Subscribe to our RSS Feed

မကွေး ဆောက်လုပ်ရေး လမ်းဂိတ်နှင့်တံတားဂိတ်လေလံ မဲစနစ်ဖြင့် ချထား

From : ..7day

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊တိုင်းဒေသကြီးအင်ဂျင်နှီယာမှူးကြီးရုံးတွင်
တိုင်းဒေသအတွင်းရှိ လမ်းဂိတ်နှင့်တံတားဂိတ် လေလံများကိုမဲ စနစ်ဖြင့် ချထားပေး ကြောင်းသိရသည်။
လေလံချထားပေးသော လမ်းတံတား(၂)မျိုးပါဝင်ပြီးလမ်းဂိတ်(၁၇)ခုနှင့်တံတား(၁၁)ခု၊ လုပ်ငန်း (၂၈) ခုရှိကြောင်းသိရသည်။
ဧရာဝတီတံတား၊ဒေါင်းနေတံတား၊စကုမန်းချောင်း၊ပွင့်ဖြူ မုန်းချောင်းတံတား၊ မကွေးမြို့ ၀င်ဂိတ်များပါဝင်ခြင်းမရှိဟုသိရသည်။
မြန်မာပြည်အနှံ့မှ လေလံလာရောက် ကြပြီးဦးရေ(၁၀၀၀) ကျော်ခန့် ရှိသည်။
လေလံစိတ်ဝင်စားကြေးသိန်း(၃၀၀)အောက်ကိုကျပ်တစ်သိန်း၊သိန်း (၃၀၀)အ ထက်ကျပ် (၂)သိန်း ပေးသွင်းရပြီးလေလံရသည်ဖြစ်စေ၊
မရသည်ဖြစ်စေစိတ်ဝင်စားကြေးပြန် လည် ထုတ် ပေးမည် မဟုတ်ဟု သိရ သည်။
လေလံစိတ်ဝင်စားသူများအနေနှင့် ပုံစံလျှောက်လွှာတစ်စောင်(၅၀၀၀)ဖြင့်ဝယ်ယူလျှောက်ထားခဲ့ရပြီး
လူတစ်ဦးလျှင်လေလံတစ်မျိုးအတွက်နံမည်တစ်ခုသာရှိရမည်ဖြစ်ပြီး၊လေလံအမျိုးအစားအားလုံးကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး
ပါတီအဖွဲ့အစည်းများ၊အုပ်ချုပ်ရေးအဖွဲ့စည်းများနှင့်လူမှုအဖွဲ့အစည်းများကိုယ်စားပြူ လျှောက် ထား ခွင့်မပြုဟုပါရှိသည်။
“ကျနော်တို့လေလံစွဲသူတွေအတွက်တရားမျှတမှုရှိအောင်စိတ်ဝင်စားကြေးပြန်မပေးတာလို့ပြောပါတယ်၊
လေလံရရှိသူအနေနှင့်လွှဲပြောင်းရောင်းချခွင့်မရှိပါဘူး၊ကိုယ်တိုင်လုပ်ငန်းလုပ်ကိုင်ရမှာပါ၊သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ
့မညီညွတ်ရင်လေလံပြန်သိမ်းမဲ့အပြင်၊ဥပဒေအရပါအရေးယူခံရမှာပါ၊လုပ်ငန်းလုပ်ကိုင်လိုသူတွေကတော့မရမရှိရအောင်လူငှါးတွေနဲ့ပါ
မဲဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်၊တစ်ယောက်ကို (၅၀၀၀)ကနေ (၁၀၀၀၀)ထိပေးရတယ်ဗျ” ဟု မန္တလေးတိုင်း၊ဘက်မှလေလံလာရောက်ယှဉ်ပြိုင်သူမှ
ပေါ်ပြူလာနယူးစ်သို့ပြောသည်။ လေလံကြီးကြပ်ရေးအဖွဲ့ကို(၇)ဥိးပါဝင်ဖွဲ့စည်း၍ လေလံရရှိသူများအနေဖြင့်
ဂိတ်အလိုက်ပေးသွင်း ရမည့်ငွေအားလုံးကို လေလံပွဲကျင်းပပြီးသည့်ရက်မှစ၍မတ်၂၈ရက်နေ့
နောက်ဆုံး သတ်မှတ်ထားသောဘဏ် တွင်တစ်ကြိမ်တည်းအပြည့်အ၀ပေးသွင်းရမည်ဖြစ်သော်လည်းB.O.Tကုမပဏီကြိးများသည်
လမ်း /တံတားဂိတ်(၅)ဂိတ်ထက်ပိုများစွာလုပ်ကိုင်ခွင့်ရလျှင်(သို့)ပေးသွင်းရမည့်လေလံကြေးငွေစုစုပေါင်း(ကျပ်၁၀၀၀၀)ထက်ကျော်လွန်ပါက
(၃)ရစ်ခွဲသွင်းခွင့်ပြုပြီး၊၂၀၁၃ခုနှစ်မတ်လအတွင်း(၃၅%)၊စက်တင်ဘာလအတွင်း(၃၅%)၊ဒီဇင်ဘာလအတွင်း(၃၀%)လေလံကြေးငွေပေးသွင်းရမည်ဖြစ်သည်။ လေလံပွဲကိုမတ်လ(၂၀)ရက်နေ့နံနက်(၉)နာရီ(၃၀)မိနစ်တွင်စတင်ခဲ့ပြီး၊ယခုသတင်းတင်ပြနေစဉ်တွင်လေလံမဲများ အသုတ်ခွဲ၍ချထားပေးလျှက်ရှိသည်။
.
. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်