Subscribe to our RSS Feed

လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဟု နိုင်ငံတော် သမ္မတပြောကြား



လာမည့်ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ခွဲဝေမှုတွင် ပညာရေးကဏ္ဍအတွက် အဆများစွာ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၃ရက်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ဆွန်ဒက် ချောင်ဘရာ ရာဂျာ ဘတ်တက္ကသိုလ်( Bansomdejchaopraya Rajabhat University - BSRU)မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား စီမံခန့်ခွဲမှု နည်းပညာဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။        

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''မျိုးဆက်သစ်လူငယ်တွေဟာ နိုင်ငံ့အနာဂတ်အတွက် မျော်လင့်ချက် ဖြစ်ပါတယ်။ပညာရည် မြင့်မားစေဖို့အတွက် နိုင်ငံတကာအကူအညီနဲ့ အတွေ့အကြုံတွေ ရယူပြီးတော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်ကျဆဲ ဖြစ်ပါတယ်။ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ပြီး လာမယ့် ဘဏ္ဍာရေးနှစ်ကစပြီး ဘတ်ဂျက်ခွဲဝေမှုမှာ ပညာရေးကဏ္ဍအတွက် အဆများ စွာ တိုးမြှင့်သုံးစွဲဖို့ စီမံဆောင်ရွက်ထားပါတယ်''ဟု ပြောကြားခဲ့ပါသည်။                
 ''အစိုးရအဖွဲ့အနေဖြင့် အဆင့်မြင့် ပညာရေးနယ်ပယ် ပြုပြင်ပြောင်းလဲရေး၊အသက်မွေးဝမ်းကျောင်း ပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချနိုင်မည့် သင်ကြားရေး မြှင့်တင်မှု အစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ကျောင်းသားအခြေပြု သင်ကြားမှု နည်းစနစ်များနှင့် အခြေခံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကိုလည်း ပညာရေးနယ်ပယ်မှ ပါဝင်ပတ်သက်သူများနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်နေကြောင်း၊ ပညာရေးအဆင့် မြှင့်တင်ရာတွင် ပုဂ္ဂလိက ပါဝင်မှုကို မြှင့်တင်ပေးနိုင်ရန် ပုဂ္ဂလိက စာသင်ကျောင်းများ ပေါ်ထွန်းလာရေးအတွက် ဥပဒေများကို ပြဌာန်းပေးခဲ့ကြောင်းနှင့် ကလေးငယ်များ အခြေခံပညာရေးအား သင်ကြားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။          
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်းတွင် ၂၀၁၁-၂၀၁၂ဘဏ္ဍာ ရေးနှစ်ကထက် ကျန်းမာရေးကဏ္ဍအတွက် လေးဆနှင့် ပညာရေးကဏ္ဍအတွက် နှစ်ဆတိုးမြှင့်ခဲ့ကြောင်း သိရသည်။

 www.MyanmarExpress.net
 

2 comments:

GTC ပညာ ရေး စ နစ် လေး လဲ လေ့ လာ ပါ အုးံ ဖြုတ် ထုတ် သတ် စ နစ် ဖြစ် နေ ပါ သည် ရေး ရ တာ လဲ အ ခါ ရေ မ နည်း လှ ပါ ကြည့် တော့ ကြည့် ရဲ့ လား ဗျာ

ဘတ်ဂျက်တွေ တိုးချပေးပြီး
မှန်ကန် စနစ် ကျအောင်

သုံးဖို့ လည်းအထူးကျပ်မတ်ဆောင်ရွက်သင့်တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်