Subscribe to our RSS Feed

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေး ကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုများအား ခွင့်ပြုတော့မည် မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ ထုတ်ပြန်

From : .MON

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကားများပေါ်တွင်
မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုအား ခွင့်ပြုတော့မည် မဟုတ်ဘဲ တားဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး
ဗီဒီယို အခြေခံအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကဲ့သို့ ထုတ်ပြန် ကြေညာရခြင်းမှာ ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေအရ လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင် မြန်မာဗီဒီယို ဇာတ်ကားများအား ပြသခွင့် မရှိဘဲ ရုပ်သံလိုင်းများတွင် ပြသလျက် ရှိသည့် ဇာတ်ကားများနှင့် တေးသီချင်း ဗီစီဒီများသာ ပြသခွင့်ရှိကြောင်း၊ အဝေးပြေး ကားများပေါ်၌ ဇာတ်ကားများ ပြသနေခြင်းသည်လည်း ဇာတ်ကား နယ်ကျော်ပြသခြင်းမျိုး ဖြစ်နေသည့်အတွက် ယခုကဲ့သို့ တားမြစ်ရခြင်း
ဖြစ်သည်ဟု သိရှိရသည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာဗီဒီယို ဇာတ်ကားတွေကို ပြသချင်တယ်ဆိုရင် ရုံသွင်းပြီးတော့ အခကြေးငွေနဲ့ ပြသခွင့် ရှိပါတယ်။ သို့သော် လမ်းဘေး လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ ဇာတ်ကားတစ်ကားကို ငှားရမ်းပြီးတော့ ပြသရာမှာ လမ်းမပေါ် ရောက်တဲ့အထိ ရပ်ပြီး ကြည့်ကြတာမျိုးတွေတော့ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ အဓိကတော့ ဈေးကွက်ပိုင်းဆိုင်ရာ အရလည်း ထိခိုက်တာကြောင့်ပါ။
ဥပဒေ အရလည်း ပြသခွင့် မရှိပါဘူး။ ပြသလိုတယ်ဆိုရင် ရုပ်သံလိုင်းတွေနဲ့ တေးသီချင်း ဗီစီဒီတွေပဲ ပြသခွင့် ရှိမှာပါ။ အဝေးပြေးကားတွေ ပေါ်မှာ မြန်မာဗီဒီယို ဇာတ်ကားတွေ ပြသတာကိုလည်း တားမြစ်သွားပါမယ်။ ဘာကြောင့်လည်း ဆိုတော့ ဗီဒီယို ဇာတ်ကားတွေကို သူ့နယ် မြေနဲ့သူ သတ်မှတ်ထားပြီး သားပါ။ အခုတော့ အဝေးပြေးကားပေါ်မှာ
ပြဖို့ ရန်ကုန်ကနေ ယူသွားမယ်။ ဟိုဘက်နယ်မှာ ကျန်ခဲ့မယ်။ အဲဒီအခွေကို ကူးယူပြီး နယ်မှာ ထပ်မံငှားရမ်းမယ်။ ဒါဆို နယ်ကျော် ဖြစ်သွားပါပြီ။ ဒါကြောင့် အဲဒီနှစ်မျိုးလုံးကို တားမြစ်သွားပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုမျိုးဇော်က ရှင်းပြခဲ့ပါသည်။

လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကား များပေါ်တွင်
မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုအား ယခုလကုန်ပိုင်းမှ စတင်ကာ ပညာပေး တားဆီးသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။

