Subscribe to our RSS Feed

UNFC ၏ကြေငြာချက်များအား KNU သဘောမတူ

From :မဇ္ဈိမ

UNFC နှစ်ပတ်လည်ညီလာခံတွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်ခဲ့သောကြေငြာချက်အပါအ၀င် UNFC ၏ကြေငြာချက်များအား KNU အဖွဲ့မှ လက်မခံ၊ သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။

၎င်း UNFC ကြေငြာချက်တွင် အခုအချိန်မှစပြီး လာမယ့် အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိစ္စများအား UNFC တစ်ဖွဲ့ထဲကနေ ဦးဆောင် သွားမည်ဆိုသော အချက်ကို သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။ KNU အဖွဲ့မှ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ဆက်လက်လုပ်ဆောင်ရန် တစ်ဖွဲ့ခြင်းအနေဖြင့် အစိုးရအား ဆက်လက်တွေ့ဆုံရန် သဘောထားရှိပြီး ၎င်းအတိုင်းပင် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း ၎င်းမှ ပြောကြားသွားသည်။

KNU ခေါင်းဆောင်သစ်များအနေဖြင့် ယခင်တပ်ပေါင်းစု များဝင်ရောက်ခဲ့သည့်မူအတိုင်းပင် UNFC နှင့်ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဟုသိရှိရကြောင်း သို့သော် UNFC နှင့်ပတ်သက်၍ အချို့အချက်များအား မေးခွန်းထုတ်စရာ၊ စိစစ်စရာများ ရှိသည်ဟူသော သဘောထားများ KNU အတွင်းတွင်ရှိနေကြောင်း PNLO ဥက္ကဥ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောကြားခဲ့သည်။ UNFC မှ ချမှတ် ထားသောမူနှင့် KNU ၏ (၁၅) ကြိမ်မြောက်ကွန်ရက်မှ ချမှတ်ထားသည့်မူအကြား ကွဲလွဲမှုမရှိစေရန် ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် ဗိုလ်မှူးကြီး ခွန်ဥက္ကဌ ပါဝင်သည့် UNFC ကိုယ်စားလှယ်အဖွဲ့မှ KNU အဖွဲ့အား မဲဆောက်မြို့ တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း လည်းသိရှိရသည်။

UNFC အဖွဲ့သည် အဖွဲ့(၁၁)ဖွဲ့ ဖွဲ့စည်းထားပြီး အဖွဲ့၎ဖွဲ့သာ လက်နက်ကိုင်အင်အား အသင့်အတင့် ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဖွဲ့စည်းထားသော်လည်း ကျန်အအဖွဲ့များမှာမူ နိုင်ငံတွင်းတွင် ပြောပ လောက်သည့် လက်နက်ကိုင်အဖွဲ့များမရှိကြောင်း သိရှိရသည်။



 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်