Subscribe to our RSS Feed

ဂမ်ရှောင်-ဘယ်လဲ


ဒို့တတွေက တမြေထဲနေ၊တရေထဲသောက် နေထိုင်ခဲ့ကြတဲ့ သွေးချင်း ညီနောင်တွေဆိုတာ သိရဲ့နဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးမှိုင်းတိုက်ပြီး ကချင်လူထုကောင်းစားရေး အကြောင်းပြပြီး မင်းတို့ ကေအိုင် အေ လက်နက် ကိုင်လာတာ မျိုးဆက်(၃)ဆက်လောက်ရှိပြီ။အကျိုးတရားကတော့ ကချင် ပြည်နယ် အတွင်းက တိုင်းရင်းသားညီအစ်ကိုတွေ ဒုက္ခပင်လယ်ဝေခဲ့ရတာပဲ။ဗမာ မုန်းတီးရေးဆိုပြီး ဇာတ်နာ အောင်လုပ်နေပေမယ့် လက်တွေ့မှာတော့ မင်းတို့ရဲ့ ဂျိန်းဖောလူမျိုးကြီးဝါဒနဲ့ လက်နက် အားကိုး အနိုင်ကျင့်မှုကြောင့် ကျန်တဲ့တိုင်းရင်းသားတွေ ရှမ်း၊လီဆူး၊ရ၀မ်၊လာချိတ်၊လဝေါ် တွေက မင်း တို့ကို ခါးခါးသီးသီး မုန်းနေတာ မင်းတို့သိရဲ့လား။ အဲဒီ အမုန်းတရားတွေက သူတို့တတွေ တစ် ယောက်ချင်း မင်းတို့ကိုလက်ညှိုးနဲ့ဝိုင်းထိုးရင်တောင်သေလောက်ပြီ။ဒီအမုန်းတရားတွေက အနာဂတ် ကချင်လူမျိုးတွေရဲ့သမိုင်းမှာ လူသတ်တရားခံဆိုတဲ့ ဂုဏ်ပုဒ်ကိုထပ်ရနေပြန်ပြီ။ကချင်လူငယ်တွေကို ခြိမ်းခြောက်ဖမ်းဆီးပြီး ကချင်ပြည်နယ် ကောင်းစားရေးဆိုပြီး မဟုတ်တဲ့ အချက်အလက်တွေနဲ့ မင်း တို့နေတဲ့လိုင်ဇာ၊မင်းတို့စီးပွားရေးတွေရှိတဲ့နေရာကို ကာကွယ်ဖို့ ပွိုင့်-၇၇၁ အပါအ၀င် ခံစစ်စခန်း တွေ တည်ဆောက်၊အခိုင်အမာဘန်ကာတွေ ဆောက်ပေးပြီး ဘယ်တော့မှမကျနိုင်တဲ့ စခန်းတွေ ဆို ပြီးမြှောက်ပင့်ပြီး တိုက်ပွဲဝင်ခိုင်းခဲ့တာ အခုတော့ ဘယ်လိုအဖြေထွက်နေပြီလဲ။တပ်မတော်က မင်းတို့ ရဲ့ကျေးဇူးကြောင့် မင်းတို့ဆောက်ခဲ့တဲ့ ကွန်ကရစ် ဘန်ကာထဲမှာနေ၊မင်းတို့စေတနာကြောင့် စိုက် ထားတဲ့ မုန်ညှင်းသီးနှံတွေနဲ့ အဆင်ပြေပါတယ်။ ဘန်ကာအသစ်မဆောက်ရတော့ နိုင်ငံတော်အကုန် အကျသက်သာတာပေါ့။ဒါပေမယ့် အဲဒီ ဘန်ကာတွေထဲမှာ ခြေထောက်သံကြိုးခတ်၊စိတ်ကြွမူးယစ် ဆေးဝါးတွေပေးပြီး တိုက်ပွဲဝင်ခိုင်းတဲ့  ကချင်လူငယ်တွေ အတွက်တော့ ဘယ်သူ့မှာတာဝန်ရှိလဲ။မင်း တို့မခိုင်းဘူးလို့တော့ မငြင်းပါနဲ့။အထောက်အထားတွေရှိတယ်။ တပ်မတော်ဆိုတာ နိုင်ငံတစ်ခုရဲ့ ကိုယ်စားပြုတဲ့ကာကွယ်ရေးအဖွဲ့အစည်းပါ။သောင်းကျန်းသူမဟုတ်ဘူး။ နိုင်ငံတော်အစိုးရရဲ့ မူဝါဒကို စောင့်ထိန်းပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ တုံပြန်နေတာကို မင်းတို့က အဓိပ္ပါယ်မဖော်တတ်လို့လား။ထိုးမဲ့ ဆင်နောက်တစ်လှမ်းဆုတ်တတ်ပါတယ်။အခုတပ်မတော်က ထိရောက်စွာဟန့်တားတုံ့ပြန်လာတဲ့ အခါမှာ အခြေအနေတွေက ဘယ်လိုလဲ။ရှေ့တန်းမှာ ဆန္ဒမပါပဲ ဖမ်းခေါ်ထားတဲ့ ကေအိုင်အေ ရဲဘော် တွေ ထွက်ပြေးကုန်ပြီ။ကေအိုင်အေတပ်ခွဲတွေအမြင်မှန်ရလို့ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ပြီး မိ ဘရင်ခွင်ကိုပြန်လာကြပြီ။အသိတရား ရသင့်ပါပြီ။နောက်ဆုံးတော့ ကေအိုင်အေ အလံတိုင်နဲ့ဂမ်ရှောင် ပဲကျန်နေတော့မှာပါ။မင်းတို့အတွက်နောက်ဆုံးအချိန်ရောက်ပြီ။အမှားတွေကိုမြင်ပြီး အမှန်လမ်းဖြစ်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို လျှောက်လာခဲ့ပါ။ဒါမှမဟုတ် ကချင်သမိုင်းမှာ လူသတ်တရားခံအနေနဲ့ ဆက် ပြီး မိုက်တွင်းနက်နေရင်း စေတန်ကိုအဖော်ပြုဖို့ အဖဘုရားသခင်လိုလားတဲ့ ငြိမ်းချမ်းရေးကိုမျက် ကွယ်ပြုမလား?

