Subscribe to our RSS Feed

KIO/KIA ရဲ့ထမင်းအိုးကို KIA တပ်ရင်း (၆)က ရိုက်ခွဲလိုက်ပြီ.

From : ကချင်နေစဉ်သတင်း
KIO/KIA


၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက် မနက်(၄)နာရီလောက်မှာ မိုးကောင်း-ဖားကန့်လမ်းပေါ်မှာရှိတဲ့ ကာမိုင်းမြို့အ၀င်တံတားကြီးကို KIAတပ်ရင်း(၆)အဖွဲ့များက မိုင်းခွဲဖျက်ဆီးလိုက်လို့ တံတားကနေ ယာဉ်ကြီး ယာဉ်ငယ်တွေ သွားလာလို့မရတော့ကြောင်းသိရှိရပါတယ်။ ဒီတံတားကြီးဟာ မိုးကောင်းကနေ-ဖာကန့်ကျောက်စိမ်းမှော် ရွှေမှော်တွေကိုသွားတဲ့လမ်းမှာအဓိက ကျတဲ့တံတားဖြစ်တဲ့အကြောင်း သိရပါတယ်။ တံတားကြီးပျက်ဆီးသွားပြီး ဘေးက ရှောင်ကွင်းလမ်းလည်း မရှိတာကြောင့် ဖားကန့်ဒေသမှာ ကျောက်တူး/ရွှေတူး လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္မဏီဝန်ထမ်းတွေ ဒေသခံတွေ ရေမဆေးသမားတွေ အတွက် စားနပ်ရိက္ခာတွေနဲ့ လုပ်ငန်းသုံးဖို့ စက်သုံးဆီနဲ့ယာဉ်တွေ သယ်ယူပို့ဆောင်ဖို့ မလွယ်ကူတော့သလို ထွက်ရှိတဲ့ကျောက်စိမ်းတွေကို ရန်ကုန်၊ နေပြည်တော်နဲ့ တရုတ် ပြည်တို့ကို ပို့ဖို့မဖြစ်နိုင်တော့ကြောင်း ဖားကန့်မြို့ခံတစ်ဦးက ပြောပြလာပါတယ်။


KIO/KIA အဖွဲ့အနေဖြင့် ဖားကန့်ဒေသက ရရှိတဲ့ဆက်ကြေးငွေတွေနဲ့ အဓိကရပ်တည်နေရချိန်မှာ သတ္ထုတွင်းဝန်ကြီးဌာနက ကျောက်တူးလုပ်ငန်းများရပ်ဆိုင်းကာ (၆) လကျော်နီးပါး ရှိနေပြီး KIO/KIA အတွက် ၀င်ငွေအလွန်အမင်းကျဆင်းသွားခဲ့ရတဲ့အပြင် ခိုးတူးနေတဲ့ကျောက်တွေပါ သယ်ထုတ်ဖို့မလွယ် တော့တဲ့အတွက် KIA အဖွဲ့အတွက် ၂၀၁၃ ခုနှစ်ဘတ်ဂျက်ဟာ စိုးရိမ်ပူပန်စရာအခြေအနေကို ရောက်သွား နိုင်ကြောင်းလေ့လာသူတစ်ဦးက ဆိုပါတယ်။ ယခင်က ဖားကန့်ဒေသမှာရှိတဲ့ ကုမ္မဏီတွေကနေ နှစ်စဉ် KIA အတွက် သိန်းပေါင်းသိန်းချီအောင် ပေးဆောင်နေရပြီး ကျန်တဲ့ဈေးဆိုင်မျိုးစုံက ဆက်ကြေးငွေများ မရေတွက်နိုင်အောင် KIA အတွက်ရရှိနေ ကြောင်း၊ ကျောက်စိမ်းကားများသယ်ယူရွှေ့ပြောင်းပါက တစ်တန်လျှင် ၇၀၀၀၀ ကျပ်နှုန်းKIA ကိုအခွန်ပေး နေကြောင်း ကုမ္မဏီဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
KIO/KIA အဖွဲ့အနေဖြင့် ဖားကန့်ေးသမှဆက်ကြေးများအဆမတန်ကောက်ခံနေမှုအပေါ် စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသခံကချင်လူမျိုးများ၏ ပြစ်တင်ဝေဖန်မှုများ အလူးအလဲခံနေရတဲ့အပြင် နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းများကြားမှာပါ အရှက်တကွဲအကျိုးနည်းဖြစ်နေချိန်မှာ KIA တပ်ရင်း(၆)ရဲ့ လုပ်ဆောင် ချက်ဟာ ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲသလို ဖြစ်သွားတဲ့ အတွက်ကြောင့် တပ်ရင်း (၆) တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲ ကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိကြောင်း လိုင်ဇာမှလာသော သတင်းများမှ သိရှိရ ပါတယ်။

www.MyanmarExpress.net
 

2 comments:

kia ဟာသူ့ထမင်းအိုးတင်ရော ကချင်ပြည်နယ်အတွင်းမှာနေထိုင်နေကြတဲ့ တိုင်းရင်းသားတွေရဲ့ထမင်းအိုးကိုပါရိုက်ခွဲနေတဲ့ သောင်းကြမ်းသူတွေပါ။ဖားကန့်မှာkia တွေသောင်းကြမ်းတော့ကျောက်တူး-ရွှေရှာ-ဈေးရောင်း-ဗျံကြလုပ်ကိုင် စားသောက်ကြတဲ့သူတွေအားလုံးစီးပွားရေးအဆင်မပြေကြပါဘူး။ဖားကန့်ဟာကျနော်တို့ကချင်တိုင်းရင်းသားတွေရဲ့ထမင်းအိုးပါ ကချင်ပြည်နယ်သားတွေရဲ့မှီခိုလုပ်ကိုင်
စားသောက်နေရတဲ့ဒေသပါ။အခုတော့ဖားကန့်လည်းပျက် လိုက်ဇာပျက်ပြီ ဘယ်နေရာကိုအားကိုးလုပ်ကိုင်ကြရမှာလဲ့နုံခြာတဲ့တိုင်းရင်းသားတွေရဲ့ဘဝ နိုမ့်ကျတဲ့ပညာရေးသစနစ်ကိုရုန်းထွက်ဖို့ကြိုးစားနေတဲ့ပြည်သူတွေကိုခြောက်ထဲတွန်းမပို့တော့ပါနဲ့

သူတို့ ကိုထောက်ပံ့နေတဲ့တယုတ်ကြီးက ဒီအတိုင်းနေမှာလား၊

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်