Subscribe to our RSS Feed

တစ်ဖက်ရွာတွင် သေဆုံးသွားသည့် ခွေးလေခွေးလွင့် တစ်ကောင် နှင့် ခွေးချစ်သူများ (ခွေးလေခွေးလွင့် ပုံပြင်(၃) )

From :http://www.oppositeyes.info/2013/03/blog-post_3.html


ခွေးလေခွေးလွင့်များ ကြီးစိုးနေသည့် ရွာကလေးတွင် ပညာရှိများ၊ ရွာသူရွာသားများ၊ ကောင်းရောင်းေ ကာင်း ၀ယ် လုပ်စားသူများ စိတ်ပျက်မျက်စိနေကြချိန်တွင် တစ်ဖက်ရွာမှ ဖမ်းဆီးထားသည့် ရွာမှခွေးတစ်ေ ကာင် အား သတ်ဖြတ်လိုက်သည့်အခါ ရွာတွင်း ခွေးများ ပြင်းထန်စွာ ဟောင်ကြလေသည်။ ထိုခွေးသည် ကား ရွာစည်းရိုးအနားတွင် ဟောင်လိုက်၊ ကိုက်လိုက်၊ ခွေးရောဂါ များ ဖြန့်ဝေလိုက်၊ တစ်ခြားရွာများမှ ခွေး များ ကို ကိုက်ယုံမက၊ တစ်ခြားရွာမှ ရွာသားများကိုပါ ကိုက်နေလိုက် လုပ်သည့် အတွက် တစ်ဖက်ရွာမှ လွန် ခဲ့ သည့် တစ်နှစ်ခန့်မှ ဖမ်းဆီးထားခြင်း ဖြစ်သည်။
ရွာတွင် ရွာသူရွာသားများနှင့် ဆိုင်သည့် ကိစ္စအသီးသီး၌ ပညာရှိ ရွာတာဝန်ခံများ လိုက်လံလုပ်ဆောင် နေ သဖြင့် ခွေးများအနေဖြင့် အသံကျယ်ကျယ် ထွက်ကာ ဟောင်ရမည့် ကိစ္စများ ရှားပါးလာသည်။ ဂရုဏာ ကြီး မား သည့် ပညာရှိ ရွာလူကြီးများမှ အဆုံးစွန်လိုက်လျောမှုများ ပြုလုပ်သဖြင့် အိမ်ထဲရောက်နေသည့် ခွေး ဘ၀မှ ရွာပြင်ထုတ် ခံရမည့် ခွေးဖြစ်မှာကို စိုးရိမ်သဖြင့် အတိအလင်းလဲ အသံမထွက်ရဲ ဖြစ်ကာ လူတို့ ပျော် ရာ facebook ကမ္ဘာတွင် ၀င်ပြီး ဟောင်ကြသည်။ ဟောင်စရာ ခေါင်းစဉ် ရှားပါးလာချိန်တွင် တစ်ဖက် ရွာ တွင် သေဆုံးသည့် ခွေးကိစ္စသည်ကား ခွေးများအတွက် ဟောင်ရန် အကောင်းဆုံး ခေါင်းစဉ်ဖြစ် လာေ တာ့ ၏။
အတိုးတက်ဆုံး ရွာကြီးတစ်ရွာတွင် အရိုးအရင်းများ ကိုက်နေသည့် ခွေးလေခွေးလွင့် တစ်ဦးမှ ထိုခွေးပုံအား ရွာ တွင် ရုပ်ထု ထုထားသင့် ကြောင်းနှင့် တစ်ဖက်ရွာသားများကို တိုက်ခိုက်သင့်ကြောင်း ဟောင်၏။ ဒီခွေး သည် ဒို့ရွာခွေး ဖြစ်သည့်အတွက် ဒို့ရွာ၏ ဂုဏ်သိက္ခာ ထိခိုက်သည်ဟု ဟောင်ကြသူများလည်း ရှိ၏။ တစ် ဖက် ရွာမှ အဆိုပါခွေးအား ဒူးထောက် ခိုင်းသည်ကို မတန်မရာ ပညာရှိ ရွာသူကြီးနှင့် ခိုင်းနှိုင်းရေး သားကြ သည်အထိ ခွေးပါး ၀ကာ ပြောဆိုကြသည်။ တစ်ဖက်ရွာ အနီး အိမ်ခြံများတွင် နေသည့် ခွေးများကလည်း ထိုတစ် ဖက်ရွာသား အိမ်များကို မီးရှို့ပစ်မည် ဆိုကာ ခြိမ်းခြောက်ကြ၏။ တစ်ရွာလုံးတွင် တစ်ဖက်ရွာသား များကို ခွေးအားလုံးမှ ကိုက်ရန် ဟောင်ကြ၏။ ခွေးချစ်သူများကိုလည်း ခွေးများ လုပ်သည့်အတိုင်း လုပ်ရန် ဟောင်ပြီး တိုက်တွန်းကြ၏။
ခွေးချစ်သော်လည်း ခွေးများ ဟောင်လွန်းသဖြင့် နားညည်းလာသည့် ရွာသားများမှ အကျိုးအကြောင်း ရှင်းပြ သူ များကလည်း ရှင်း၏။ ခွေးများကို ခဲနှင့် ထုသူကလည်း ထု၏။ သောက်မြင်ကပ်သူများကလည်း အမဲ သားတုံး ကျွေးသတ်၏။ 
ဤသို့ဖြင့် ခွေးများကို ဂရုစိုက်ပြီး နေရသည့် ရွာကလေးတွင် ခွေးလေခွေးလွင့် နှိမ်နှင်းသူ တစ်ဦး ပေါ်ေ ပါက်လာ စေရေးအတွက် ဆုတောင်းရင်း တည်ငြိမ်အေးချမ်းမှုများ တစ်ဖြည်းဖြည်း ပျောက်ကွယ် လာခဲ့ေ လေ တာ့သည်။
===================================
နောက်ဆက်တွဲ ဗဟုသုတပါ။ ပုံပြင်နဲ့ ဆိုင်မဆိုင်တော့ မသိဘူး။
၁ ။ နော်ခမ်းကို နိုင်ငံ ဘယ်နှစ်နိုင်ငံက အလိုရှိနေပါသလဲ ။
၂ ။ နော်ခမ်းဟာ နိုင်ငံ ဘယ်နှစ်နိုင်ငံမှာ နိုင်ငံသား ခံယူထားပါသလဲ ။
၃ ။ နယ်စပ် ဒေသမှာ ဘာပြစ်မူ့များ ကျူးလွန်ထားပါသလဲ ။
၎ ။ ၄ နိုင်ငံဇုံ ဒေသရဲ့ ဥပဒေကိုရော သိပါသလား ။
၎ ။ နိုင်ငံသား ရာဇ၀တ်လူကို ၁ ခြားနိုင်ငံက ဖမ်းစီးမူ့မှာ လွှဲပြောင်းခွင့်ဟာ ဘာတွေလဲ သိပါသလား။
၅ ။ တရုတ်နိုင်ငံ၏ ပြည်မကြီးတွင်းရှိ မူးယစ်ဆေး ဥပဒေကိုသိပါသလား ။
၆ ။ တရုတ်နိုင်ငံ၏ နယ်စ်ဒေသ အိမ်နီးချင်းနိုင်ငံများနှင့် သဘောတူညီ မူးယစ်ဆေး ဥပဒေသိပါသလား ။
၇ ။ နိုင်ငံတကာ မူးယစ်ဆေး ဥပဒေ နိုင်ငံတိုင်း လိုက်နာဆောင်ရွက်ရမည့် ဥပဒေသိပါလား ။

