်ကို အတင်းအဓမ္မ စုတယ်.....ဒါတွေက ကချင်ပြည်နယ် ကောင်းစားဖို့အတွက်တဲ့လားဗျာ
ကျွန်တော် ပြောနေတာတွေက
တစ်ဖတ်သတ်ပြောနေတာ မဟုတ်ပါဘူး ကိုယ်တိုင် ခံစား ရတဲ့ လူငယ်
တစ်ယောက်ကိုယ်တိုင်က ပြောပြတာပါ....ခုချိန်မှာ ကျွန်တော် ဖြစ်စေချင်တာကတော့ အင်တာနက်ပေါ်မှာ မဟုတ်ပဲ
စစ်ပွဲတွေ ငြိမ်းချမ်းဖို့ အတွက် ကိုယ်တက်နိုင်တဲ့ ဖက်ကနေ ကူညီ
အကြံဥာဏ်များ ပေးစေလို့ပါတယ်.....အချင်း ချင်းဆဲဆိုနေတာတွေကို
ကျွန်တော် မလိုလားပါဘူးခင်ဗျာ......
www.MyanmarExpress.net
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစ္စမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ ကိုရဲရင့်အောင်က ပြောသည်။
၎င်းတို့  လူငယ်များအနေဖြင့် သမ္မတကြီးဦးသိန်းစိန်၊ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆ
၂၀၁၁ ခု၊ ဇွန်လမှ ၂၀၁၂ ခု၊ စက်တင်ဘာလအထိ KIA သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် အရပ်ဖက်မှ တံတားများ မိုင်းခွဲခံခဲ့ရသည်မှာ ၃၁၂ ကြိမ်ခန့်  ရှိပြီ ဖြစ်ကြောင်း၊ အလားတူ အရပ်သား ပြည်သူများ သေဆုံးမှု၊ ဖမ်းဆီးခံရမှုတို့ မှာ ၃၉၇ ကြိမ်အထိ ရှိနေပြီ ဖြစ်ကြောင်း၊ အရပ်သား သေဆုံးသူဦးရေ ၉၅ ဦး၊ ဒဏ်ရာရရှိသူ ၁၇၄၈ ဦး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၅ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း၊ မိမိတို့  စာရင်းတွင် မပါရှိသေးသည့် အခြားထိခိုက်ဆုံးရှုံးမှုများလည်း
ဆန္ဒပြရုံသက်သက်ဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ
လောလောဆယ်ကာလတွင် ငြိမ်းချမ်းရေးဆန္ဒပြမှုများကို မိမိတို့  လူငယ်များ သက်သက် သာ ဆောင် ရွက်မည် ဖြစ်ကြောင်း၊ ရဟန်းသံဃာများ ပူးပေါင်းပါဝင်မည့် ဖိတ်ခေါ်ချက်များ ရရှိခဲ့သော်လည်း မိမိတို့  လက်မခံခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်းအခြေအနေမှာ သံဃာများ နိုင်ငံရေးနှင့် ဆက်စပ်နေရန် မသင့်သောကြောင့် ဖြစ်ကြောင်း၊ ယခုဆန္ဒပြမည့် အဖွဲ့ ဝင် များတွင် ခရစ်ယာန်ဘာသာဝင် အများစု ပါဝင်ကြောင်း၊ ခရစ္စမတ်နေ့ ကို ရွေးချယ် ဆန္ဒပြရခြင်းမှာ KIA-KIO ခေါင်းဆောင်များ အကြီးအကျယ် ပျှော်ပွဲရွှင်ပွဲ ဆင်နွှဲနေချိန်တွင် သေဆုံးခဲ့ရသူ၊ ဒဏ်ရာ ရရှိခဲ့သူ၊ အတိဒုက္ခရောက်နေရသူ အပြစ်မဲ့ ပြည်သူများ၏ ဘ၀ကို စာနာနားလည်နိုင်စေရန်အတွက် ဖြစ်ကြောင်း၊ ၄င်းတို့  ပျှော်ရွှင်နေသည့် အချိန်တွင် မိမိတို့  လူငယ်များ မည်သို့  ဆန္ဒထုတ်ဖော်နေသည်ကို သိရှိစေရန်အတွက်လည်း ဖြစ်ကြောင်း ဆန္ဒပြမည့် အစေခံလူငယ်များကွန်ယက်မှ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။
