တပ်မတော်သားများ facebook သုံးလျှင် အရေးယူခံရမည်ဖြစ်ကြောင်း၊ facebook, twitter နှင့် အခြား social network များကို လုံးဝ လုံးဝ မသုံးစွဲရကြောင်းအား facebook ပေါ်တွင် စစ်သားအချင်းချင်း သတိပေးလျှက်ရှိသည်ကို တွေ့ရသည်။
ရုရှားရောက် စစ်ဗိုလ်တစ်ဦးဟု ယူဆရသော oppositeye.info တွင် တပ်မတော်အရာရှိ/စစ်သည်များ Facebook,Twitter မသုံးရ ဟု အမိန့်ထုတ်ပြန်ကြောင်းကို အောက်ပါ အတိုင်း ဖော်ပြထားသည်။
အကြောင်းအရာ။ Social Network(Facebook, Twitter, Google+,etc) တို့အား သုံးစွဲ မှုများနှင့် စပ်လျဉ်း၍ တပ်မတော်၏ လျှို့ဝှက်အပ်သော သတင်းအချက်များမပေါက်ကြားစေရန် ထိန်းသိမ်းဆောင် ရွက်ရေး
၁။ ----------------------------------------------------------------------------------------------------------------------
၂။ ----------------------------------------------------------------------------------------------------
(က) Facebook, Twitter, etc account ၏ကိုယ်ရေးအချက်အလက် များ(profile)အားဖြည့်စွက် ရာတွင် မိမိသည်တပ်မတော်မှ အရာရှိ/ စစ်သည် ဖြစ်ကြောင်း၊ အဆင့်/တံဆိပ်များ ပါရှိသည့် စစ်ဝတ်စုံများ ဖြင့်ဖော်ပြခြင်းနှင့် ကိုယ်ပိုင်အမှတ်အဆင့်အမည် တပ်များ အား အမှန်အတိုင်း အသုံးပြု ခြင်း။
(ခ) Video Chat/chat Box များတွင်ဝင်ရောက်၍ စကားပြောဆိုခြင်း များပြုလုပ်ပါက တပ်မတော်နှင့် သက်ဆိုင်သည့် လုံခြုံမှု အဆင့် အတန်းရှိသော လျှို့ဝှက်အကြောင်းအရာများအား ထည့်သွင်း ပြောဆိုခြင်း။
(ဂ) မိမိနှင့် ယခင်က ရင်းနှီးကျွမ်းဝင်ခြင်းမရှိဘဲ Internet တွင်တွေ့ရှိသူ များအား Friend ပြုလုပ်၍ မိတ်ဆွေဖွဲ့ ပြီးလက်ခံ စကား ပြောဆိုခြင်း။
(ဃ) တပ်မတော်နှင့်သက်ဆိုင်သည့်ထူးခြားဖြစ်စဉ်များ၊ မသိသင့် မသိ ထိုက်သည့် ကိစ္စများအား အခွင့်မရှိဘဲပြောဆို ဖော်ပြခြင်း။
(င) တရားဝင်သတင်းထုတ်ပြန်/ဖော်ပြခြင်းမရှိသည့် တပ်မတော် အကြီး အကဲများနှင့် အရေးကြီး ပုဂ္ဂိုလ်များ၏လှုပ်ရှားသွားလာ မှုများအား ထုတ်ပြန်ဖော်ပြခြင်း။
၃။ သို့ဖြစ်ပါ၍အရာရှိ/စစ်သည်များအနေဖြင့် Social Networkအား
လုံးဝ(လုံးဝ)သုံးစွဲခြင်းမပြု ရန်၊လက်ရှိ အသုံးပြုနေပါက ပယ်ဖျက်ရန်၊မိမိအမည်အ
ကြောင်း အရာ ဓါတ်ပုံများအား ဖော်ပြ အသုံးချ၍ Social Networkတွင်မဟုတ်မမှန်
သတင်းများထုတ်ပြန်ဖော်ပြနေသည်ကို သိရှိရပါက တင်ပြသွားရန် ………………….