နိုင်ငံ တကာမူးယစ်ဆေး ဥပဒေမှာ မည့်သည့်နိုင်ငံသားမဆို ပြစ်မူ့ကျူးလွန်ပါ က နိုင်ငံတကာ သဘောတူညီမူ့ တည်ဆဲ ဥပဒေ အရဆောင်ရွက်ခွင့်ရှိသည် ။
နိုင်ငံ ၁ နိုင်ငံ၏ ရာဇ၀တ်သားကို လွှဲပြောင်းခြင်း စာချုပ် ချုပ်ဆိုထားလျှင်ဖြစ် မထားသည်ဖြစ်စေ နိုင်ငံ အများစု အလိုရှိသည့် ရာဇ၀တ်သားအား ထိုစာချုပ်မရှိလျှင်လည်း နိုင်ငံ ဥပဒေနှင့် အညီ ဆောင်ရွက်ခွင့်ရှိသည် ။ ထိုအပြင် နိုင်ငံတကာ သဘောတူညီမူ့ ဥပဒေသည် ။

မည်သည့်နိုင်ငံသားဖြစ်စေ မူးယစ်ဆေး ဥပဒေနှင့်အညီ ထိုရာဇ၀တ်သား နိုင်ငံအား အကြောင်းမကြားပဲ ဥပဒေ အတိုင်းဆောင်ရွက်ခွင့်ရှိသည် ။
၎င်း နော်ခမ်းသည် နိုင်ငံ ၃ နိုင်ငံတွင် နိုင်ငံသား အဖြစ် ခံယူထားသည် ။ ထိုအချင်းအရာနှင့်ပင် နိုင်ငံသား ၁ ဦးအား ပြစ်ဒါဏ်ချမှတ်သည်ဟု၍ပင် ထိုပြစ်မူ့အတွက် စီရင် ပိုင်ခွင့်ရှိသည် ။
( စစ်ကြီး )
===========================
စိုင်းနော်ခမ်းသည် မြန်မာနိုင်ငံတွင်မွေးသူ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် နေထိုင်သူမဟုတ်ပါ။ တရုတ်နိုင်ငံသား ခံယူထားသူဖြစ်သည်။ စိုင်းနော်ခမ်းကြောင့် မဲခေါင်မြစ်ဝှမ်း ဒေသမှာရှိတဲ့ မြန်မာ၊ တရုတ်၊ ထိုင်း နဲ့ လာအိုတို့က ပြည်သူအများအပြား မူးယစ်ဆေးကြောင့် ဘဝပေါင်းများစွာ ပျက်ခဲ့ကြရသည်။ နော်ခမ်းက အခုမှ ဆေးထိုးရင် သေရသူဖြစ်ပြီး နောက်ခမ်းကြောင်း ဘိန်းဆေးထိုးကာ သေဆုံးခဲ့ရသူ မြန်မာနိုင်ငံသား အပါအဝင် မဲခေါင်မြစ်ဝှမ်းမှ နိုင်ငံသားပေါင်း များစွာရှိသည်။ နော်ခမ်းသည် အာဇာနည်တစ်ယောက် မဟုတ်သော်လည်း ယနေ့ Facebook ပေါ်မှ မြန်မာတို့ အာဇာနည် တစ်ဦးအလား ဝမ်းနည်းကျေကွဲနေကြသည်။ နော်ခမ်းသည် နိုင်ငံနဲ့ လူထု အတွက် ဘာမှမလုပ်ခဲ့သည့်အပြင် နိုင်ငံ၏ အနာဂတ် မျိုးဆက် သစ် အာဇာနည် ပေါင်းများစွာကို ဘိန်းစားဖြစ်အောင် လုပ်ခဲ့သည်။ 
မြန်မာအပါအ၀င် ဒေသတွင်းနိုင်ငံတွေက အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းကို ဒီရက်ပိုင်းအတွင်းမှာ လာအို အာဏာပိုင်တွေက ရွှေတြိဂံဒေသမှာ ဖမ်းဆီးခဲ့သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို ဖမ်းဆီးနိုင်ရင် ဆုငွေ ဘတ်နှစ်သန်းပေးမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က ၂၀၁၂ ခုနှစ် က ထုတ်ပြန်ထားခဲ့သည်။ 
၂၀၁၀ ခုနှစ်ဖေဖော်ရီလတွင် မြန်မာနဲ့လာအိုနယ်စပ် မဲခေါင်မြစ်အတွင်း ကင်းလှည့်နေတဲ့ မြန်မာရဲတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ရဲအုပ်တယောက်အပါအ၀င် (၁၅) ယောက်သေဆုံးခဲ့ရသည်။ 
