From : http://mmforward.blogspot.com/2013/03/blog-post_8307.html
 
ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် မလက် တိုကျေးရွာ အုပ်စုအတွင်း 
ထုတ်ပြန် ထားသည့် ပုဒ်မ ၁၄၄ နှင့် ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များအား ဒေသ 
တည်ငြိမ်မှုအပေါ် မူတည်ပြီး လာမည့် ၄၈ နာရီ အတွင်း ရုတ်သိမ်းသွားမည် 
ဖြစ်ကြောင်း ဧရာဝ တီတိုင်း ဒေသကြီး ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး 
ဦးထွန်းမင်းက မတ်လ ၁ ရက် မွန်းလွဲပိုင်း ကပြောကြားခဲ့သည်။
ဒေသခံများ၏ လယ်ယာမြေ ပြန်လည်ရရှိရေးနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့
 မွန်းလွဲ ၁ နာရီက ခရိုင်အုပ်ချုပ်ရေးမှူး၏ အမိန့်ဖြင့် ပုဒ်မ ၁၄၄ 
ထုတ်ပြန်ခဲ့ပြီး ယင်းညတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ အကြား ပဋိပက္ခ 
ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၆ ဦးဒေသခံ ၁၅
 ဦး ဒဏ်ရာများ ရရှိခဲ့ကြသည်။
ဖေဖော်ဝါရီလ ၂၈ ရက် ညနေပိုင်းတွင်မူ နှစ်ဖက်အကြား ပြေလည်မှု ရရှိခဲ့ရာ 
ယင်းည၌ပင် ရဲတပ်ဖွဲ့ဝင် ၂၀၀ ၀န်းကျင်မှာ ၎င်းတို့၏ 
မူလဌာနေများသို့ပြန်လည်ထွက်ခွာခဲ့ပြီး ပဋိပက္ခ ဖြစ်ပွားသည့် နေရာ၌ 
လုံခြုံရေး ရယူရန် ရဲတပ်ဖွဲ့ဝင် ၈၀ ၀န်းကျင်သာ ကျန်ရှိခဲ့သည်။
ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက “လက်ရှိအချိန်မှာ 
အချင်းဖြစ်ပွားခဲ့တဲ့ နေရာမှာ တည်ငြိမ်မှု ရရှိနေပါတယ်။ ဆက်လက်ပြီး 
တည်ငြိမ်အေးချမ်းနေမယ် ဆိုရင် လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ 
ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ၄၈ နာရီအတွင်း ရုတ်သိမ်းဖို့ 
ဆောင်ရွက်သွားမှာပါ။ ဒါပေမယ့် ဆက်လက်ဆူပူမှုတွေ ပြန်ဖြစ်လာရင်တော့ ဥပဒေအရ 
ပုဒ်မ ၁၄၄ ဟာ သက်ရောက်မှု ရှိနေဆဲပါ” ဟု ပြောကြားခဲ့သည်။
ပဋိပက္ခဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူ ၄၂ ဦးအနက် ရန်ကုန်ဆေးရုံကြီးသို့ 
လွှဲပြောင်းပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ 
နံနက်ပိုင်းတွင် သေဆုံးခဲ့ပြီး ယင်းနေ့တွင် မအူပင်ဆေးရုံမှ ဒဏ်ရာ သက်သာ၍ 
ပြန်လွှတ်ခဲ့သူ ၁၆ ဦးရှိခဲ့ပြီး ဆေးရုံ၌ လူနာ ၂၆ ဦးဆေးဝါးကုသမှု ဆက်လက်ခံယူ 
ကျန်ရှိခဲ့သည်။
မတ်လ ၁ ရက်နေ့တွင်မူ ဆေးရုံတွင် ကျန်ရှိနေသည့် လူနာ ၂၆ ဦး စလုံး ဒဏ်ရာသက်သာ
 သောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။
ဒေသခံများမှ ၎င်းတို့၏ လယ်ယာမြေများ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေးပြုရန် 
တောင်းဆိုသည့် နေရာများတွင် ဧက ၅၅၀ အား Orchard ကုမ္ပဏီအား 
ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ၂၀၀၆ ခုနှစ်က မအူပင် 
ငါးမွေးမြူရေး လုပ်ငန်းမှ ခွင့်ပြုပေးခဲ့ကြောင်း မအူပင်မြို့နယ် 
ငါးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
Orchard ကုမ္ပဏီအနေဖြင့် မအူပင်မြို့နယ် အတွင်း၌ မြေဧက ၁၀၀၀၀ ၀န်းကျင် 
ပိုင်ဆိုင်ထားကြောင်းလည်း မအူပင်မြို့နယ် ငါးလုပ်ငန်း ကော်မတီမှ ရရှိသော 
သတင်းများအရ သိရသည်။
Orchard ကုမ္ပဏီ အနေဖြင့် ၎င်းတို့ပိုင် ငါးကန်များအတွင်းသို့ အကြမ်းဖက် 
ကျူးကျော်သူ အယောက် ၁၀၀ ခန့်မှ ၀င်ရောက်၍ ၀ါးများမီးရှို့ ဖျက်ဆီးခြင်း 
တာဘောင်အား ချိုးဖျက်၍ အတွင်းမှ ရေနှင့်ငါးများ ကန်ပြင်ရောက်အောင် 
ပြုလုပ်ခြင်း၊ ပိုင်နက်ကျူးလွန်ခြင်းများ ပြုလုပ်နေမှုများအား တရားဥပဒေအရ 
ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ် 
အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေး 
ဦးစီးဌာနများသို့ ယင်းကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ 
ဒေါက်တာမြင့်စိန်ကိုယ်စား သားဖြစ်သူ ဦးနောင်ဇော်လတ်မှ ဖေဖော်ဝါရီလ ၂၅ ရက်က 
တိုင်ကြားစာ
ပေးပို့ခဲ့ကြောင်း သိရသည်။



0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်