……… ………။
၎။ -------------------------------------------------------------------
---------------------------------------လိုက်နာမှု မရှိပါက စစ်စည်းကမ်း အရအရေး
ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း------------------။
ဟူ၍ဖြစ်သည်။
တပ်မတော်သားများအနေဖြင့် facebook ပေါ်တွင် နေ့စဉ်ဖြစ်၊ စားသမျှ၊ သွားသမျှ၊ တွေ့သမျှအားလုံးကို စာသားဖြင့်လည်းကောင်း၊ ဓာတ်ပုံများဖြင့်လည်းကောင်း အများသိအောင် status update မလုပ် သင့် သည့်အကြောင်း နှင့် မိမိနှင့် နှစ်ဦးတည်းသာ သက်ဆိုင်သော အမျိုးသမီးများနှင့် အပြန်အလှန် အချစ်အကြောင်းဖွဲ့နွဲ့မှုများကို public ဖွင့်ကာ "ကိုကိုရေ၊ မောင်မောင်ရေ၊ သဲလေးရေ" စသည့် ရေးသားမှုများကို ခေါင်းဆောင်အရာရှိများအနေဖြင့် မလုပ်သင့်ကြောင်း ဝေဖန်မှုများ ပေါ်ထွက်လာပြီး ၂ ပတ်အကြာတွင် ယခုကဲ့သို့ အမိန့်ထွက်လာကြောင်း သတင်းပြန့်ခဲ့ခြင်းဖြစ်သည်။
၎င်းအမိန့်နှင့် ပတ်သက်၍ အကောင်းဖက်မှရော၊ အဆိုးဖက်မှပါ ဝေဖန်မှုများ အများအပြားရှိနေပြီး အမိန့်တွင်ပါရှိသည့် အွန်လိုင်းပေါ်တွင် ရင်းနီးသော အခြားနိုင်ငံများမှ friend များ၊ အွန်လိုင်းပေါ်မှ တွေ့ကာ ချစ်ကြိုက်ကြသော ချစ်သူရည်းစား များ အား တပ်တွင်းကိစ္စရပ်များ ပြောဆိုခြင်း၊ မိမိနေထိုင်ရာသို့ ခေါ်ဆောင်ခြင်း များ မလုပ်သင့်ကြောင်းကို စီနီယာအရာရှိအများစုမှ ထောက်ခံ ကြိုဆိုကြကြောင်း သိရသည်။
facebook ပေါ်တွင် အလာပ သလာပ ထွေရာလေးပါး ရေးသားတတ်သော တပ်မတော်သားများ ကို facebook သုံးစွဲမှု ကန့်သတ်သည်ကို လက်ခံကြသော်လည်း နိုင်ငံ့အရေး အတွက် တပ်မတော် နှင့် အစိုးရဖက်မှ ရပ်တည်ကာ တန်ပြန်ချေပ ဆွေးနွေးလျှက်ရှိသော ဆယ်ဂဏာန်းမျှသာရှိသည့် တပ်မတော်သားအချို့ကိုတော့ facebook သုံးစွဲခွင့် ကန့်သတ်ရန်မသင့်ကြောင်း ဝေဖန်မှုများ ရှိနေပါသည်။
.. www.MyanmarExpress.net
29 comments:
that's good idea. should put the rule for them. cos they are like to chit chat with other girl and they take money from girl. take a action immediately to army solider.
I agree but how can they get girl friends if they don't show who they are. If they don't get girl friends, you can imagine how they will feel it. So throw one stone to two birds. No soldier is allowed on FB. If they want, take Boyokes (not Bogyokes)' ugly daughters instead.