မဲခေါင်မြစ်အတွင်းဖြတ်သန်း သွားလာတဲ့ သင်္ဘော၊ စက်လှေတွေကို ဆက်ကြေးကောက်၊ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ကုန်သည်အများအပြား သေကြေဒုက္ခရောက်ခဲ့ရပြီး အမျိုးသမီးများ မုဆိုးမဖြစ်ခဲ့ရကာ ကလေးများ မိဘမဲ့ဖြစ်ခဲ့ကြရသဖြင့် တရုတ်၊ မြန်မာ၊ ထိုင်းနဲ့လာအို အစိုးရတွေက အလိုရှိခဲ့ကြသည်။
၂၀၁၂ အောက်တိုဘာလအတွင်း တရုတ်ကုန်တင်သင်္ဘောနှစ်စင်းကို ပြန်ပေးဆွဲပြီး သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်ခဲ့သည်။
နော်ခမ်းအား ယခင် ဘိန်းဘုရင်များနှင့် နှိုင်းယှဉ်၍မရပါ။ မြန်မာစစ်တပ်သည် မည်သည့် တိုင်းရင်းသား ဖြစ်စေ၊ မည်သည့်လက်နက်ကိုင်ဖြစ်စေ၊ မည်မျှ ဆိုးသွမ်းခဲ့သူကိုပင် ဖြစ်စေ လက်နက်ချ အလင်းဝင်လျှင် အပြစ်အားလုံးကို ခွင့်လွှတ်ပေးလေ့ရှိသည်။ နော်ခမ်းကိုလည်း အကြိမ်ကြိမ်ကမ်းလှမ်းခဲ့သည်။ နော်ခမ်းသာ မြန်မာစစ်တပ်ထံ အလင်းဝင်လာပါက ယခုချိန် စီးပွားရေးလုပ်ငန်းပိုင်ရှင် ဖြစ်နေမည်ဖြစ်ပြီး ခရိုနီဟု အပြောခံနေရမည်ဖြစ်သည်။
လူသတ်ခြင်းကို ပုရွက်ဆိပ်တစ်ကောင် သတ်သကဲ့သို့ သဘောထားသော စိုင်းနော်ခမ်းသည် ၎င်း၏အဖွဲ့တွင်းမှ တပည့်များကိုလည်း စိတ်မထင်လျှင် မထင်သလို ပစ်သတ်ခဲ့သူဖြစ်သည်။ နော်ခမ်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် စိုင်းနော်ခမ်းအဖွဲ့ဝင် (၂၅)ဦးဟာ တာချီလိတ်မြို့နယ် တပ်စခန်းတစ်ခုမှာ ၂၀၁၂ မေလ(၁၄)ရက်နေ့ ညနေပိုင်းက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်လာခဲ့ကြသည်။
စိုင်းနော်ခမ်း အဖွဲ့ဝင်သားများဖြစ်ကြတဲ့ ဦးယောဟန်ဦးဆောင်သော အဖွဲ့ဝင်(၆)ဦး ၊ ဦးယားအီ ဦးဆောင်သော အဖွဲ့ဝင်(၁၅)ဦး ၊ ဦးအားထူခေါင်းဆောင်တဲ့ အဖွဲ့ဝင်(၄)ဦး တို့ဟာ တာချီလိတ်မြို့အခြေစိုက် ခမရ(၃၅၉) တပ်ရင်းသို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြခြင် ဖြစ်သည်။
အဖွဲ့ သုံးဖွဲ့မှ M16 , M22 အမျိုးအစား မောင်းပြန်ရိုင်ဖယ်တွေ ၊ AK 47 အမျိုးအစား မောင်းပြန်ရိုင်ဖယ်တွေ ၊ လောင်ချာသေနတ်တွေ ၊ ပစ္စတိုတွေနဲ့ မိုင်းဗုံးတွေ ယူဆောင်လာကြပြီး နာရီပိုင်းအတွင်း တစ်ဖွဲ့စီ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။ စိုင်းနော်ခမ်းအဖွဲ့ ကိုင်ဆောင်သော လက်နက်အများစုမှ အမေရိကန်နိုင်ငံထုတ်လက်နက်များ ဖြစ်ပြီး SSA နှင့် ရှမ်းသောင်းကျန်းသူ၊ ပအို့သောင်းကျန်းသူ တို့ ကိုင်ဆောင်သော လက်နက်များနှင့် နံပါတ်များ တူညီနေသည်။ သို့ဖြစ်၍ ရှမ်းပြည်နယ် တစ်ခုလုံး