Subscribe to our RSS Feed

KIA သောင်းကျန်းသူ အဖွဲ့က အပြစ်မဲ့ ပြည်သူ (၂၅) ဦးအား ဖမ်းဆီး ခေါ်ဆောင်

From :မြဝတီ

နေပြည်တော် ဇန်နဝါရီ ၂၄
ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ အနီးသို့ KIA တပ်ရင်း (၃ဝ)မှ အင်အား ၁၅ ဦးခန့်သည် ဇန်နဝါရီ ၂၂ ရက် နံနက် ၂ နာရီ ခွဲခန့်က ရောက်ရှိ လာပြီး ရွှေတူး ဖော်နေသည့် အမျိုးသား ၁၆ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီခန့်က ဝိုင်းမော်မြို့နယ် လွယ်ကျော် ကျေးရွာသို့ KIA အဖွဲ့မှ အင်အား ၁ဝ ဦးခန့် ရောက်ရှိလာပြီး အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ကိုးဦးအား  ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သတင်း ရရှိသည်။                                   

  www.MyanmarExpress.net
 

1 comments:

ကဲအခုဘယ်လိုလုပ်မလဲ
တစ်နိုင်ငံလုံးသိမ်မှပြီးမယ်ထင်ပ
လုပ်ကြပါဦး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်