Eleven Media Group
လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေး ကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုများအား ခွင့်ပြုတော့မည် မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ ထုတ်ပြန် Friday, 25 January 2013 လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကားများပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုအား ခွင့်ပြုတော့မည် မဟုတ်ဘဲ တားဆီးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကဲ့သို့ ထုတ်ပြန် ကြေညာရခြင်းမှာ ရုပ်မြင်သံကြားနှင့် ဗီဒီယို အက်ဥပဒေအရ လမ်းဘေး လက်ဖက်ရည်ဆိုင်များတွင် မြန်မာဗီဒီယို ဇာတ်ကားများအား ပြသခွင့် မရှိဘဲ ရုပ်သံလိုင်းများတွင် ပြသလျက် ရှိသည့် ဇာတ်ကားများနှင့် တေးသီချင်း ဗီစီဒီများသာ ပြသခွင့်ရှိကြောင်း၊ အဝေးပြေး ကားများပေါ်၌ ဇာတ်ကားများ ပြသနေခြင်းသည်လည်း ဇာတ်ကား နယ်ကျော်ပြသခြင်းမျိုး ဖြစ်နေသည့်အတွက် ယခုကဲ့သို့ တားမြစ်ရခြင်း ဖြစ်သည်ဟု သိရှိရသည်။ “ကျွန်တော်တို့အနေနဲ့ မြန်မာဗီဒီယို ဇာတ်ကားတွေကို ပြသချင်တယ်ဆိုရင် ရုံသွင်းပြီးတော့ အခကြေးငွေနဲ့ ပြသခွင့် ရှိပါတယ်။ သို့သော် လမ်းဘေး လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ ဇာတ်ကားတစ်ကားကို ငှားရမ်းပြီးတော့ ပြသရာမှာ လမ်းမပေါ် ရောက်တဲ့အထိ ရပ်ပြီး ကြည့်ကြတာမျိုးတွေတော့ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ အဓိကတော့ ဈေးကွက်ပိုင်းဆိုင်ရာ အရလည်း ထိခိုက်တာကြောင့်ပါ။ ဥပဒေ အရလည်း ပြသခွင့် မရှိပါဘူး။ ပြသလိုတယ်ဆိုရင် ရုပ်သံလိုင်းတွေနဲ့ တေးသီချင်း ဗီစီဒီတွေပဲ ပြသခွင့် ရှိမှာပါ။ အဝေးပြေးကားတွေ ပေါ်မှာ မြန်မာဗီဒီယို ဇာတ်ကားတွေ ပြသတာကိုလည်း တားမြစ်သွားပါမယ်။ ဘာကြောင့်လည်း ဆိုတော့ ဗီဒီယို ဇာတ်ကားတွေကို သူ့နယ် မြေနဲ့သူ သတ်မှတ်ထားပြီး သားပါ။ အခုတော့ အဝေးပြေးကားပေါ်မှာ ပြဖို့ ရန်ကုန်ကနေ ယူသွားမယ်။ ဟိုဘက်နယ်မှာ ကျန်ခဲ့မယ်။ အဲဒီအခွေကို ကူးယူပြီး နယ်မှာ ထပ်မံငှားရမ်းမယ်။ ဒါဆို နယ်ကျော် ဖြစ်သွားပါပြီ။ ဒါကြောင့် အဲဒီနှစ်မျိုးလုံးကို တားမြစ်သွားပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုမျိုးဇော်က ရှင်းပြခဲ့ပါသည်။ လမ်းဘေး လက်ဖက်ရည်ဆိုင်များနှင့် အဝေးပြေးကား များပေါ်တွင် မြန်မာဗီဒီယို ဇာတ်ကားများ ပြသနေမှုအား ယခုလကုန်ပိုင်းမှ စတင်ကာ ပညာပေး တားဆီးသွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။


 
www.MyanmarExpress.net
 

14 comments:

ဖြစ်မှဖြစ်ရပလေတယ်

ကြိုက်ပါ တယ် ထောက်ခံပါ တယ် ကျွန်တော်တို့ ကတနှစ်နေလို့ မြန်မာကားတကားမကြည့်ဖြစ် ပါ

ကိုယ့်အိမ်မှာ မြန်မာဗွီဒီယိုကားကြည့်နေတုန်း
တခြားဘေးအိမ်က သူတွေလာကြည့်ရင်ကော ဖမ်းမှာဘဲလား
စီးပွားရေးလုပ်တာမှ မဟုတ်တာ ဆောက်ရူးတွေရဲ့ 