ဘိန်းစားဖြစ်ရေး စီမံကိန်းကို နော်ခမ်း၊ အမေရိကန် နှင့် ရှမ်းသောင်းကျန်းသူတို့ ပူးပေါင်း လုပ်ဆောင်ေ နခဲ့ကြကြောင်း သုံးသပ်ရပြီး ၎င်းတို့ကြောင့်ပင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နိုင်ငံများစာ ရင်းတွင် အာဖစ်ဂန်နစ္စတန်ပြီးလျှင် ဒုတိယမြောက် ဖြစ်ခဲ့ရသည်။ သို့သော် ထိုအချိန်က ကုလနှင့် ကမ္ဘာမှ အပြစ် တင်ဝေဖန်နေချိန်တွင် ဝမ်းသာအားရ အသံကျယ်ကျယ်အော်ခဲ့ကြသူများမှာ ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်ပြီး ယခုအချိန်တွင်တော့ ၎င်းတို့ကိုယ်တိုင်ကပင် နော်ခမ်းသေဆုံးမှုအား အာဇာနည် တစ်ဦးေ သးဆုံးသည့်အလား ဝမ်းနည်းကျေကွဲနေကြပြန်သည်။
စိုင်းနော်ခမ်း သေတဲ့ ကိစ္စ မှာ မိသားစုဝင် တစ်ယောက် အနေ အထားနဲ့ ဆိုရင်တော့ ၀မ်းနည်းစရာ ကိစ္စလေး ပါ လူသားအချင်းချင်းတစ်ယောက် အနေနဲ့ကြည့်မယ်ဆိုလည်း သနားစရာ စိတ်မပျော်စရာပါပဲ ဒါပေ မဲ့ အကျိုးရှိလို့ အကြောင်းဖြစ်ခဲ့ရခြင်းဖြစ်သည်။ သူသာမူးယစ်ရာဇာမဖြစ်ခဲ့ဘူး မူးယစ် ဓါးပြ မဖြစ်ခဲ့ ဘူး ဆိုပါက ဘ၀လည်းဒီလိုဘ၀ ဆိုးဖြစ်စရာမရှိပါ။ 
သို့သော် နော်ခမ်းမှ သူများနိုင်ငံသား (၁၃) ဦးကိုသတ်ခဲ့သည်။ ထို (၁၃ ) ဦးမိသားစုဝင်ကနေကြည့်မယ်ဆို ရင် သူ တစ်ယောက်တည်းနဲ့ ၁၃ ဦး နဲ့ အလှဲအလဲပေးခဲ့သဖြင့် အရှုံးမရှိပါ။ နော်ခမ်း၏ မူးယစ်ဆေး ဝါးကြောင့် ဘဝပျက်ခဲ့ရတဲ့ မိသားစုများများ၊ နော်ခမ်းကြောင့် ဆေးထိုးအပ် တန်းလန်းနှင့် သေဆုံးခဲ့ရသော မျိုးဆက် သစ် မြန်မာများ အများအပြားရှိနေပြီး ထိုအထဲတွင် သင်တို့၏ မိသားစုဝင်ပါနေပါက နော်ခမ်းေ သဆုံးမှုအတွက် သင်ဝမ်းနည်းမည်မဟုတ်ပါ။ ထို့အပြင် နော်ခမ်းသာ အမေရိကန်နိုင်ငံသား တစ်ဦးကို သတ်ခဲ့ပြီး အမေရိကန်နိုင်ငံမှ သေဒဏ်ပေးခဲ့ပါက သင်ဝမ်းနည်းချင်မှ ဝမ်းနည်းလိမ့်မည်။ 
တရုတ်သတ်လို့ သေတာ အခုမှသာ ဖြစ်သည်။ တရုတ်မှ သတ်တာတောင် ညှင်ညှင်သာသာဖြင့် ဆေးထိုး သတ်ခဲ့သည်။ ကုလားသတ်လို့ သေခဲ့ရသူ အများအပြားရှိသည်။ လည်လှီးသတ်ခံရသည်။ မုဒိန်းကျင့်ပြီးမှ ရုတ်ပျက်ဆင်းပျက် သတ်ခံရသည်။ ထိုအသတ်ခံရသူများမှာ နော်ခမ်းကဲ့သို့ သူတပါးအား ဒုက္ခပေး ဘဝပျက်အောင်လုပ်နေကြသူများမဟုတ်ပါ။ ရိုးသားသော ရခိုင်တိုင်းရင်းသူ တိုင်းရင်းသားများဖြစ်သည်။
ထူးဆန်းသည်မှာ အပစ်မဲ့ရခိုင်တိုင်းရင်းသားတို့ မုဒိန်းကျင့် ခေါင်းဖြတ် အသတ်ခံရစဉ် ၎င်းတို့ဖက်မှ မရပ်တ ည်ခဲ့ သူများက လူတကာကို ဒုက္ခပေးခဲ့သော ဘိန်းဘုရင် ဆေးထိုးအသတ်ခံရမှ ချုံးပွဲချ ငိုကြွေးနေ ကြခြင်းဖြစ်သည်။
 

