From : mizzima
လက်ပံတောင်း ကြေးနီ စီမံကိန်း ကိစ္စရပ်များနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ယူ လုပ်ဆောင်မှုများ မှာ အစိုးရတရပ် လုပ်ဆောင်ရမည့် တာဝန်များကို ဆောင်ရွက်နေသကဲ့သို့ ဖြစ်နေသဖြင့် တစုံတရာ မှားယွင်းနေပါ သည်။
တကယ်တမ်းတွင် ကြေးနီ စီမံကိန်းနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး
ကော်မရှင်၏ တာဝန်မှာ အချက်အလက်များ ရှာဖွေရန်သာ ဖြစ်ကာ အစိုးရတရပ်ကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ရန် မဟုတ်ပေ။ အကြောင်းမှာ ဒေါ်အောင်ဆန်း စုကြည်သည် သမ္မတ ဦးသိန်းစိန်ကဲ့သို့ အစိုးရတရပ်ကို ဦးဆောင်နေသူ တဦး မဟုတ်သောကြောင့် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်
အနေဖြင့် အကြံပြုချက်များ ပြုလုပ်နိုင်သော်လည်း
အစိုးရအနေဖြင့် အရာရာတွင် ကော်မရှင်၏
အကြံပြုချက်များ အတိုင်း လိုက်နာဆောင်ရွက်လိမ့်
မည်ဟုတော့ တထစ်ချ ယူဆ၍ မရပေ။ သို့ရာတွင် ထိုကဲ့သို့ အကန့်အသတ် ရှိနေမှုကို စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ စတင်သည့် အချိန်ကတည်းက
ရွာသားများ သေသေချာချာ သဘောပေါက်စေရန်
အတွက် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထွက်လာသည့်အခါ ထိုအစီရင်ခံစာနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်၏ ချဉ်းကပ် ဆောင်ရွက်ပုံအပေါ် ရွာသားများ စိတ်ရှုပ်ထွေးသွားပုံ ရပါသည်။ ၎င်းတို့က ဒေါ်အောင်ဆန်းစုကြည်အား စီရင်ဆုံးဖြတ်သူ (decision maker) တယောက်ကဲ့သို့ သဘောထားလိုက်ကြသလို ဒေါ်အောင်ဆန်းစုကြည် ကလည်း မိမိကိုယ်ကို ဆုံးဖြတ်ချက် ချသူ တဦးသဖွယ် သဘောထား၍ ရွာသားများကို တုံ့ပြန်ပြောဆိုသကဲ့သို့
ဖြစ်သွားခဲ့သည်။ ထို့ကြောင့် အကျိုးဆက်အနေဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရအား အသက်ရှူပေါက် ရသွားစေခဲ့ သည်။
မည်သို့ပင် ဖြစ်စေကာမူ ဒေါ်အောင်ဆန်းစုကြည်သည် ပျက်စီးသွားသည့် အခြေအနေများကို ကုစားရန်အတွက်
သေချာစွာ တွေးတော ဆောင်ရွက်ရပေတော့မည်။ အများပြည်သူက ဒေါ်စုအပေါ် ထင်မြင်နေသည့် ပုံရိပ် ထိခိုက်သွားနိုင်သလို ဒေါ်စု အနေဖြင့်လည်း သူ၏ အေးဆေးတည်ငြိမ်စွာ ဖြေရှင်းနိုင်မှုကို ပြန်လည်ရရှိရန်မှာ ကြီးမားသော စိန်ခေါ်မှု တခု ဖြစ်ပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုကဲ့သို့ ဆက်လက် လုပ်ဆောင်နေပါက သူ့အတွက်လည်း အကျိုးရှိလိမ့်မည် မဟုတ်ပေ။ တောင်ကို မည်သည့်အတွက်ကြောင့် ဆက်လည် တည်ရှိနေစေချင်ရသည်လဲ ဟု မေးမြန်းလိုက်ခြင်း သည် ဒေါ်စုကိုယ်တိုင်၏ ပုံရိပ်ကို အထိခိုက်နိုင်ဆုံးသော စကားတရပ်ဖြစ်ကာ ထိုကဲ့သို့ မေးမြန်းလိုက်ခြင်း အားဖြင့် ဒေါ်စုနှင့် ရွာသူရွာသားများကြားတွင် များစွာ ကွာဟသွားစေခဲ့သည်။
ဒေါ်စုအနေဖြင့် နှလုံးသားထက် ဦးနှောက်ကို ဦးစားပေး၍ ပြောဆိုနေသည်မှာတော့ ထင်ရှားပါသည်။ ကြေးနီး စီမံကိန်း ကို ရှေ့ဆက်လုပ်ဆောင်ပါက မြန်မာနိုင်ငံ၏ စီးပွါးရေးကို အထောက်အကူ ပြုလိမ့်မည်ဟု ရှင်းလင်းပြောပြ ရုံဖြင့် စိတ်ထိခိုက်နေသော ရွာသူရွာသားများက သဘောတူ လက်ခံလာလိမ့်မည်ဟု ဒေါ်စုအနေဖြင့် မျှော်လင့်ခဲ့ပါ သလား။ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ရွာသားများက ငဲ့ကွက်ပေးလိမ့်မည်ဟု
မျှော်လင့်ခဲ့ပါသလား။
ဒေါ်အောင်ဆန်းစုကြည်က သူသည် လူအများ
