From :Myit Makha Mediagroup on 1 Mar, 2013
.
www.MyanmarExpress.net
၂၀၁၃ ခုနှစ်မှ ၂၀၂၈ခုနှစ်အတွင်း ရန်ကုန်မြို့၌
အဆင့်မြင့်တန်ဖိုးနည်းအိမ်ရာ တစ်သန်း ဆောက်လုပ်သွားရန် အစီအစဉ်ရှိသည်ဟု
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရှိရသည်။
“၂၀၁၃
ခုနှစ်မှာ စတင်တည်ဆောက်ဖို့ လျာထားတယ်၊ ဒါပေမဲ့ အခုထိတော့ အကောင်အထည်
မဖော် ရသေးဘူး၊ ဒါပေမယ့် ၂၀၂၈ခုနှစ်အထိကို ဒီစီမံကိန်း(၆)ခုလျာထားပြီး
အပြီးဆောက်မှာပါ “ ဟု အိုးအိမ်မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အဆိုပါ
စီမံကိန်း၏ ကနဦးအစီအစဉ်အဖြစ် ၂၀၁၃ခုနှစ်အတွင်းတွင် စီမံကိန်း(၂)ခုကို
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်လမ်းနှင့် ရတနာလမ်းတို့တွင်
အပြီးဆောက်လုပ်ရန် အစီအစဉ်ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီး ဌာနမှ
ဒုတိယညွှန်ကြားရေးမှူးက ဆိုသည်။
“ဒီ
၂၀၁၃ခုနှစ်အတွင်းမှာ စီမံကိန်း(၂)ခုလုံးကို ဒဂုံဆိပ်ကမ်းမြို့နယ်က
ဧရာဝဏ်လမ်းနဲ့ ရတနာလမ်းသစ်မှာ အပြီး ဆောက်မှာပါ။
စီမံကိန်းနှစ်ခုစလုံးတွက်မယ်ဆိုရင် (၁၈)ထပ်ပါတဲ့ အဆောက်အဦး
(၆၄)လုံးဆောက်မယ်၊ အခန်းအားလုံးပေါင်း(၁၇၀၀၀)ကျော် ဆောက်မယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးက ပြောသည်။
အဆိုပါ
စီမံကိန်း(၂)ခုပြီးစီးပါက တစ်ခန်းလျှင် ငွေကျပ် (၁၈၄)သိန်း ၀န်းကျင်ဖြင့်
မည်သူမဆို ၀ယ်ယူနိုင်ရန် ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်သည်
ရန်ကုန်မြို့တွင်းနှင့်အလှမ်းဝေးသည့်အတွက် ၀ယ်ယူရန်အခွင့်အလမ်းနည်းပါး
နိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ပြောဆိုကြသည်။
“
တန်ဖိုးနည်းအိမ်ရာဆိုတာ ဖြစ်ဖို့ မြေကတန်ဖိုးနည်းရမယ်လေ၊ ဒီတော့
မြေဈေးပေါတဲ့နေရာက ရန်ကုန်မြို့ ထဲမှာဆိုရင် မရှိသလောက်ပဲ၊
မြို့စွန်မြို့ဖျားတွေမှာပဲရှိတယ်၊ ဒီတော့ မြို့ထဲမှာပဲနေချင်တဲ့
သူတွေကတော့ အဲ့ဒီဘက်တွေကို စဉ်းစားမှာ မဟုတ်ဘူး” ဟု ထက်သီရိအောင်အိမ်အကျိုးဆောင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့အတွင်းရှိ
ပြည်သူအချို့မှာ တန်ဖိုးနည်းအိမ်ရာဝယ်ယူရန် စိတ်ဝင်စားမှုရှိသော်လည်း မိမိ
လုပ်ကိုင်သည့် အလုပ်နှင့်ဝေးသောနေရာဖြစ်ခြင်းကြောင့် အဆင်မပြေနိုင်ကြောင်း
ကမာရွတ်မြို့နယ်နေ ပြည်သူ တစ်ဦးက ဆိုသည်။
“
ကျမတို့က ၀န်ထမ်းတွေဆိုတော့ တန်ဖိုးနည်းတွေ ၀ယ်ခွင့်ရတယ်ပဲ ထားဦး၊ အလုပ်က
မြို့ထဲမှာ၊ အခု ဆောက်မှာတွေက ဒဂုံဆိပ်ကမ်းဘက်တို့လိုနေရာတွေမှာ
ဆောက်မယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး၊ ဒီ တော့ မြို့ထဲမှာပဲ
ငှားဖြစ်ဦးမှာပဲ” ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူ ကေဇင်ထက်က ပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင်
တည်ဆောက်မည့် အဆင့်မြင့်တန်ဖိုးနည်းအိမ်ရာစီမံကိန်း(၂)ခု အတွက် မြေဧက
(၂၂၀)ခန့်ကို အသုံးပြုမည်ဖြစ်ပြီးပြီးစီးပါက အရစ်ကျစနစ်ဖြင့်
ရောင်းချပေးမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်