From :hot news
မကြာမီကျင်းပဖြေဆိုရတော့ မည့် တက္ကသိုလ်ဝင်စာမေးပွဲနီးကပ် လာပါက ထွက်ပေါ်လာလေ့ရှိ သော မေးခွန်းလွှာအချို့အား ကျောင်းသား၊ကျောင်းသူများမှ မျက်စိမှိတ်ယုံကြည်တက်ကြလေ့ရှိပြီး ယင်းသို့အယုံလွယ် လမ်းလွယ် လိုက်ခြင်းကြောင့် စာမေးပွဲကြီး မေးခွန်း၌ ထိုမေးခွန်းများမှ မေးခွန်း မျာမပါရှိပါက ကျောင်းသား/သူ များသာ နစ်နာမည်ဖြစ်ကြောင်း နှင့်လုံးဝကျိန်းသေပါမည်ဟူ၍ ကောလဟာဟထွက်သော မေးခွန်း များအပေါ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊/သူများ အနေဖြင့် ယုံကြည်ရန်မသင့်ကြောင်း ၀ါရင့်အငြိမ်းစားပညာရေးအရာရှိ တစ်ဦးကဆိုသည်။
““စာမေးပွဲနီးလာရင် ကလေး တွေရဲ့ စာကျက်ချင်စိတ်ကိုလျော့ အောင်လုပ်တာနဲ့အလွယ်လမ်း လိုက်ချင်အောင် အားပေးတာ ကောလဟာလမေးခွန်းတွေပဲ သင်ရိုးကိုကြေညာအောင်လေ့လာ ပြီးမှ ဒီမေးခွန်းတွေကို လေ့လာ တာ ပိုပြည့်စုံအောင်လုပ်တာက ပြဿနာမရှိပါဘူး။ခုဟာက ကွက် တိရထားတာ ဘယ်ပါမောက်္ခဆီ ကရတာဆိုပြီး မေးခွန်းတစ်ခုခုက သတင်းထွက်လာတာနဲ့ကျောင်းသား ရော မိဘတွေရဲ့အဲဒီနောက်လိုက် ကြတော့တာပဲ တက္ကသိုလ်ဝင်တန်း ဆိုတာ ထင်သလောက် မလွယ် သလို အရည်အချင်းပြည့်ဝတဲ့ ပြည့်မှီတဲ့ လူ့စွမ်းအားအရင်းအမြစ် တွေကို မှတ်ကျောက်တင်တဲ့စာ မေးပွဲတစ်ခုဖြစ်နေတော့ ဒီလိုမျိုး အပြင်မှာမေးခွန်းပေါက်တာမျိုး လုံးဝမရှိပါဘူး။ဒီလိုမရှိအောင် လည်း သက်ဆိုင်ရာတာဝန်ရှိသူ တွေက စနစ်တကျ ဆောင်ရွက် ကြတာပါ””ဟု ရန်ကုန်အနောက် ပိုင်းတက္ကသိုလ်အငြိမ်းစားအရာရှိ တစ်ဦးကပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲကြီး နီးကပ်လာချိန်၌ အချို့သောနာမည် ကြီးကျူရှင်များမှလည်း မေးခွန်း များထုတ်ဝေလေ့ရှိကြပြီး ယင်း မေးခွန်းများမှာ ခန့်မှန်းအဆင့်သာ ရှိပြီး အာမခံချက်မည်သို့မျှပေးနိုင် ခြင်းမရှိဘဲ ယင်းတို့အား ကျောင်း သား/သူများမှ အယုံလွယ်လိုက် ကာ ကွက်၍လေ့ကျင့်ပါမူ စာမေး ပွဲကြီးမေးခွန်းလွှာ၌ ကွဲလွဲကာ စာမေးပွဲမကျရှုံးသင့်ပဲကျရှုံးရလေ့ ရှိကြောင်း လေ့လာသိရှိရသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်