Subscribe to our RSS Feed

ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ်ဖို့ လွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းတော့မည်

From : rfa

ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာ မှာ အဆိုးမြင်ဝေဖန် ရေးသားဖော်ပြနေ တဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည်နဲ့ သုံးစွဲသူကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင် ရွက်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးတကြီး ပြင်ဆင်နေကြပါတယ်။

အင်တာနက် ဘလော့ စာမျက်နှာပေါ်မှာ "ဥပဒေအထက်မှာလွှတ်တော် ရှိနေသလား" ဆိုပြီး ဝေဖန်ရေးသားချက်တွေဟာ လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို စော်ကားထားတာဆိုပြီး ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ဇန်နဝါရီက ၁၇ ရက်နေ့က လွှတ်တော်နှစ်ရပ် ပူးတွဲကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ အရေးကြီးအဆို အဖြစ် တင်သွင်းခဲ့ရာ ထောက်ခံမဲ (၃၄၇)မဲ ၊ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲနဲ့တခဲနက် ထောက်ခံလိုက်တဲ့ အတွက် ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့စည်းပြီး ဒေါက်တာ ဆိတ်ဖွားဆိုသူကို စုံစမ်းဖော်ထုတ် အရေးယူဖို့  အတည်ပြုထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဒေါက်တာဆိတ်ဖွား စုံစမ်းဖော်ထုတ်ရေးကော်မရှင် ဖွဲ့စည်းနိုင်ရေးအလားအလာ၊ ဖော်ထုတ်နိုင်ချေရှိ၊ မရှိ RFA အဖွဲ့သား ကိုကျော်ကျော်အောင် က သုံးသပ်တင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။


 www.MyanmarExpress.net
 

2 comments:

စိုးရင်က တမျိုးမြင်တော့ ဆိတ်ဖွားတော့ မြိတ်သွားပြီဟေ့။ဘွန်ဟောင်းတို့ လိုက်ခဲ့ပေတော့။ အထက်မှာလည်းမရှိ အောက်မှာလည်းမရှိ သူ့နေရာနဲ့သူရှိနေတဲ့ ဟာတွေကို အလုပ်ရှုပ်ခံပြီး လုပ်မနေနဲ့။ လောကကြီးမှာဘယ်အချိန်မှာ ဘာအရေးကြီးဆုံးဆိုတာကိုမသိရင် ဘာဘာဘာမှမသိဘူးဆိုတာက ခပ်ကောင်းကောင်း။

သဗ္ဗေသတ္တာကမ္မသတ္တာ။

"သဗ္ဗေသတ္တာကမ္မသကာ" ပါကွာ "ကမ္မသတ္တာ" မဟုတ်ပါ
ဘူး နားလည်းမလည်ဘဲနဲ့လျှောက်ရေးနေသေးတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်