တိုးတက်တဲ့ နည်းပညာခေတ်မှာ တပ်မတော်သားတွေ လူမှုကွန်ရက်တွေ အသုံပြုတာ အပြစ်မဆိုသာဘူး။ဒါပေမယ့် အဆင့်နဲ့မလျော်ညီတဲ့ အပြုအမူ အပြောအဆိုတွေ စစ်ခေါင်းဆောင်တစ်ယောက် အနေနဲ့ မလုပ်သင့်တဲ့ လုံခြုံရေးချိုးဖောက်မှုတွေ ကြွားဝါတဲ့သဘောနဲ့ အဆင့်ရာထူးတပ်တွေ ဖော်ပြပြီးစာတွေ ဓာတ်ပုံတွေတင်တာမျိုးတော့ မလုပ်သင့်ဘူး ထင်တယ်။တွေ့ဘူးတာဆိုရင် ဗိုလ်လောင်းဘဝကနေ လက်ရှိအဆင့်ထိ ဓာတ်ပုံတွေ နေ့စဉ်လှုပ်ရှားမှုတွေ မပြတ်တင်ထားတာ တွေ့ရတယ်။အမြင်လေးတွေ ပြောကြပါဦး။
မိန်းကလေးတွေဆီက ငွေယူတယ်တော့ မလုပ်နဲ့လေကွာ။မင်းပြောချင်ရင် တစ်ခြားအကြာင်းအရာတွေနဲ့ ခိုင်လုံအောင်ပြောပြီး ကန့်သတ်သင့်တယ်ပြော။ဒီခေတ်ကြီးမှာ စစ်သားလည်း လူပဲကွ။မင်းတို့လို သုံးမှာပေါ့။သူတို့က တာဝန်ဆိုတာရှိသေးလို့ ဆင်ခြင်ရမှာပဲရှိတယ်။ကလေးကလား အတွေးတွေလောက်နဲ့ လူတတ်ကြီးတွေ ဝင်ဝင်မလုပ်နဲ့။မင်းမှမဟုတ်ဘူး ။အကုန်လုံကိုပြောတာ။
MEG is now in great trouble!
it is not fair.
i m not a soldier but i dont like this kind of rule.
soldiers are also human. why they cannot make social network?
normally secret case never cascade down to lower rank soldiers.
this rule is made because generals are afraid that soldiers will publish their feelings.
Welcome to this restriction happily.
Yes.Boyotes ' daughters r so ugly!
မဆိုးဘူး။
စစ်တပ်အရာရှိငယ်များ၏ Facebook သုံးစွဲမှုကို ကန့်သက်ဖို့လိုပြီလား
မြန်မာစစ်တပ်ဟာ တခြားစစ်တပ်တွေ၊ တခြားနိုင်ငံက စစ်တပ်တွေအားလုံးထက် လုံခြုံရေး နှင့် သတင်းမပေါက်ကြားရေးကို အထူးအလေးထား ထိန်းသိမ်းလိုတဲ့ စစ်တပ်တစ်ခုဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ စစ်အင်အားအခြေအနေ နဲ့ အခြား လုပ်ဆောင်မှုများကို ပြည့်ပြည့်စုံစုံမဟုတ်တောင် ဝတ္တရားတစ်ခုအနေဖြင့် ချပြသင့်သလောက် ကို နည်းနည်းပါးပါး ချပြလေ့ရှိပါတယ်။ ဒါပေမယ့် စစ်တပ်တစ်တပ်မှာ လျှို့ဝှက်မှု အရေးကြီးတယ်ဆိုတာကိုတော့ တကမ္ဘာလုံးက စစ်တပ်အားလုံး လက်ခံထားကြပါတယ်။ ဒီကနေ့ နိုင်ငံခြားသို့ လျှို့ဝှက်သင်တန်း တက်ရောက်နေတဲ့ မြန်မာစစ်တပ်အရာရှိငယ်တချို့ဟာ Facebook ပေါ်မှာ ဘယ်ကျောင်းမှာ တက်နေတယ်၊ ဒီနေ့ ဘယ်သွားတယ်၊ ဒီနေ့ ဘာချက်စားတယ် ဆိုပြီး သူတို့ရဲ့ လုပ်ဆောင်မှုမှန်သမျှကို facebook ပေါ်မှာ တင်နေကြတာတွေ့ရတော့ နည်းနည်းတော့ လွဲနေပြီလို့ ထင်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တပ်မတော်မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ တပ်မတော်သား တစ်ယောက်အနေနဲ့ ဒီကနေ့ ဘယ်သူနဲ့တွေ့ပြီး ဘာလုပ်တယ်ဆိုတာကို နေ့စဉ်မှတ်တမ်းမှာ ရေးခဲ့ပါတယ်။ အဲဒီနေ့စဉ်မှတ်တမ်းတောင် မိသားစုတွေကို ဖက်ခိုင်းလေ့မရှိပါဘူး။ အခု အရာရှိငယ်တွေကတော့ ဓာတ်ပုံတွေ ဝေဝေဆာဆာ နဲ့ စတိုင်အမျိုးမျိုးထုတ်ပြီး အများမြင်အောင် တင်နေကြတာ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ တချို့တွေက သူငယ်ချင်းတွေအားလုံးသိအောင် ပြပါတယ်၊ တချို့တွေက သူငယ်ချင်းရဲ့ သူငယ်ချင်းတွေပါ သိအောင်ပြပါတယ်။ သူငယ်ချင်းဆိုတဲ့လူအားလုံးကလည်း တပ်မတော်သားတွေ မဟုတ်ကြပါဘူး။ သူငယ်ချင်းရဲ့ သူငယ်ချင်းဆိုတဲ့ထဲမှာဆိုရင် ပိုဆိုးပါတယ်။ ဘယ်သူတွေကိုပဲပြပြ ဒီအလုပ်က ပြဖို့လိုတဲ့ အလုပ်မဟုတ်ဘူးလို့ထင်ပါတယ်။ တစ်ခါတစ်လေမှာ တပ်မတော်အရာရှိ တစ်ယောက်နဲ့ မလျှော်ညီတဲ့ ဆံပင်တွေ၊ နားကပ်တွေ၊ အဝတ်အစားတွေကိုလည်း တွေ့နေရပါတယ်။ တခါတလေ အကျီချွတ်နဲ့ပုံတွေ အပြင် ကနွဲ့ကလျ ပုံတွေလည်း ပါပါတယ်။
နောက်တစ်ခုက ကောင်မလေးတွေနဲ့ တွဲတဲ့ ဓာတ်ပုံတွေပါ။ တချို့ပုံတွေက ဖိုတိုလျှော့တွေ တွေ့ရပါတယ်။ တချို့ပုံတွေက မူရင်းတွေပါ။ ကောင်မလေးတွေနဲ့ မျက်နှာချင်းကပ်ပြီး ရိုက်တဲ့ပုံတွေ တွေ့ရပါတယ်။ တဖက်မှာလည်း အဲဒီကောင်မလေးရဲ့ အရက်သောက် ကလပ်တတ်နေတဲ့ ပုံတွေ တွေ့ရပြန်ပါတယ်။ ဒါတွေက အမြင်မတော်စရာတွေပါ။
တစ်ခါ ကောင်မလေးတွေနဲ့ အချင်းချင်းပြောသမျှကို Facebook မှာ update လုပ်ကြတာလည်း တွေ့ရပါတယ်။ သဲလေး၊ ခလေးလေး၊ ပူတူတူးလေး ကို အရမ်းချစ်တယ်၊ ကိုကို့ကို အရမ်းချစ်တယ် ဆိုတာတွေကို လူအများရှေ့မှာ ရေးကြပြန်ပါတယ်။ စစ်ဗိုလ်ကြီးတစ်ယောက် ရဲ့ မျက်နှာနဲ့ စကားလုံးအသုံးအနှုံးများက မြင်ရသူတွေအတွက် အတော်လေး ကသိကအောက် ဖြစ်ရပါတယ်။ တကယ်တမ်းတော့ ဒီအကြောင်းတွေဆိုတာကလည်း ဂျီတော့မှာသော်၎င်း၊ အီးမေးမှာသော်၎င်း၊ facebook မှာ Message ပို့ပြီးလည်း ပြောရမယ့် စကားတွေပါ။