ယခု ဆန္ဒပြမှုများကြောင့် ငြိမ်းချမ်းရေး မရရှိနိုင်သော်လည်း ပြည်သူများ၏ သဘောထားကို ထုတ်ဖော်နိုင်ရန် ဖြစ်ကြောင်း၊ ဆန္ဒပြမှုများကို အကြိမ်ကြိမ် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ထိုသို့  ဆန္ဒထုတ်ဖော် တောင်းဆိုနေသည့် ကြားမှ KIA ၏ လုပ်ဆောင်ချက်များ ရပ်တန့် ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လွှတ်တော် အမတ်များထံ ဆက်လက်တောင်းဆို သွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA သောင်းကျန်းသူများကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းပေးရန် တောင်းဆိုမှု ပြုလုပ်ရန်အထိ ရည်မှန်းထားကြောင်း၊ ပြည်သူလူထု တစ်ရပ် လုံး၏ ထောက်ခံမှု၊ လွှတ်တော်များ၏ ထောက်ခံမှုဖြင့် KIA ကို တိုက်ခိုက်နိုင်စေရန်အထိ ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ကိုရဲရင့်ကျော်က ပြောသည်။
မိမိတို့ သည် အစိုးရနှင့်ရော မြန်မာစစ်တပ်နှင့်ပါ အဆက်အစပ် မရှိကြောင်း၊ ငြိမ်းချမ်းရေး မြတ်နိုးသော ကချင်လူငယ်များ အဓိက ဦးဆောင်ပါဝင်ပြီး မည်သည့်နိုင်ငံရေးပါတီနှင့်မှလည
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network)သည် မြန်မာနိုင်ငံတစ်ဝှမ်း ဒီမိုကရေစီထွန်းကားရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊
..............................
ကျွန်တော့် အမြင်ပြောရရင် ကချင်ဒေသက ပြည်သူများဟာလည်း
ခုချိန်မှာဆို ကျီးစာလန့်လန့် ဖြစ်နေမယ်လို့ ကျွန်တော်ထင်ပါတယ်
တပ်မတော် ပိုင်းအနေနဲ့ပြောရရင်လည်း အသက်ဆုံးရှုံးသွားတဲ့
စစ်သည်များ အတွက်ကျွန်တော် သူတို့ မိသားစုများနဲ့ ထပ်တူ ထပ်မျှ
စိတ်ထဲမှာ ၀မ်းနည်းမိပါတယ်......
ကေအိုင်အေ အနေနဲ့ပြောရရင်တော့ သူတို့ဟာ ကချင်ပြည်နယ်
လွှတ်မြောက်ရေး ကချင်ပြည်နယ် ကောင်းစားရေးလို့ သူတို့ပြောပါတယ်
ဒါပေမဲ့ တစ်ကယ်တမ်းဖြစ်နေတာက ဆတ်ကြေးကောက်တယ်
လူသစ်ကို အတင်းအဓမ္မ စုတယ်.....ဒါတွေက ကချင်ပြည်နယ် ကောင်းစားဖို့အတွက်တဲ့လားဗျာ
ကျွန်တော် ပြောနေတာတွေက
တစ်ဖတ်သတ်ပြောနေတာ မဟုတ်ပါဘူး ကိုယ်တိုင် ခံစား ရတဲ့ လူငယ်
တစ်ယောက်ကိုယ်တိုင်က ပြောပြတာပါ....ခုချိန်မှာ ကျွန်တော် ဖြစ်စေချင်တာကတော့ အင်တာနက်ပေါ်မှာ မဟုတ်ပဲ
စစ်ပွဲတွေ ငြိမ်းချမ်းဖို့ အတွက် ကိုယ်တက်နိုင်တဲ့ ဖက်ကနေ ကူညီ
အကြံဥာဏ်များ ပေးစေလို့ပါတယ်.....အချင်း ချင်းဆဲဆိုနေတာတွေကို
ကျွန်တော် မလိုလားပါဘူးခင်ဗျာ......