ထောက်ခံမှုကို ရှာဖွေနေခြင်း မဟုတ်ကြောင်း
ထပ်တလဲလဲ ပြောကြားခဲ့သော်လည်း ရွာသားများ၏ အမျက်ဒေါသကတော့ ပြေပျောက်မသွားခဲ့ပေ။ ထို့ပြင် အားလုံးကို လက်လွှတ်ဆုံးရှုံးရမည့် သူများမှာလည်း ရွာသူရွာသားများသာ ဖြစ်ကြသဖြင့် ဒေါ်စုတွင် ပြောပိုင်ခွင့် ရှိသည့် ကိစ္စတော့ မဟုတ်ပေ။
ဒေါ်စုက သူသည် နိုင်ငံ၏ အနာဂတ်အတွက် ပြောခြင်းဖြစ်သည်ဟု ဆိုသော်လည်း အများပြည်သူများ ကိုယ်တိုင်သည် လည်း နိုင်ငံ၏ အနာဂတ်ပင်ဖြစ်၍ လျစ်လျူရှု၍ မရပေ။
ဒေါ်စု အနေဖြင့် ရွာသူရွာသား ၃၀၀ ခန့်ကိုသာ ပြောဆိုနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လက်တွေ့တွင်မူ
နိုင်ငံအနှံ့မှ ရွာသူရွာသား သန်း ၄၀ ခန့်က ဒေါ်စု၏ အသံကို နားထောင်ကြပေမည်။
သဘာဝ ပတ်ဝန်းကျင် ရှုထောင့်မှာ ဆိုပါလျှင် တောင်တန်းများနှင့် သစ်တောများ မရှိပါက ကျွန်ုပ်တို့၏ လှပသော
နိုင်ငံသည် ဆာဟာရ ကဲ့သို့ ကန္တာရ တခုအဖြစ် ပြောင်းလဲ သွားနိုင်သလို ထိုင်းနိုင်ငံ မြောက်ပိုင်းမှ Isarn ဒေသတွင် လည်း သစ်တောများကို ခုတ်ထွင် ရှင်းလင်းကာ လယ်ယာ စိုက်ပျိုးခဲ့ကြသောကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပြီး ရေရှည်တွင် ဒေသခံများ စီးပွါးပျက်ကြသောကြောင့် ဒေသတွင်းမှ ဆင်းရဲသားများ အနေဖြင့် ၎င်းတို့၏ သမီးများကို ပြည့်တန်ဆာ လုပ်ငန်းများတွင် ထိုးအပ်လိုက်ရသည်အထိ အခြေအနေ ဆိုးခဲ့ရသော ဥပမာကလည်း ရှိနေပြန်သည်။
ထို့ပြင် လက်ပံတောင်း ကိစ္စအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြင်း မရှိပါက တနိုင်ငံလုံးတွင် အခြေအနေများ
ပေါက်ကွဲထွက်ကာ လယ်ယာမြေများ အသိမ်းခံရသည့် လယ်သမားများ ပါဝင်သည့် အုံကြွမှုမျိုးလည်း ဖြစ်လာ
နိုင်ပေသည်။ ထို လယ်သမားများ အနေဖြင့် စိုးရိမ်ပူပန် နေကြမည် ဖြစ်သလို အချို့မှာ ဆောက်တည်ရာမရ
ဖြစ်နေနိုင်ပေသည်။ ထိုသို့ စိုးရိမ်ပူပန်မှုများမှ တဆင့် ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုး တခုပြီးတခု ဖြစ်ပေါ်
လာမည်ဆိုလျှင် နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် မည်သည့်အဖြစ်အပျက် ဖြစ်ပေါ်လာနိုင်သည်ကို ခန့်မှန်းနိုင်ကြပေမည်။
ထို့ကြောင့် သက်ဆိုင်သူများ အနေဖြင့် နီးကပ်သော အနာဂတ်ကိုလည်း ထည့်တွက်သင့်သည့်အပြင် စီးပွါးရေး ရှုထောင့် မှသာမက နိုင်ငံရေး ရှုထောင့်မှလည်း စဉ်းစားသင့်ပေသည်။
မြန်မာနိုင်ငံအနေဖြင့် ခက်ခက်ခဲခဲ ကြိုးပမ်း ရယူထားရသည့် အရာများ အလွယ်တကူ ဆုံးရှုံးသွားရသည့် အဖြစ်မျိုး မဖြစ်သင့်ပေ။ ။

.jpg)

3 comments:
Very good. That right.
တဖက်ကပြည်သူတဖက်ကစစ်တပ်နဲ့တရုပ်
မဲးပေးမှာကပြည်သူလူထု အာဏာလွှဲးပေးမှာကစစ်တပ်
ဒီလိုမှတရုပ်ထောက်ခံမှာ ဒီတော့လက်ပံတောင်းတောင်
က ဒေသခံရဲ့ မဲးကနဲးတယ်ဆိုပြီးအထင် မ သေးပါနဲ့
ပြည်သူမုန်းတာစစ်တပ်နဲ့တရုပ်ဒါကိုဘယ်သူမပြင် နိုင် ဘူး
ပြင် နိုင် တာသူတို့အကျင့်ဒါမှပြည်သူကျေနပ်မှာ
DASSK is showing her leadership skill in this copper mine case. She is doing for country and not for everyone who wants to benefit for their own.
88 students, Lawyer (lier) community nextwork and whoever against her report should learn the leadership skill from her.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်