From : http://singaporefeel.blogspot.co.uk/2013/01/blog-post_7565.html
. www.MyanmarExpress.net
မိုးညှင်းမြို့နယ်၊ ဟဲပန့်-ဆယ်ဇင်းကားလမ်းကြောင်းပေါ်ရှိ မိုင်းပုတ်ကျေးရွာ အုပ်စု၊ တိန့်စန့်ကျေးရွာမှ ရာအိမ်မှူး ဦးဝင်းရွှေ၏ ဈေးဆိုင်ရှေ့၌ ၀င်/ထွက် ဖြတ်သန်း သွားလာလျက်ရှိသည့် ယာဉ်ကြီး/ယာဉ်ငယ်များအား မောင်းတံဖြင့် လမ်းဖြတ်သန်းခ အခွန်ငွေအဖြစ် ယာဉ်ကြီး ၁၂ ဘီးယာဉ်တစ်စီးလျှင် ငွေကျပ် ၁၀ သိန်း၊ ကုန်တင်ယာဉ် ၁၀/၆ ဘီးယာဉ် တစ်စီးလျှင် ငွေကျပ် ၅ သိန်း၊ လူစီးယာဉ်ငယ် တစ်စီးလျှင် ငွေကျပ် ၂ သိန်းတို့အား ပွင့်လင်းရာသီ လမ်းအသုံးပြုခအဖြစ် အရစ်ကျစနစ်ဖြင့် ရပ်တန့်ပေးသွင်း နေရကြောင်း သိရှိရသည်။
ငွေကောက်ခံသည့်ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူများအဖွဲ့မှ အရပ်ဝတ်ဖြင့် လူလဲလှယ်ပြီး တစ်လှည့်စီ အမည် မဖော်ဘဲ ကောက်ခံနေသည့်အတွက် ငွေပေးသွင်းနေရသည့် ယာဉ်မောင်း၊ ပိုင်ရှင်များ မှ မည်သည့်အဖွဲ့သို့ ပေးဆောင်နေရသည်ကို မသိရှိရကြောင်း၊ ငွေမပေးဆောင်ချင် သော်လည်း နယ်မြေလုံခြုံရေးအခြေအနေအရ ကြောက်ရွံ့စိုးရိမ်ရသဖြင့် ပုံမှန်အရစ်ကျ သတ်မှတ်နှုန်းအတိုင်း မပြည့်မချင်း ပေးဆောင်နေရကြောင်းနှင့် ၄င်းငွေ ကောက်ခံသည့်အဖွဲ့မှ ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ကေအိုင်အို နောင်လွတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ခရိုင်မှူးအဆင့်ရှိ မဲ့ကြီးလဂျာ၏ ပြည်သူစစ် အဖွဲ့ဝင်များနှင့် အမာခံများဖြစ်ကြောင်း သိရှိရပါသည်။
ယခုပွင့်လင်းရာသီ၌ ကေအိုင်အေအကြမ်းဖက်သောင်းကျန်းသူများသည် အများ ပြည်သူများကို နည်းမျိုးစုံဖြင့် ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်း၊ အတင်းအဓမ္မဖမ်းဆီးခြင်းနှင့် လူသွားလမ်းများတွင် မိုင်းထောင်ခြင်းများအား လိုက်လံ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

2 comments:
အဲဒီလိုတွေလုပ်နေတာ ဘယ်မီဒီယာတွေကမှ တစ်နိုင်ငံလုံးသိအောင် ကမ္ဘာကသိအောင် မရေးကြတာလဲ။ မီဒီယာတွေ ဘာလုပ်နေတာ လဲ။
နေရာအတိအကျသိနေရင်သွားချပစ်လိုက်ပေါ့။ဘာစောင့်နေတာတုံး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်