From : MWD
မကြာသေးမီက ချမှတ်ခဲ့သော မြောက်ကိုရီးယား နိုင်ငံအပေါ် ဆန့်ကျင်သည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် များအား တရုတ်နိုင်ငံ အနေဖြင့် ထောက်ခံသော် လည်း မြောက်ကိုရီးယား နိုင်ငံအား ပစ်ပယ်ထားမည် မဟုတ်ကြောင်းနှင့် မြောက် ကိုရီးယား နိုင်ငံ အရေးကိစ္စအား ဖြေရှင်းရေးနှင့် ပတ်သက်၍ အရေးယူပိတ်ဆို့မှု များသည် အခြေခံကျသော နည်းလမ်းများ မဟုတ်ကြောင်း တရုတ်နိုင်ငံမှ ပြောကြားလိုက်ပါသည်။
မြောက်ကိုရီးယား နိုင်ငံအပေါ် ဆန့်ကျင်သည့် ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများအား တရုတ်နိုင်ငံ အနေဖြင့် ထောက်ခံခဲ့သော်လည်း မြောက်ကိုရီးယား နိုင်ငံနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏ သဘောထား အား ပြောင်းလဲသွားမည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Zhang Weijian က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ ပြောကြားခဲ့ပါသည်။ အရေးယူ ပိတ်ဆို့မှုများသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ လုပ်ဆောင်သည့် ဆောင်ရွက်မှုများ၏ အဆုံးသတ် မဟုတ်ကြောင်းနှင့် အရေးယူပိတ်ဆို့မှု များသည် သက်ဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းရန်အတွက် အခြေခံနည်းလမ်းများ မဟုတ်ကြောင်းကို မိမိတို့ အနေဖြင့် ယုံကြည်ကြောင်း ၎င်းမှ သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်