၂၈၊၂၊၂၀၁၃ရက်နေ့ နေ့လည် ၁၁နာရီ၃၀မိနစ်ခန့်က ကသာမြို့ရဲစခန်းတွင် တာဝန်မှူးတာဝန်ထမ်းဆောင်နေသော ရဲအုပ်မျိုးမြင့်သိန်းဆိုသည့် ရဲအရာရှိ တစ်ဦး တာဝန်ထမ်းဆောင်နေစဉ်အတွင်း တရားခံမှ ဓါးဖြင့်ထိုးခဲ့သဖြင့်ယခုအချိန်တွင် ကသာခရိုင်ပြည် သူ့ဆေးရုံကြီးခွဲစိပ်ခန်း တွင် အရေးပေါ် ခွဲစိပ်ကုသမှုခံယူနေရကြောင်းသိရှိရပါသည်၊အသက်အန္တရာယ်ထိခိုက်နိုင်ရှိမရှိနှင့် ဒါဏ်ယာပြင်းထန်းမှုအခြေအနေကို မသိရသေးကြောင်းသတင်း ရရှိပါသည်၊
ရဲအုပ်မျိုးမြင့်သိန်းကို ဒါးဖြင့်ထိုးခဲ့သူ အသက်(၁၉)နှစ်ရှိ တရားခံစိုးစိုး(ဘ)ဦးမှတ်အား အချိန်ပိုင်းအတွင်း ကသာခရိုင်ဒ/န အဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးခိုင်နှင့်တပ်ဖွဲ့ဝင်(၃)ဦးတို့က အခင်းဖြစ်ရာနေရာ၌ပင် သွားရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း
သိရပါသည်၊
အမှုဖြစ်စဉ်မှာ ရဲအုပ်မျိုးမြင့်သိန်းတာဝန်မှူးအဖြစ်တာဝန် ထမ်းဆောင်နေသော ရဲစခန်းသို့ ဒေါ်ခင်သိန်း(ခ)ဒေါ်ဒါဘီ ယာ(အသက်၇၈နှစ်)မှ လာရောက်တိုင်ကြားသည်မှာ
တစ်ချိန်က ချွေး မတော်စပ်ဖူးသူ နှင့် မောင်ဖြစ်သူများမှ
ဒေါ်ခင်သိန်းပိုင် အိမ်ဝန်းအတွင်း မိမိ၏က ခွင့်မပြုပါဘဲ အိမ်ဆောက်နေသဖြင့် လာရောက်တာဆီးပေးပါရန်တိုင်ကြားခဲ့သဖြင့် ရဲအုပ်မျိုးမြင့်သိန်းနှင့် တပ်ဖွဲ့ဝင်တစ်ဦးတို့ အမှုဖြစ်ရာ ရပ်ကွက်(၉)အပိုင်း(၃)သို့ သွားရောက်တားဆီးခဲ့ပါသည်၊
ထိုသို့တားဆီး၍ ရဲစခန်းသို့ လိုက်ပါဖြေရှင်းကြဖို့ပြောဆိုရာတွင် သန်းထွန်းမင်း(၂၈နှစ်)ဘ-ဦးမှတ်မှ ဒါးမဖြင့်ပေါက်ပြီး နေ အိမ်သို့ ပြန်သွားခဲ့ပါသည်၊
ရဲအုပ်မျိုးမြင့်သိန်းမှ သန်းထွန်းမင်းနောက်သို့ လိုက်သွားရာ သန်းထွန်းမင်း၏ညီဖြစ်သူ စိုးစိုးမှ အရိုးအသွား၁၃.၅လက်မ ရှိ ဓါးမြှောင်ဖြင့် အိမ်ထဲမှ ထွက်ထိုးခဲ့ခြင်းဖြစ်ကြောင်းမျက်မြင်များက ပြောဆိုပါသည်၊
ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ကသာရဲစခန်းမှ (ပ)၅၆/၂၀၁၃ဖြင့်တိုင်ချက်ရေး သွင်းပြီး ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၃၃/၁၁၄ဖြင့် အရေးယူအမှုဖွင့်ထားကြောင်းသိရပါသည်၊
www.MyanmarExpress.net
7 comments:
မှတ်လောက်သားလောက်အောင် အပြစ်ပေးပါ။
စစ်တပ်က မင်းအမေလင်တွေမို့ လို့လား
အော်
ရဲအုပ် -မျိုးမြင့်သိန်း မဟုတ်ပါ
ဒုရဲအုပ်ပါ။
မြန်မာလူထုကစစ်တပ်အုပ်ချုပ်မှသာ စည်းကမ်းရှိတတ်တာကအမှန်ဘဲ့
အဲ့မို့ အ၇င်တပ်မတော်အစိုး၇အုပ်ချုပ်နေတဲ့အခါထက် အခု လုသတ်မှုတွေ၇ာဇဝတ်မှုတွေပိုများလာတာဘဲ့
ဖြစ်တာကအမျိုး ခံလိုက်ရတာကရဲ။......ရဲတပ်ဖွဲ့မရှိရင်......?
ဒီမိုလုပ်စားတွေက ဒီမိုကေ၇စီ ဒီမိုကေ၇စီ အော်ပီး နောက်ကွယ်ကနေသွေးထိုးပေးတယ် မသိနားမလည်တဲ့လူတွေက ဒီမိုလုပ်စားတွေ၇ဲ့စကားကိုနားယောင်ပီး စည်းကမ်းမဲ့ေ၇ှာက်လုပ်နေကြတယ် ဥပဒေကိုချိုးဖေါက်နေကြတယ်
အမေ၇ိကန်ကဒီမိုကေ၇စီမျိုးက မြန်မာပြည်၇ဲ့အနေအထားနဲ့လုံးဝမသင့်တော်ဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်