Subscribe to our RSS Feed

အမေရိကန်သမ္မတစီးသည့်ကား လောင်စာဆီ မှားထည့်မိသဖြင့် စက်ချွတ်ယွင်း

From : ..planet

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယန်လေဆိပ်တွင် ရပ်နားထားစဉ် ဓာတ်ဆီအစား ဒီဇယ်ထည့်မိသဖြင့် စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတစီးသည့်ကား လောင်စာဆီ မှားထည့်မိသဖြင့် စက်ချွတ်ယွင်း
အိုဘားမား၏ အစ္စရေးခရီးစဉ်အတွင်း အမေရိကန်သမ္မတ စီးနင်းလိုက်ပါလေ့ရှိသည့် "Beast" ကျည်ကာဇိမ်ခံ မော်တော်ကားများအနက်မှ တစ်စီးမှာ လောင်စာဆီ မှားယွင်းထည့်မှုကြောင့် စက်ချွတ်ယွင်းမှုဖြစ်ခဲ့ကြောင်း သိရသည်။ စက်ချွတ်ယွင်းမှု ဖြစ်ပေါ်သည့်ကားမှာ ဝါရှင်တန်မှ တိုက်ရိုက် သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အိုဘားမား၏ သုံးရက်ကြာ ခရီးစဉ်စဉ်အတွင်း ပထမဆုံး မမျှော်လင့်သည့်ချွတ်ယွင်းမှု ကြုံရခြင်းလည်းဖြစ်သည်။

obama-beast

(အစ္စရေးသမ္မတ အိမ်တော်အပြင်ဘက်တွင် ရပ်ထားသည့် အမေရိကန်သမ္မတ စီးနင်းသော မော်တော်ကား)

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယန်လေဆိပ်တွင် ရပ်နားထားစဉ် ဓာတ်ဆီအစား ဒီဇယ်ထည့်မိသဖြင့် စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ စက်ချွတ်ယွင်းမှု ဖြစ်ပေါ်ပြီးနောက် သမ္မတ စီးနင်းသည့် အခြား ကားတစ်စီးကို ဂျော်ဒန်မှ သယ်ယူခဲ့ရကြောင်း RT News တွင် ဖော်ပြသည်။ အမေရိကန်သမ္မတ အိုဘားမားသည် အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ လေဆိပ်သို့ရောက်ရှိလာပြီးနောက် လေဆိပ်မှ ဂျေရုဆလင်မ်သို့ သမ္မတရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားသည်။

Obama

(အမေရိကန်သမ္မတ အိုဘားမားကို အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက ကြိုဆိုနှုတ်ဆက်စဉ်)

သမ္မတအိုဘားမား၏ ရဟတ်ယာဉ်အား ဘလက်ဟော့ခ်ရဟတ်ယာဉ်များက လိုက်ပါစောင့်ရှောက်ခဲ့ကြသည်။ အိုဘားမားသည် ၎င်း၏ခရီးစဉ်အတွင်း လုံခြုံရေးအရာရှိများ အပါအဝင် လူအင်အားနှင့် ပစ္စည်းပစ္စယ အများအပြား ပါရှိလာခဲ့ခြင်းအတွက် အစ္စရေးတာဝန်ရှိသူများအား အစောပိုင်းက တောင်းပန်စကားဆိုခဲ့သေးသည်။ "Beast" ဟု ခေါ်ဝေါ်ကြသည့် အမေရိကန်သမ္မတ စီးနင်းလေ့ရှိသည့် ကျည်ကာဇီမ်ခံ မော်တော်ကားမှာ သေနတ်ဖြင့် ပစ်ခတ်မှုအပြင် ဇီဝ၊ ဓာတုနည်းဖြင့် တိုက်ခိုက်မှုကိုပင် ခံနိုင်အောင် အဆင့်မြင့် ပြုပြင်ထားကြောင်း သိရှိရသည်။
.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်