Subscribe to our RSS Feed

ခိုးကူးခွေထိရောက်စွာနှိမ်နင်းရန် ဂီတအစည်းအရုံးတွင် အငြိမ်းစားရဲမှူးနှစ်ဦး ခန့်အပ်

From : the voice

မြန်မာတေးသီချင်း ခိုးကူးခွေများ အား ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း များ ထိရောက်စွာပြုလုပ်ရန် အငြိမ်းစားရဲမှူးနှစ်ဦးကို ဂီတအ စည်းအရုံးတွင် အချိန်ပြည့်ရုံးထိုင် အဖြစ် ခန့်ထားကြောင်း အဆိုပါ အစည်းအရုံး (ဗဟို)တွဲဖက်အတွင်း ရေးမှူး ဦးမျိုးနွယ်ဆွေက ပြော သည်။မြန်မာသီချင်းစီဒီ၊ ဗီစီဒီတို့ ကို တရားမ၀င် ခိုးကူးခြင်း၊ ဖြန့်ချိ ရောင်းချခြင်းတို့ကို တွေ့ရှိပါက မြန်မာနိုင်ငံဂီတအစည်းအရုံးသို့ တိုင်ကြားသတင်းပေးရန် မေတ္တာ ရပ်ခံထားခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ နှင့် ချိတ်ဆက်ဖမ်းဆီးနိုင်ရန် အချိန်ပြည့်ရဲဝန်ထမ်းဟောင်းနှစ်ဦးကို ခန့်ထားလိုက်ခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောသည်။ ယခင်က ခိုးကူး ဖမ်းဆီးရမိပါက သက်ဆိုင်ရာရဲက တရားလိုပြုလုပ် တရားစွဲရခြင်း၊ သက်သေပြုလုပ်ရခြင်း ပြုလုပ်ရ သည်။ အဆိုပါရဲများမှာ တာဝန် များဖြင့် မအားလပ်ခြင်းကြောင့် အစည်းအရုံးအတွက် ကိုယ်စား ရပ်တည်ပေးနိုင်ရန် အငြိမ်းစား ရဲ မှူးနှစ်ဦးကို ခန့်အပ်ခြင်းဖြစ် ကြောင်း ဦးမျိုးနွယ်ဆွေက ဆို သည်။

““ခိုးကူးဖမ်းမိရင်၊ ဥပမာ ဖမ်း မိတဲ့အခွေက ချစ်သုဝေခွေပဲ ထား ပါတော့။ ချစ်သုဝေမှာ အနုပညာ အလုပ်တွေနဲ့ တရားရုံးသွားဖို့၊ လာ ဖို့ မလွယ်ဘူးလေ။ အနုပညာရှင် တွေ ကိုယ်စား ဒီရဲနှစ်ဦးက တရား လိုလုပ်ပြီး တရားစွဲရမှာပေါ့”” ဟု ဦး မျိုးနွယ်ဆွေက ရှင်းပြသည်။

ခိုးကူးဖြန့်ချိ၊ ရောင်းချသူများ ကို တရားစွဲဆိုပါက ပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်လ၊ ငွေဒဏ် ကျပ် တစ်သိန်းသာဖြစ်ပြီး ထိရောက် သော ပြစ်ဒဏ်ဖြစ်စေ၊ တရားမ ကြောင်းအရ နစ်နာကြေးတောင်း ခြင်း၊ မူ ပိုင်ခွင့်ဥပဒေဖြင့် တရား စွဲဆိုခြင်းများပါ ပြုလုပ်မည်ဟု ၎င်းင်းက ဆက် လက်ပြောသည်။ရဲမှူးနှစ်ဦးခန့်အပ်သည့် စ ရိတ်စကများကို ထုတ်လုပ်ဖြန့်ချိ အလွှာမှ လုပ်ငန်းရှင်အများစုက ထောက်ခံကူညီကြသည်။ ယင်းသို့ ရဲနှစ်ဦး အချိန်ပြည့်ခန့်အပ်ထား ပြီး တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် ခိုးကူးအမှုတစ်မှုကို တရားစွဲဆိုတင်ပို့နိုင်ရန် စီစဉ်နေ သည်ဟု သိရသည်။


 www.MyanmarExpress.net
 

2 comments:

"ကျားကြောက်လို့ရှင်ကြီးကိုး
ရှင်ကြီးကျားထက်ဆိုး" လည်းဖြစ်နေဦးမယ်

တေး. သီ ချင်း သာ မ က ဗီ ဒီ. ယို. ဇတ်. ကား များ. ကို. ပါ. ပြတ် ပြတ်. သား သား. လုပ်. ဆောင်. ပါ. လို့. ဦး. ဇင်. ဝိုင်း. ကို. ပြော. ပေး ကြ. ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်