www.MyanmarExpress.net

.jpg)

14 comments:
good activities
ပြည်ထောင်စုရဲ့ရန်သူဖြစ်တဲ့KIA/KI/KICကိုအမြန်ဆုံးအရေးယူတိုက်ခိုက်
ချေမှုန်းသင့်နေပြီ။သူပုန်ကိုသူပုန်လို့မြင်ထားတာအကောင်းဆုံးပါပဲ။အချိန်သိပ်မဆွဲနဲ့တော့....သူပုန်ကိုဒီနေ့လှစ်လှူရှူလျှင် နောက်နေ့ဒုက္ခပေးပြီတာမှတ်ပါ။KIAဆိုတာမြွေပွေးခါးပိုက်ပိုက်တွေပါ။အဲ့တာကြောင့်နိုင်ငံတော်နှင့်ပြည်သူတွေရဲ့လုံခြုံရေးအတွက် အကြမ်းဖက်သောင်းကျန်းသူ KIAကိုအမြန်ဆုံး
တိုက်ခိုက်ချေမှုန်းပါတော့။
ကောင်းတယ်လို့ပဲမြင်တယ်။ဆန္ဒဖေါ်ထုတ်ရင် ပတ်ဝန်းကျင်ကိုတော့စိတ်အနှောက်အယှက်မဖြစ်စေဘူး။ပင်မသပိတ်စခန်းကိုတော့ကာမိုင်းမြို့ပေါ်မှာဖွင့်စေချင်တယ်။kiaမှာဒီမိုကရေစီရှိတယ်ဆိုရင်???????
ကောင်းတယ် ဆက်လုပ်ကြမယ် မပျက်မကွက် ပါဝင်ကြမယ် စီစဉ်စရာရှိတာ စီစဉ်ထားကြပါ။
The conflicts in Kachin state were based on greed.
If everyone think for both side might be the first step for peace.
It's so funny writing with liar.It will not happen and U Thine Sein knew,he can't beat KIO/KIA!God bless KIA!
verry qood အကောင်းဆုံးပေါ့ ပြီးရင်တိုက်မယ် ကြိုပြော အားလုံးပါဝင်ကျမယ်
လူထုဆန္ဒဖော်ထုတ်လည်း လူထုဆန္ဒလေးစားလိုက်နာတတ်တဲ့ကောင်တွေမဟုတ်ပါ။အစိုးရမှာရှိတဲ့လက်နှက်ဆန်းများထုတ်သုံးပြီး ဆုံးမသင့်ပါကြောင်း။
What kind of 'god' bless KIA?
KIO members are terrorists and trouble makers
This is time to conclud KIA terrorist group.We must fight and crush KIA
ခပ်ရိုင်းရိုင်းပြောမယ် လီးဘဲ ။kia kio အကုန်လုံးလီးဘဲ။ kio kia ကိုမတိုက်တဲ့ကောင်တွေလဲလီးဘဲ။ kio kia လုံးဝအလိုမရှိ။
HOTE TAL KIA KIO ARR LONE LEE PAL
ညီ လေး ရေ
အကို ကြီး လည်း ဘယ် ပါ တီ နဲ့ မှ အ ဆက် အ စပ် မ ရှိ ပါ
Kia Ssa Kio Absdf သူ ပုန် တွေ ကို လံုး ဝ အလို မ ရှိ ဆန္ဒ ပြ ချင် တာ ကြာ လှ ပြီ အ ကို ကြိး ကို ဆက် သွယ် ပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်