Subscribe to our RSS Feed

လဂျားယန် ဒေသသို့ ရောက်ရှိ လာသော အရပ်ယာဉ် တစ်စီးအား မလိုလား အပ်သည့် ထိခိုက် မှုများ မဖြစ် စေရန် အတွက် ပြန်လည် စေလွှတ်ခဲ့

From :မြဝတီ

နေပြည်တော် ဇန်နဝါရီ ၂၄
မြစ်ကြီးနား- ဗန်းမော် ကားလမ်း ပေါ်ရှိ ဒေါ့ဖုန်းယန် မြို့သို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီခွဲ ခန့်က မြန်မာ့ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်မှ ကိုနေမျိုးဇင် အပါအဝင် လူငါးဦးသည် လိုက်ထရပ်ယာဉ် အမှတ် (၂င/ ၆၈၁၃) ဖြင့် ရောက်ရှိ လာပြီး ကချင် ပြည်နယ် အတွင်း တိုက်ပွဲကြီး/ ငယ်ဖြစ်ပေါ် လျက်ရှိသည့် လဂျားယန် ဒေသမှ တစ်ဆင့် KIA ဌာနချုပ် ရှိရာ လိုင်ဇာသို့ သွားရောက်လိုသည့် အကြောင်း ပြချက်ဖြင့် တာဝန် ရှိသူများ တားဆီး သည့် ကြားမှ ဆက်လက် ထွက်ခွာခဲ့သည်။

အဆိုပါ နယ်မြေသည် လုံခြုံရေး အရ တည်ငြိမ်မှု မရှိသေးခြင်း၊ KIA အကြမ်းဖက် အဖွဲ့များ၏ မိုင်းအန္တရာယ်များ များပြားလျက် ရှိခြင်းတို့ကြောင့် မလိုလား အပ်သည့် ဆုံးရှုံးမှုမျိုး ထိခိုက် ဒဏ်ရာ ရရှိစေခြင်း မဖြစ်စေရေး အလို့ငှာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါ ယာဉ်အား ဒေါ့ဖုန်းယန်မြို့ မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် လာရာလမ်းသို့ ကောင်းမွန်စွာ တားဆီး ရှင်းပြလျက်  ပြန်လည် စေလွှတ်ခဲ့ကြောင်း သတင်း ရရှိသည်။

  www.MyanmarExpress.net
 

1 comments:

ကိုယ်တိုင်ယိုင် နဲ့နဲ့ကောင် ကလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန် ရက်ဆိုတော့
သူတောင်းစား က လေယာဉ်ဝယ်စီးမယ် စိတ်ကူးလိုပါဘဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်