11 comments:

ဟုတ်ပဗျာ မှန်လိုက်တဲ့စကားလုံးတွေ။ မိုးသီးဇွန်က စိုင်းနော်ခမ်းအလောင်းကို ရှမ်းပြည်မှာရုပ်ထု ထုထားခိုင်းတာလား? အဲတာဆို ကျွန်တော်တို့နေ့တိုင်း သေးနဲ့သွားပန်းရအောင်ဗျာ...အဟက်ဟက်

ဟုတ်ပဗျာ မှန်လိုက်တဲ့စကားလုံးတွေ။ မိုးသီးဇွန်က စိုင်းနော်ခမ်းအလောင်းကို ရှမ်းပြည်မှာရုပ်ထု ထုထားခိုင်းတာလား? အဲတာဆို ကျွန်တော်တို့နေ့တိုင်း သေးနဲ့သွားပန်းရအောင်ဗျာ...အဟက်ဟက်

ရုပ်ထုထုရင် ကျွန်တော်တို့တွေ သေးနဲ့သွားပန်းရအောင်ဗျာ....အဟက်ဟက်

နော်ခမ်းကို ခွေးနှင့် မနှိုင်းသင့်ပါ လူတွေပြောနေတာ က
သေဒဏ်ပေးခြင်းဆိုတာထက် အများသူငါ ကြည့်ရန်
cctv မှ live ထုတ်လွှင့်ပြသခြင်းဖြစ်ပါသည်။ ဆေးထိုး စီရင်တဲ့ ကိတ်စ ကို ဘာဖြစ်လို့ မြန်မာနိုင်ငံသား နော်ခမ်း ကျတော့မှ Live ပြရတာလဲ။ သူ့အပြစ်အတွက် သေဒဏ်စီရင်ပြီးရင် တော်ပီပေါ့။ အမေရိကန် နိုင်ငံသားဆိုရင် ဒီလိုလုပ်ရဲပါ့မလား။ ဒီတရုပ်တွေ live ပြဘို့ နေနေသာသာ သတ်တောင်သတ်ရဲမှာ မဟုတ်ဘူး။
နှစ်နိုင်ငံချစ်ကြည်ရေးဆိုပီး ပြန်လွှဲပေးလိမ့်မယ်

