From : မြ၀တီ
www.MyanmarExpress.net
မြန်မာ
အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက
မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် မြို့တော်ခန်းမ (၁) ၌ ကျင်းပသည်။
ဖွင့်ပွဲအား မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝင် စည်ပင် သာယာရေး ဝန်ကြီးဌာန ဝန်ကြီး မန္တလေး မြို့တော်ဝန် ဦးအောင်မောင်း၊ လမ်းပန်း ဆက်သွယ် ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်း၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇံတို့က ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေး ကြသည်။
အဆိုပါ ကုန်စည် ပြပွဲတွင် ကားပြခန်းများ၊ အရုပ်ဆိုင်များ၊ ငါးအလှမွေးကန်နှင့် အလှမွေးငါး အရောင်းပြခန်း၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်း ပြခန်းများ၊ ကွန်ကရစ် အုတ်ရိုက်စက်၊ ရန်ကုန်မြို့မှ လာရောက် ပြသသော စာအုပ်တိုက်များ ပါဝင် ပြသထားကာ
ပြပွဲကို ဇန်နဝါရီ ၂၃ ရက်မှ ၂၆ ရက်အထိ ဖွင့်လှစ် ပြသ သွားမည်ဖြစ်ပြီး
ပြပွဲလာ ပြည်သူများကို နိုင်ငံကျော် မန္တလေး မြို့မ တေးဂီတ ပညာရှင် များနှင့် အဆိုတော် များက ဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်