Facebook ဆိုတာ တကမ္ဘာလုံးက သုံးနေတဲ့ Social Network တစ်ခုပါ။ နိုင်ငံခြားက စစ်သားတွေလည်း သုံးကြပါတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေမှာ လျှို့ဝှက်ပညာသင်နေတဲ့ စစ်ဖက် အရာရှိကြီး၊ အရာရှိငယ်တွေကတော့ လူအများသိအောင် Facebook ပေါ်မှာ Status တွေ update လုပ်လေ့ မရှိကြပါဘူး။ မြန်မာ အရာရှိငယ်တွေလည်း ဒါကို အတုယူသင့်ပါတယ်။
Facebook ဆိုတာကို နိုင်ငံခြားမှာတင်မက မြန်မာလည်း လူအတော်များများသုံးနေပါတယ်။ အခြားနိုင်ငံတွေက စစ်ဘက်အရာရှိကြီးတွေ၊ အစိုးရ အရာရှိကြီးတွေ လိုပဲ မြန်မာ စစ်ဖက်အရာရှိကြီးတွေနဲ့ အစိုးရအရာရှိကြီးတွေလည်း သုံးပါတယ်။ ဒါပေမယ့် မြန်မာ စစ်ဘက်အရာရှိငယ်တွေ သုံးနေကြသလို ဒီကနေ့ ဘာလုပ်တယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့ အမှတ်တရ ဆိုပြီး လူအများကို ပြောဆိုဖို့ Facebook သုံးကြတာ မဟုတ်ပါဘူး။ အဓိက က တော့ ပြည်တွင်း ပြည်ပသတင်းတွေကို ဖတ်ဖို့ နဲ့ တခြားရည်ရွယ်ချက်တွေနဲ့ပဲ သုံးကြတာ ဖြစ်ပါတယ်။
တလောက စစ်ဘက် အရာရှိကြီး တစ်ယောက်က facebook ပေါ်မှာ အတိုက်အခံ ကောင်မလေးတွေက စစ်ဘက် အရာရှိငယ်လေးတွေဆီမှာ ချဉ်းကပ်ပြီး သတင်းယူနေကြောင်း သတိပေးထားတာ တွေ့လိုက်ရပါတယ်။ တကယ်တမ်းတော့ ချဉ်းကပ်သတင်းယူနေတာက နည်းနည်းသာဖြစ်ပြီး မချဉ်းကပ်ချင်ကတည်းက သတင်းစုံ ပြောပြနေကြတဲ့ အရာရှိငယ်လေးတွေ အများကြီးရှိနေတာပါ။ ရုရှားနိုင်ငံမှ အရာရှိငယ်များ နှင့် ပတ်သက်ခဲ့သော မိန်းကလေးများကို မေးကြည့်ရင် သိပါတယ်။ ရုရှားနိုင်ငံမှာ စုစုပေါင်း မြန်မာအရာရှိပေါင်း ဘယ်လောက်ရှိတယ်၊ ဘယ်ကျောင်းမှာ ဘယ်လောက်ရှိတယ်၊ ဘယ်အပတ်စဉ်တွေ တက်နေတယ်၊ ဘယ့်နေ့ မှာ ဘယ်အပတ်စဉ် ပြန်မယ်၊ ဘယ်နေ့မှာ ဘယ်အပတ်စဉ် ရောက်မယ် ဆိုတာတွေအပြင် ဒီကနေ့ ကျောင်းမှာ အစည်းအဝေးလုပ်တဲ့အကြောင်း၊ ဘယ်အကြောင်းကို ဘယ်သူက ဘယ်လို ဆဲသွားကြောင်း က စပြီး ပြောပြကြပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံကိုရောက်ဖူးတဲ့ မိန်းကလေးတွေလည်း အများကြီး ရှိပါတယ်။ တချို့မိန်းကလေးတွေဆိုရင် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေမှ ထဲထဲဝင်ဝင် လှုပ်ရှားနေသူတွေရဲ့ သမီးတွေ တောင်ပါပါတယ်။ အဲလိုလူတွေလာဖို့အတွက်လည်း စီနီယာ တာဝန်ကျတွေက မတားတဲ့အပြင် ကူညီနေကြပြန်ပါတယ်။ ဒါတွေကို တပ်မတော်အရာရှိကြီးများက ကန့်သက်ဖို့ လိုပါတယ်။
(ဆက်လက်ဖော်ပြမည်။ ကိုစိုင်း)
ဒီအဆိုကို လုံးဝ(လုံးဝ)မထောက်ခံပါ။
ဟုတ် မဟုတ်တော့ မသိဘူးဗျို့.........
