Subscribe to our RSS Feed

KIA တပ်ဖွဲ့ဝင်များကိုယ်တိုင် သစ်လုပ်ငန်းလုပ်ကိုင်

From :http://www.kachindailynews.com/2013/02/kia_3585.html

    မန်စီမြို့နယ် နန့်ဟန်ရွာအနီးတွင် KIA မှအဖွဲ့တစ်ဖွဲ့သည် သစ်ပင်များကို ခုတ်လှဲပြီး ယမန်နေ့ ညနေ ၃နာရီခွဲခန့်တွင် ဒေသခံသစ်တင်ယှာုများကို အတင်းခေါ်ယူပြီး သစ်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် နေကြောင်း သိရှိရပါသည်။ ခုတ်ယူပြီး သစ်များကို သစ်တင်ယာဉ်များဖြင့် တရုတ်နိုင်ငံသို့ သယ်ဆောင်သွား သည်ဟု သစ်တင်ယာဉ်မောင်းတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။ အခြားသူများ၏ သစ်များလည်းပါဝင် သလို ၎င်းတို့ကိုယ်တိုင်လည်း သစ်များကို ခုတ်ယူပြီး သယ်ဆောင်နေတာဖြစ်ပါသည်။ သယ်ဆောင်ဖို့ သစ်တင်ယာဉ်များကို ခေါ်ယူပေမယ့် ကျွန်တော်တို့ကို အခကြေးငွေမပေးဘဲ ခိုင်းစေနေသည်ဟု ၎င်းသစ်တင် ယာဉ်မောင်းတစ်ဦးမှပြောဆိုခဲ့ပါသည်။

    အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့်အပေါ် KIA က အခွင့်ကောင်းယူပြီး သစ်များကိုခုတ်ယူပြီး
တရုတ်နိုင်ငံသို့ပို့ဆောင် ရောင်းချပြီး လက်နက်ရိက္ခာတွေ ဖြည့်တင်းမှုတွေပြုလုပ်နေကြောင်း၊ လူသစ်များ ကိုလည်း စုဆောင်းမှုတွေလုပ်ဆောင်နေကာ အင်အားစုဆောင်းမှုတွေပြုလုပ်နေတာကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း မန်စီဒေသခံတစ်ဦးမှပြောဆိုခဲ့ပါသည်။

 . www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်