မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ တတိယပတ်၌ နေပြည်တော်တွင် ပထမဆုံး ကျင်းပသွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဒီဇင်ဘာ ၂၆ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။ ယင်းဖိုရမ်သို့ ကမ္ဘာတစ်ဝန်းမှ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ တက်ရောက်မည် ဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်ပြီး ကာလတို၊ ကာလလတ်နှင့် ကာလရှည် ဖွံ့ဖြိုးရေး အစီအစဉ်များ၊ စီမံကိန်း စီမံချက်များကို ညှိနှိုင်းကာ ဘဏ္ဍာငွေ စီမံချက်များ ရေးဆွဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ညီလာခံ၌ အကြံပြုချက်နှင့် ဆန္ဒပြုမှုများ တင်ပြနိုင်ရေးအတွက် RUMFCCI နှင့် မြန်မာဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ လူထုဗဟိုပြုဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေး အကြံပြုညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည်။
www.MyanmarExpress.net
2 comments:
Myanmar is coming to take past glory day as you know
economic is epic grow going
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်