Subscribe to our RSS Feed

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) လေယာဉ်သစ်ရောက်ရှိ

From : မြဝတီ


အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း လိုင်း (MAI)မှ အသစ်ထပ်မံဝယ်ယူ ထားသောရှစ်စင်းမြောက် AIR BUS A319 လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့တွင် ရောက်ရှိခဲ့သည်။

အဆိုပါ
လေယာဉ်သည် ခရီးသည် ၁၂၃ ဦးဆံ့ပြီး ပြည်ပခရီးစဉ်များအပြင် နေပြည်တော်၊ ပုဂံနှင့် ဟဲဟိုးပြည်တွင်း ခရီးစဉ်များသို့လည်း စင်းလုံးငှား ဝန်ဆောင်မှု ပေးသွားနိုင်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။

MAI အနေဖြင့် ရန်ကုန်မြို့မှ ဗန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဂါယာ၊ ဆီယမ်ရိ၊ ဖနွမ်းပင်၊ ကွမ်းကျိုး၊ ဗန်ကောက်-စင်ကာပူ-ဗန်ကောက်၊ မန္တလေး-ဂါယာ-မန္တလေး ခရီးစဉ်များကို တိုက်ရိုက် ပျံသန်းလျက်ရှိသည့်အပြင် မန္တလေးမြို့မှ ဗန်ကောက်၊ စင်ကာပူနှင့် ကူမင်းမြို့များသို့လည်း ပြေးဆွဲသွား ရန် စီစဉ်လျက်ရှိပြီး လာမည့်ဒီဇင်ဘာလတွင် ရန်ကုန်မှ ဟောင်ကောင်သို့ တိုက်ရိုက် ပြေးဆွဲသွားမည် ဖြစ်ကြောင်းသိရ သည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်