တပ်ချုပ်ကြီးကတော့ သူ့စစ်သားတွေကို ကွန်ပြူတာနဲ့ အင်္ဂလိပ်စာအပါအ၀င် ခေတ်မီတဲ့ နည်းပညာတွေကို လေ့လာသင်ယူဖို့ တရားဝင်ညွှန်ကြားထားတာတော့ ဖတ်ဘူးတယ်...။
ကြံ့ခိုင်အောင်လည်း နေခိုင်းတယ်.... ပြည်သူတွေကိုလည်း တတ်နိုင်သလောက် စောင့်ရှောက်ကူညီခိုင်းတယ်... ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေလည်း အပြည့်အ၀ရရှိအောင် ဆောင်ရွက်ပေးဖို့လည်း ညွှန်ကြားထားတယ်... ဘယ်သတင်းမှန်သလဲတော့ မပြောတတ်ဘူး...
ထောက်ခံသော ကိုစိုင်း ခင် များ ကို ဘယ်သူ မဲ ပေး ခိုင်း လို့ လဲ ဒါ တပ် နဲ့ ဆိုင်တယ် တပ်မတော်သား အချင်း ချင်း ဘဲ ဆုံးဖြတ်ပါစေ။
အရမ်းထောက်ခံပါတယ်၊ မဖြစ်သင့်တာတွေကို တားဆီးပေးတဲ့အတွက် ကျေးဖူးတင်ပါတယ်
ဒါဆို ၇ု၇ှားက စစ်သားတွေ အွန်လိုင်းမသုံးရတော့ဘူးပေါ့နော်
..
စောက် ရူး လား .သ တင်း ပေါက်ကြား ရင် အ ရေး ယူ ပေါ့ကွ...... ငလိုးပဲ .....သင် တန်း တက် က တည်း က....ဒီ ၀ါး လုံး ရှည် နဲ့၇ိုက်နေတာမပြီးတော့ဘူးလားကွ.....အရာရှိ ငယ် ဖြစ်နေပြီ ကွ က လေး မ ဟုတ်ဘူး......... သ တင်း ပေါက် ကြား ရင် လညိးုထိထိရောက်ရောက် အရေးယူပေါကွ........မသုံးရဘူး ဆိုတာ တော့ လွတ် လပ်တဲ့ ခတ်မှာ အ ရူး ပဲကွ
Fuck..... it is crazy....it is younger officer.... they are not babies......if they don't obey order or rule .... they were sent to outoff army.... today is freedom ....if we didn't use internet....later get information.....
G o o d
I t y o u r ' s D a d d y ?
N o N e e d F or s o l i d e r s
S o l i d e r s o n l y f i g h t f o r c 0 u n t r y .
mother fucker!
သုံးတော့ဘာဖြစ်လဲကွာ. အလုပ်လိုက်တားဆီးနေတာ မသုံးချင်ရင် ဆာဗာတွေ ပိတ်ထားလေကွာ
ဒီနေရာမှာ ဆဲဆို စရာမလိုပါဘူး ။
အပေါ်ဆုံးက ကွန်မန်.တစ်ခုမှာ မိန်းကလေးတွေကို ချူစားနေသလို ရေးထားတာတွေ.ရပါတယ် ။ ကျမ ပြောချင်တာက အဲ့မိန်းကလေးတွေက မိန်းမကောင်းတော့ဖြစ်နိုင်မယ်မထင်ပါဘူး ။
ဘာလို.လဲဆိုတော့ ကိုယ်မြတ်နိုးချစ်ခင်တဲ့သူကို အမှတ်တရ အပြန်အလှန်ပေးကြရင်တောင် တိုင်းသိပြည်သိကြေငြာဖို.မလိုပါဘူး ။ ခုတော့ ပေးတုန်းက ပေးပြီး လိုတာမရတော့မှ အသံထွက်တဲ့ မိန်းမများပေါ့ ။
တချို.မိန်းမတွေကြတော့ တွေ.သမျှ စစ်သားအကောင့်လိုက်အပ် ၊ စီနီယာပြီး ဂျူနီယာ လိုက်အီ ၊ ပြီးတော့ တယောက်နဲ.တယောက်မသိမှာလည်း မဟုတ် အရေထူတဲ့မိန်းမများ ၊ တကယ်လို. ဟိုက လာပါခေါ်ရင်တောင် ကိုယ်က သွားမှ ဖြစ်မှာ ၊ ကိုယ့်စရိတ်နဲ.ကိုယ် အလှုသွားပေးပြီးမှ ဖင်နာသလေး ခါးနာသလေး ဖြစ်တဲ့ မိန်းမများ ဒီလို ဒီလို မိန်းမများအကြောင်း မသိပဲ နုသမျှ၊ ညုသမျှ အကုန်အံထွက်လို.ကတော့ မင်းတို.ပဲ ဒုက္ခရောက်မှာပဲ ။
အခု ဖဘမှာ နာမည်ကြီးနေတာဆိုလည်း အိမ်ထောင်သည် မိန်းမက ဗြောင်ဖွင့်ချမှ ပျောက်သွားတဲ့ စလုံးက မြန်မာမ ၊ စလုံးက မြန်မာများလည်း သတိထား ။ ကိုယ်ဘယ်လောက်ရွတယ်ဆိုတာ ကိုယ်သာသိ။ ....
