From : Myit Makha Mediagroup on 4 Mar, 2013
www.MyanmarExpress.net
လာမည့်
ဧပြီလမှစ၍
အခွန်ငွေပေးဆောင်ကာယာဉ်ရပ်နားရန်နေရာအသုံးပြုခွင့်ရရှိထားသူများအား ဆက်လက်
အသုံးပြုခွင့် မပေးတော့ဘဲ
ရုတ်သိမ်းသွားမည်ဖြစ်ကြောင်းမြို့တော်စည်ပင်ဆောက်လုပ်ရေး (လမ်းတံတား)ဌာနမှ
သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ
ကုမ္ပဏီနှင့်ဆိုင်ခန်းအချို့တွင် ၄င်း၏ ဈေးဝယ်များ အဆင်ပြေစေရန်အတွက်
ယာဉ်ရပ်နားရန်အခွန်ဆောင်၍ နေရာများပြုလုပ်ထားမှုများရှိသည့်အပေါ်တွင်
ယခုကဲ့သို့နေရာအတွက် အခမဲ့စနစ်သို့ ပြောင်းလဲ လိုက်ခြင်းဖြစ်သည်။
`ကိုယ်ပိုင်
ကားပါကင်တွေကို အရင်က ပေးထားတယ်။ကိုယ်ပိုင်ကားပါကင်ပေးထားတာတွေကို
ဖျက်သိမ်း လိုက်ပြီ။ အခွန်ဆောင်ထားတဲ့နေရာတွေလည်း ဒီဘဏ္ဍာနှစ် အကုန် ၎
လပိုင်း ကစပြီး မပေးတော့ဘူး။ Free Parkingလုပ်မယ်၊ကိုယ် အိမ်ရှေ့ဆိုပြီး
ကိုယ့်ကားပဲ ရပ်မယ်ဆိုပြီး မရတော့ဘူး၊အကုန်လုံး ရပ်လို့ ရသွားမယ်၊´ဟု မြို့တော်စည်ပင်ဆောက်လုပ်ရေး (လမ်းတံတား)အရာရှိတစ်ဦးကပြောသည်။
ယခင်က အခွန်ဆောင်ကား ပါကင်များအပါအ၀င် အိမ်၊
ခြံ ရှေ့များတွင်အခြားသူများယာဉ်ရပ်နားမှုအား တားဆီးကန့်သတ်
ဆိုင်းဘုတ်များ၊ကွန်ကရစ်တုံးများကိုလည်း
ရပ်ကွက်အုပ်ချုပ်ရေးရုံးများနှင့်ပူးပေါင်းဖယ်ရှား သွားမည်ဖြစ်ကြောင်းနှင့်
ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်ဆောက်လုပ်ရေး (လမ်းတံတား)
ဌာနမှသိရှိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံသို့ညွှန်ကြားထားပြီးဖြစ်ကြောင်းကိုလည်း လမ်းတံတားဋ္ဌာနမှ သိရသည်။
ယခုကဲ့သို့
အခမဲ့ ကားပါကင်စနစ်ပြောင်းလဲလိုက်သည့်အတွက်ပိုင်ရှင်များအနေဖြင့်
မိမိနေအိမ်တိုက်တာ ဈေးဆိုင်အရှေ့တွင် အခြား ယာဉ်များ
အချိန်ကြာမြင့်စွှာရပ်ဆိုင်းထားပါက ၄င်းတို့အနေဖြင့်
အခက်တွေ့နိုင်ကြောင်းကိုလည်း သိရသည်။

.jpg)

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်