တသက်တ်ာအတွက်သင်ကိုယ်တိုင်ဆုံးဖြတ်ပါ ဂမ်ရှောင်…………………………………………..  


www.MyanmarExpress.net
 

6 comments:

ဂန် ရှောင် ဘယ် လဲ တရုတ် ပြည် ထဲ ပြေး မှာ ပေါ့

သမ္မတ နှင့် လွတ် တော် အ မတ် များ အ ရေး တ ကြီး အ ဆို တင် သွင်း ပါ သည်

ဝကို တိုက် ပါ ဝ သူ ပုန် တွေ သည် ပန် ဆိုင်း သည် မြန် မာ နိုင် ရဲ့ အ ခူပ် အ ချာ အ ပြင် ဘက် ရောက် နေ ပါ ပြိ

တရုတ် ရဲ့ အ စေ ခံ မြို့ ဖြစ် နေ ပြီ ဝ ကို တ ရုတ် ကြိး က လက် နက် များ ခံ က တုတ် များ တည် ဆောက် ပေး နေ တာ ၂ နှစ် မျှ ကြာ ပါ ပြိ


တရုတ် ရဲ့ ကောက် ကျစ် မူ ကို သိ ကြ ပါ

ပြတ်သားသင့်တဲ့အချိန် ပြတ်သားရမယ်။တကယ်လက်တွေ့ဖြစ်သွားတဲ့အခါ သမိုင်းတရားခံဖြစ်သွားမယ်။

မျိုး ဆက် သုံး ဆက် လက် နက် ကိုင် တော် လှန် ခဲ့ တာ ၁၇ နှစ် ကြာ အ ပစ် ရပ် ခဲ့ တာ က ချင် တွေ ဘာ တိုး တက် လဲ .? ယွတ် ဇော် ခေါင် က ရိုင် လ ဆန် ဒေါ် ထု နန် စ တဲ့ က ချင် ကြီး / မ ကြီး တွေ သာ စစ် တိုင်း မှူး တွေ နဲ့ kia က အင် ဘန် လ ဂမ် ရှောင် s ဂွမ် မော် တို့ ကြား မှာ ပွဲ စား လုပ် ခဲ့ ပြီး ငွေ ရ မယ့် အ လုပ် မှန် သ မျှ ကို လေ လံ ဆွဲ ခဲ့ ကြ ပြီး သူ တို့ တွေ ဘဲ ချမ်း သာ နေ ကြ တာ ပါ ။ က ချင် ပြည် နယ် ရဲ့ crony ခ ရို နီ တွေ ပေါ့ ။

လွှတ် တော် ထဲ မှာ ဝ ပြသာ နာ နဲ့ဘင်္ဂဂါ လီပြ သာ နာ ကို လည်း အ ဖြေ ရှာ ဖို့ လို လာ ပြီ အ ခု အ တိုင်း ထား ရင် ရေ ရှည် မှာ မ လွယ် ဘူးနော်။

နဂါးမှန်းသိအောင် အမောက်ထောင်ပြချိန်တန်ပါပြီ၊ သမတကြီးနှင့်ကာချုပ်ကြီးခင်ဗျား သင်တို့ နောက်တွင် ပြည်သူတစ်ရပ်လုံး(မီဒီယာမပါ)ရှိပါသည်၊ ပြတ်ပြတ်သားသားချပါတော့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်