Subscribe to our RSS Feed

ထပ်မံထုတ်လွှင့် သွားမည့် ရုပ်သံလိုင်းသစ် များအား စက်တင်ဘာ လအတွင်း စမ်းသပ် ထုတ်လွှင့် သွားရန်ရှိ

From : ..MRTV4

ပြန်ကြားရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ထပ်မံ တိုးချဲ့ ထုတ်လွှင့် သွားမယ့် ရုပ်သံလိုင်းသစ်
များကို လာမယ့် စက်တင်ဘာ လအတွင်း စမ်းသပ် ထုတ်လွှင့် သွားဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို စမ်းသပ် ထုတ်လွှင့်မှု ကိုတော့ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီး တို့မှာ စတင် စမ်းသပ် ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်ကုန်ပိုင်း မှာတော့ မြို့ကြီး ၂၀ ကို ထုတ်လွှင့် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ထုတ်လွှင့် သွားမယ့် ရုပ်သံလိုင်းတွေ ကတော့ Reader Channel ၊ ပြည်ထောင်စု ချန်နယ်၊ လွှတ်တော် ချန်နယ်နဲ့ Farmer Channel တို့ဘဲ ဖြစ်ပါတယ်။ အခုလို ထပ်မံ ထုတ်လွှင့် သွားမယ့် ရုပ်သံလိုင်း တွေကိုတော့ Free to air အဖြစ် လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း ထုတ်လွှင့် ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်