Subscribe to our RSS Feed

သွေးချင်းတို့မြေမှာ ဂျိမ်းဖောတို့ ရ၀မ်အတွက် ပေးတဲ့လက်ဆောင်

From : http://singaporefeel.blogspot.co.uk/2013/01/blog-post_2629.html


  ဆွမ်ပရာဘွမ်သွေးချင်းတို့ ပျော်ရာမြေဆိုတဲ့ သီချင်းသံလေးဟာ တိုင်းရင်းသား ရင်ကြားစေ့ရေးအတွက် နားဝင်ချို ပျားသကာလောင်းတဲ့ တောင်ကျချောင်းရေစီးသံ လေးလိုဘဲ သာယာခဲ့ပါတယ်။ မြစ်ကြီးနားက ၁၃၂ မိုင်ဝေးတဲ့ တောင်ပေါ်မြို့ကလေး ဆွမ်ပရာဘွန်ကို အလည်သွားဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမယ့် မရောက်ဖြစ်ခဲ့ ပါဘူး။ သွေးချင်းတို့ပျော်ရာမြေက ရ၀မ်-လီစူးသွေးချင်းတွေရယ်၊ ပူတာအိုဒေသ ရ၀မ်- ပချိပ်သွေးချင်းတွေရယ် ရင်ထဲအမြဲရှိပြီး ပျော်ရွှင်စရာကောင်းပြီး အေးချမ်းသာယာ လှတဲ့ ဒေသလေးကို အမြဲရောက်ချင်နေမိတယ်။
       မြစ်ကြီးနားနဲ့ ၁၃၂ မိုင်လောက်သာဝေးပြီး အလှမ်းမဝေးတဲ့ ပန်းကလေးလို့ပါတဲ့။ ဒါပေမယ့် အခုတော့ အလှမ်းဝေးရပြီ သွေးချင်းတို့ရဲ့ အစာရေစာရှားပါးတဲ့ ဒုဗ္ဘိက္ခ န္တရ ကပ် ခံစားနေရတော့ ကျင်နာသနားမိတယ်။ တို့ ကချင်ပြည်နယ်မှာ ဒုဗ္ဘိက္ခန္တရကပ် နဲ့ သတ္တန္တရကပ် တစ်ပြိုင်နက်ခံစားနေရတယ်။ ဒါကလည်း တို့ ကချင်လူမျိုးဝါဒကျင့်သုံး နေတဲ့ ဂျိမ်းဖောလူမျိုးခေါင်းဆောင်တဲ့ KIA တွေရဲ့  တို့ရ၀မ်-လီစူးအပေါ် ပေးတဲ့ လက်ဆောင်ပါလားလို့ တွေးမိရင် ရင်နာရတယ်၊ စစ်တပ်ကို KIA ကတိုက်တာ ၀ါဒမတူလို့ ဘာလို့ ညာလို့--- လက်ခံပါတယ်။ တို့ဆွမ်ပရာဘွမ်ဟာ လေယာဉ်၊ သင်္ဘော၊ ရထားလမ်းမရှိဘဲ အင်္ဂလိပ်ခောတ်က ဖောက်ထားပြီး န၀တ၊ နအဖ ခေတ်မှာ ပြင်ထားတဲ့ ၁၂ ပေလမ်းလေးပဲရှိတာလေ။ ဆွမ်ပရာဘွမ်ရောက်ဖို့ တံတား ကြီး/ငယ် ၁၀၀ ကျော်ဖြတ်ရတယ်။ ဒါကိုသိရက်နဲ့ KIA က တို့လမ်းကို မိုင်းခွဲ၊ တံတား ချိုးပြီး ကုန်စည်ဈေးတွေ တက်ခဲ့ရတယ်။ ဆင်းရဲပါတယ်ဆိုမှ ပြာပုံကျတဲ့---။ အခု ပွင့်လင်းရောက်လာလို့ အစိုးရက ယာဉ်တန်းနဲ့ ကုန်စည်ပို့ပါတယ်။ KIA ဂျိမ်းဖော တွေက ယာဉ်တန်းခြုံခိုတိုက်၊ မိုင်းဖောက်ခွဲ လုပ်နေပြန်ပြီ။ တို့ရ၀မ်လီစူးများကို KIA ပေးတဲ့လက်ဆောင်က ယူမကုန်တဲ့ အငတ်ဘေးလက်ဆောင်ပါလားလို့။

2 comments:

kia သူ ပုန် ခွေး လောက် တောင် အသိ မ ရှိ တော့ ပါ အဲ ဒီ လို အ သိ စိတ် ပြောက် အောင် လုပ် ထား တဲ့ သ ရား ခံ စစ် စစ် ဟာ တရုတ် ကြိး ပါ

တရုတ် ကြိး နဲ့ စီး ပွါး ရေး ဖြတ် တောက် ကြ ပါ တရုတ် ကြိး က မြှောက် ပင့် ပေး နေ တာ

သ မ္မတ နှ့င် လွတ် တော် အ မတ် များ တရုတ် ကြိး ရဲ့ ရန် ကို သိ ကြ ပါ တ ရုတ် ကြိး ရဲ့ ကောက် ကျစ် စင်း လဲ မူ ကို သိြ က ပါ

တရုတ် ကြိး ဟာ ဝ က ချင် သူ ပုန် တွေ ကို လက် နက် တွေ ခံက တုတ် တွေ ပေး နေ ပါ တယ် တရုန် ကြိး ရဲ့ မူ ဝါ ဒ ဟာ မြန် မာ နိုင် ငံ မြေ ပုံ ထဲ မှ ကချင် နယ် ဝ ပန် ဆိုင်း မြို တွေ ကို တ ဖြေး ဖြေး နဲ့ တရုတ် ပိုင်ုဖစ် အောင် အ ကွက် ချ စီ မန် ကိန်း ဆွဲ ပြိး သိမ်း ယူ ဘို့ လုပ် နေ တာ ပါ

ဒါ တွေ ကို ကျ နော် လို သာ မန် လူ က တောင် သိ နေ ပါ တယ် သမ္မတ နှင့် လွတ် တော် အ မတ် များ သိ ကြ ပါ

































ကျ နော် လေး လေး စား စား တင် ပြ အပ် ပါ တယ်

k
ဒါ ကြောင့် တရုတ် ကို စစ် ရေး အ ရ လဲ မ ရှင် နိုင် သေး ပါ ဘူး နည်း ဗူး ဟာ အ ရ စိး ပွါး ဆရး ဖြတ် တောက် ပစ် ပါ

ကျ နော် တို့ က တ ရုတ် ရဲ့ ပစ္စည်း နွေ ကို မ သုးံ ရ လို့ ဘာ မှ မ ဖြစ် ပါ တရုတ် ကို ဆန့် ကျင် ကြ ပါ စို့

ကချင်စစ်မပာုတ်ပါဘူး။ လိုက်ဇာအတွက် kiaစစ်ဆို ပိုမှန်မယ်ထင်တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်