Subscribe to our RSS Feed

ဒိုင်နာနှင့်ဟိုင်းလပ်ယာဉ် ဖြည်းဖြည်းချင်း ဖယ်ရှားမည်

From :popular 

ဒိုင်နာနှင့် ဟိုင်းလပ်များနေရာတွင် ယာဉ်ကြီးများဖြင့် အစားထိုးပြေးဆွဲနိုင်ရေး ဖြည်းဖြည်းချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အစည်းမှ သိရသည်။

မြို့တွင်းခရီးသည် တင်ပြေး ဆွဲသော ယာဉ်များအနက် ဒိုင်နာ၊ ဟိုင်းလပ်ယာဉ်များ မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားကာထိခိုက်၊ ဒဏ်ရာရမှုများပြားခြင်းကြောင့် ၎င်းယာဉ်များအား ယာဉ်ကြီးအစား ထိုးပြေးဆွဲနိုင်ရေးကို မထသ(ဗဟို)မှ စီစဉ်နေခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အစည်းဥက္ကဋ္ဌ ဦးကြည်သိန်း က ''ဘယ်မြို့တော်မှာမှ ဒိုင်နာ၊ ဟိုင်းလပ်ယာဉ်နဲ့ ခရီးသည် ပြေးဆွဲ တာ မရှိပါဘူး။

အဲဒီယာဉ်တွေကို ချက်ချင်းပြောင်းပစ်ဖို့က မဖြစ်နိုင် ဘူး၊ မထသ အနေနဲ့ကလည်း ပုဂ္ဂလိကယာဉ်ပိုင်ရှင်တွေနဲ့စုစည်း ပြီးမှ စီမံအုပ်ချုပ်တာဆိုတော့ တဖြည်းဖြည်းချင်းတော့အစားထိုး သွားရမယ်''ဟု ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သော ယာဉ်စီးရေ ခြောက်ထောင် ကျော် တွင်ဒိုင်နာ ၁၉ဝ၇ စီးနှင့် ဟိုင်းလပ် ၈၉၄ စီး မထသ(အဝေး ပြေး) မှ ဒိုင်နာ ၁၂၅ စီးနှင့် ဟိုင်းလပ် ၂၅ စီးဖြင့် ခရီးသည်တင် ပြေးဆွဲပေးလျက်ရှိကြောင်း မထသ (ဗဟို) စာရင်းတွင် ဖော်ပြထား သည်။ ဒိုင်နာယာဉ် စီးနင်းရာတွင် ယာဉ်မောင်းနှင်သည့် အရှိန်ကြောင့်သော်လည်းကောင်း၊ ဘရိတ်နင်းလိုက် သည့် အရှိန်ကြောင့်လည်းကောင်း၊ ၎င်းယာဉ်ကိုယ်ထည်ရှိ သံတိုင်များနှင့် ခရီးသည် ဦးခေါင်းထိခိုက်မိခြင်း၊ စီအင်န်ဂျီတပ်ဆင် ထားသော ဓာတ်ငွေ့အိုးများ ယာဉ်ပေါ်တွင် အကာအကွယ်မဲ့ထားရှိခြင်း၊ မိုးရာသီတွင်ခေါင်မိုးများ မလုံခြင်းကြောင့် ယာဉ်စီးခရီးသည်များမှာ
အခက်အခဲရှိနေကြသည်။

မကြာမီက ဖွဲ့စည်းခဲ့သော ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အစည်း မထသ(ဗဟို)နှင့် မထသ(ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူများက ဇန်နဝါရီ ၁၇ ရက်နေ့တွင် ယာဉ်စီးနင်းရာ၌ခရီးသွား ပြည်သူအဆင်ပြေမှုရှိမရှိကိုကွင်း ဆင်းကြည့်ရှုခဲ့ကြသည်။
  

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်