မှန် ပါ့ ။မှန်

ဝမ်းနည်း စရာလည်း မကောင်း သလို ၀မ်းသာစရာ လည်း မကောင်း ပါ။ တရားရစရာသာ ကောင်း သည်

နော်ခမ်း သေသင်ပါသည်။
CCTV မှလည်းသေဒဏ်ပေးပြီးကြောင်း ထုတ်ပြန်သင့်ပါသည်။
သို့သော် LIVE အနေုဖြင့် ပြသရန်မသင့်ပါ။

ဗျို့ ဆရာတို့  မြောက်ပိုင်းလူသတ်မှု ကျူးလွန်ခဲ့

တဲ့ ကျောင်းခွေး အမည်ခံ ခွေးဆိုးခွေးယုတ်တွေ

ရွာထဲ ဝင်လိုက်ထွက်လိုက် ပြန်လုပ်နေပြီနော်။

ဟောင်စားခွေးတစ်ချို့ ကလည်း မကြည်တဲ့

ကောင်မှန်သမျှ ခွေးအထောက်တော် တွေပါ ဆိုပြီး

စွပ်စွဲနေကြတယ် ။ ဟောင်စားခွေးတွေက အရင်

တုန်းက သတင်းပေးခွေး လုပ်လို့ ဟောင်စားလက်မှတ် ရကြတာဆို ။ အခုတော့ ပြန်
လှည့်ဟောင်နေပါရောလား ။

အဲဒီ ကျောင်းခွေး အမည်ခံ ခွေးဆိုးခွေးယုတ်တွေနဲ့ ဟောင်စားခွေးတွေ ပေါင်းပြီး လူဦးရေ ၁၃၅ မျိုး၇ယ် ခွေးလေခွေးလွင့်တွေ အများကြီး၇ယ် ရှိတဲ့ ၇ွာက ပညာရှိ အဟောင်းကြီးနဲ့ ခွေးဖမ်းအဖွဲ့ခေါင်းဆောင်တွေကို ခွေးခုံရုံး ပို့မမလေး ဘာလေး ကြီးကြီးကျယ်ကျယ်တွေ ပြောပြီး ဟောင်နေတယ်နော် ။

အရင်က အဲဒီ ကျောင်းခွေး ဟောင်စားခွေးတွေ ချီးထုတ် ငုံခဲ့ကြတာတွေကို သိရင် share ကြစမ်းပါဦး

မြောက်ပိုင်းလူသတ်မှု ကျူးလွန်ခဲ့တဲ့ ကျောင်းခွေး အကြောင်း

http://www.mmdailystar.com/2012/12/absdf.html

ရွာထဲဝင်လိုက်ထွက်လိုက် ပြန်လုပ်နေတဲ့
မြောက်ပိုင်းလူသတ်မှု ကျူးလွန်ခဲ့တဲ့ ကျောင်းခွေး အကြောင်း

မြောက်ပိုင်းလူသတ်မှု ကျူးလွန်ခဲ့တဲ့ ကျောင်းခွေး အကြောင်း

http://www.mmdailystar.com/2012/12/absdf.html

လူဦးရေ ၁၃၅ ၇ှိတဲ့ ရွာထဲကို ဝင်လိုက်ထွက်လိုက် ပြန်လုပ်နေတဲ့
မြောက်ပိုင်းလူသတ်မှု ကျူးလွန်ခဲ့တဲ့ ကျောင်းခွေး အကြောင်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်