Subscribe to our RSS Feed

နေပြည်တော်ဇမ္ဗူသီရီတွင် အိမ်သာအတွင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးမှုဖြစ်ပွား

From : ..popular

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊တိုက်အမှတ်(၄၃၁၇)၊ အခန်းအမှတ်(၂၃)တွင် မတ်၁၇ရက်က
မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်သာအတွင်း အမျိုးသမီးတစ်ဦးမီးလောင်သေဆုံးနေသည်ကိုတွေ့ရကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲ့မှသိရသည်။


မီးလောင်မှုဖြစ်ပွားရာသို့သတင်းအရ နေပြည်တော် အမှတ်(၉)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ
သတင်းနှင့်နည်းပညာဝန်ကြီးဌာန၊ ဗဟိုစာတိုက်ကြီးမှ ဦး---၏ဇနီးဖြစ်သူ ဒေါ်----(၃၃)နှစ်အား နေအိမ်တိုက်ခန်း အိမ်သာအတွင်း
မီးလောင်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း၊ ခင်ပွန်းဖြစ်သူ ဦး--မှာ ဇနီးသည် မီးလောင်နေသည်ကို
ငြှိမ်းသတ်စဉ် ၀ဲ/ယာလက်တို့တွင် မီးလောင် ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့အပ်ခဲ့ကြောင်းသိရသည်။
နေပြည်တော်အမှတ်(၉) ရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာ
ဇနီးဖြစ်သူ ဒေါ်---မှာ နေအိမ်၌ ဈေးဆိုင်/ လက်လီဖွင့်လှစ်ရောင်းချပြီး ငွေကြေးလိုအပ်နေသဖြင့်
လွန်ခဲ့သောတစ်ပတ်ခန့်က ငွေကျပ်(၆၅၀၀၀၀ိ/-)အား ပြင်ပမှချေးယူပေးခဲ့ကြောင်း၊
အခင်းဖြစ်နေ့ တွင် ရေလောင်းအိမ်သာခန်း အတွင်းမှ အသံများကြားရသဖြင့် တံခါးအားဆောင့်ဖွင့်ရာ
မီးတောက်များ အခန်းအပြင်သို့ထွက်လာပြီးဦး--၏လည်ပင်း၊ ရင်ဘတ်၊ ယာဘက်ခြေထောက်နှင့် လက်နှစ်ဘက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊
၎င်း၏ အော်ဟစ်အကူအညီတောင်းခံမှုကြောင့်နေအိမ်တိုက်ခန်းနေထိုင်သူများမှ မီးသတ် ဆေးဗူးများဖြင့်ရောက်ရှိလာပြီး ၀ိုင်းဝန်းမီးငြှိမ်းသတ်သဖြင့် မီးငြိမ်းသွားခဲ့သည်။
ဒေါ်---မှာ ရေလောင်းအိမ်သာခန်း အနောက်ဘက်နံရံတွင် ခေါင်းမှီ၍ မီးလောင် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့်
တိုက်အုပ်ဖြစ်သူက အမှတ်(၉)ရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် သေဆုံးသူ ဒေါ်--မှာ ပျဉ်းမနားမြို့၊ ကျောက်တော်ရပ်ကွက်ဇာတိဖြစ်ပြီး၎င်းတို့တွင် အသက်(၅)နှစ်အရွယ်ခန့်ရှိ သားတစ်ဦး ရှိကြောင်း၊
၎င်းတို့လင်မယားရန်ဖြစ်သည်ကို တွေ့မြင်ကြားသိခဲ့ရခြင်းမရှိကြောင်း ပတ်ဝန်းကျင် သက်သေများ၏ ပြောပြချက်အရ သိရှိရပြီး
မှုခင်းဆရာဝန်ကြီး၏ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူ ဒေါ်ခင်သန်းထွေးတွင် မီးလောင်ဒဏ်ရာမှအပ
အခြားဒဏ်ရာများ တွေ့ရှိရခြင်းမရှိကြောင်းနှင့် မသေဆုံးမီ အသက်ရှူလမ်းကြောင်းမှတဆင့် အဆုတ်ထဲသို့ မီးခိုးငွေ့များဝင်ရောက်ပြီး
သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။t


 .. www.MyanmarExpress.net
 

3 comments:

မြန်မာပြည်မှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ မသိမသာ ခံစားနေရတဲ့ သူတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် သာ ဒီလို အဖြစ်မျိုးတွေ ဖြစ်နေရတယ်။ စိတ်ကျမ်းမာရေး ၊ စိတ်ဖိစီးမှု စတာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး ၀န်ထမ်းတွေဟာ သူတို့နဲ့ ထိတွေ့နေတဲ့ လူနာတွေကို ပညာပေးသင့်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ အဲဒီလို ပညာပေး ဆွေးနွေးပေး တဲ့ ဆရာဝန်တွေကို အပိုဝင်ငွေ ရတဲ့ ဖြည့်စွက်ပုံစံ လုပ်ထားပေးပြီး လူနာနဲ့ တွေ့တဲ့ အခါ ဆွေးနွေးမှု အပေါ်မူတည်ပြီး အပိုဆေင်းငွေ ပေးပြီး ပညာပေးရေး (prevention)လုပ်ပါတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာ စိတ်ဖိစီးမှု။ စိတ်ကျမ်းမာရေး စတာတွေနဲ့ ပတ်သက်ပြီး လွှတ်တော် အဆင့်ထိ တင်ပြပြီး လုပ်သင့်ပါပြီ။

၅၀%ကတော့သူ့ယောင်္ကျားသတ်တာဖြစ်နိုင်တယ်

အဲဒါ သူယောကျာ်းက သတ်တာပေါ. ရှင်းနေတာဘဲ ဖမ်းလေ အဲဒီကောင်ကို

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်