တကဘာလုးံမှာ မရှိတဲ့ ဥပဒေတွေ
မြန်မာပြည်မှာ ဘုန်းဘောလအောရှိနေပါပြီ..ထုတ်နေကြပါပြီ
ငါလူကြီးဖြစ်ရင် ငါကြိုက်တဲ့ဥပဒေထုတ်မယ်ဆိုတာတွေ ..ပြင်ကြပါတော့
ကျွန်တော်တို့  ဌားကြည့်တဲ့ မြန်မာဗွီဒီယိုကားကို ဘေးအိမ်ကိုဌားကြည့်လိုက်ရင် ဘယ်လိုပုဒ်မနဲ့ ဖမ်းပါမလဲ
လက်ဘက်ရည်ဆိုင်က သူဆိုင်ကလူတွေကြည့်ဘို့ ဌားထားတာ
သူတို့ ဘာသာကြည့်နေတာ ..ဘေးလူတွေကရပ်ကြည့်တော့ ဘာဖြစ်လို့ ခွင်မပြုတာလဲ .. ဗွီဒီယို ပြသခွင့်လိုင်စင်က ဘာလို့ လုပ်ခိုင်းတာလဲ ..
ဆောက်ရေးမပါတာ .. မယောင်ရာဆီလူးတဲ့ကောင်တွေ

မူရင်းခွေတစ်ခွေဝယ်ပြီး ပြချင်တဲနေရာပြစမ်းပါ၊ သူတို့ဘာတတ်နိုင်မှာလဲ၊

ကောင်းပါတယ် ဖြစ်သမျှအကြောင်းအကောင်းချည်းပဲ။ဆင်းရဲသား အဲဆင်းရဲသားလို့ပဲသုံးနှုန်းမယ်ဗျာ ဆင်းရဲသားလက်လုပ်လက်စားလေးတွေလက်ဖက်ရည်သောက်အပန်းပြေဒါမှမဟုတ် လက်ဖက်ရည်မသောက်နိုင်ရင်ဆိုင်အပြင်ဘက်ကရပ် ကြည့်အပန်းဖြေခွင့်မရှိတော့လည်းတမျိုးကောင်းတာပဲ။ဇာတ်ကားတွေကြည့်ပြီး စိတ်ကူးယဉ်တတ်တာတွေလျော့ပြီးလက်တွေ့ပိုဆန် ကြတာပေါ့။အားလုံးကောင်းပါသည်။

သုံးရက်တစ်ကား ရိုက်တဲ့

မြန်မာဇတ်ကားကို လမ်းဘေး

မပြရဘူးဆိုတော့

ဘယ်နေရာမှာများ ပြစရာရှိလို့လဲ။

တန်ရာတန်ရာစဉ်းစားစမ်းပါ

ဟာသမြောက်ပါတယ်။

ကန့် ကွက် ပါ တယ် အ ဓိ ပ္ပ ယ် မ ရှိ တာ အ ရူး

သူတို့ရုပ်ရှင်လောကက တိုးတက်လာတာကို အံပါ့ မြန်မာကားဆိုငှားကြည်ရမယ်ဆို မကြည်ရလည်းနေပါ ဘာဗဟုသုတမှလည်း မရဘူး တွေးခေါ်မှုပညာတော့ တော်တော်တိုးတက်တယ်ဗျ ဖြည့်တွေးပေးနေလို့လေ

Only in Myanmar that can be happened!

ပြပေးတဲ့လူ ရှိတာကိုကျေးဇူးတင်ရမှာ

အခုတော့ပြဿနာလိုက်ရှာနေတယ်

မြန်မာဇတ်ကားတွေရဲ့အဆင့်အတန်း

ပရိပ်သာတ်တွေရဲ့စိတ်ဝင်စားမှု စစ်တမ်းလေး

အစမ်းကောက်ကြည့်စမ်းပါအုံး။

အလယ်ကလူ မသိလို့ပါ
ပြစရာနေရာ ရှိပါတယ်

မျက်မမြင်ကျောင်းမမှာလေ။

နယ်ကျော်ရင်တော့ဖမ်းမှာနော်

သောက် ရူးတေ ပါလားဟ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်