အခု အမိန်.ဆိုရင် မဖြစ်သင့်တာမဖြစ်ရလေအောင် တားဆီးတာ ။ စစ်သားမှ မဟုတ်ဘူး ယောင်္ကျားဆိုတဲ့ သတ္တဝါတိုင်းဖြစ်မှာပဲ။ စစ်သားကတော့ တာဝန်သိတတ်မှု.တော့ ရှိသင့်တာပေါ့ ။ ဒါကြောင့် သူတို.အမိန်.ထဲကလိုဖြစ်နေရင်တော့ ပြင်ကြပေါ့ ။ မိမိကြောင့် စစ်တပ်သိက္ခာ မကျပါစေနှင့် ။
မိန်းမများလည်း မိမိကြောင့် မြန်မာအမျိုးသမီး သိက္ခာ မကျပါစေနှင့် ။
အဲ ပြောဖို.ကျန်သွားလို. ။ မိန်းကလေးတွေလာအိပ်တာ စီနီယာတွေက မတားဘူးဆိုတာပဲ ။ သူ.ပစ္စည်းနဲ.သူ လာအိပ်ပါမယ်လို. တရားဝင်ကြေငြာပြီး လာတာမှ မဟုတ်တာ ။ ရောက်လာအလှုပေးမှ သိချင်သိမှာပေါ့ ။ နောက်ဆို တရားဝင်ကြေငြာပြီးမှ လာအလှုလုပ်ကြ ။
တချို.မိန်းကလေးတွေဆို ကျုပ်က ရုရှားမှာ ပထမဆုံးအလှုပေးတဲ့သူဆိုပြီး ကြံဖန်ဂုဏ်ယူနေကြပြန်ရော ။ ခက်တယ် ။
စိတ်မကောင်စရာပဲ မြန်မာမိန်းကလေတွေ
အများမယာ ဖြစ်ကုန်ပြီး ကုလာမယားက
လက်ချိုးရေလို့ရတယ်
အများမယာက လက်ချိုးရေလိုမရတော့ဘူ...........
အဟက် အဟက်....။
ခင်ဗျားအတွေးမှန်ပါတယ်။ IT ခေတ်မှ နည်းပညာတိုးတက်မှုကို နည်းပညာနဲ့ပဲလိုက်မယ်လို့ ထင်တယ်။ ဒါပေမယ့် ကိုယ့်ရှုးကိုယ်ပြန်ပတ်မိအောင်တော့ သတိနဲ့ ဆင်ခြင်ရမှာပေါ့
ကိုယ့်အမြင်နဲ့ ကိုယ်မြင်ကြတာပဲ
ထင်တာတွေ စွတ်မပြောနဲ့
စစ် တပ်
မပုတပ်မ ဟုတ် ဘူး တေ သွးတ သံတစ် မိန့်ပဲအားလုံးအမိန့်နာခံပါရန် တမအ-၆၅ မိမယ် မိမိကိုယ်ကိုဆင်ခြင်ပြီးနေကြပါ ရထားတဲ့ပြန်ထမ်းဝင်နံပါတ်ကိုလေးစားပြီးတပ်မတော်ရဲ့ဂုဏ်ကိုမြှင့်တင်စေချင်ပါတယ်အကိုကြီးများညီလေးများ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်