From : (နိုင်မင်းဝေ၊ အောင်အောင်ထွန်း)
ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို ယူ ၂၃ ပဏာမ လက်ရွေးစင်အသင်းမှ ပြန်လွှတ်ခံရခြင်းနှင့် ပတ်သက်၍ ၄င်းနေထိုင်ရာ သာကေတတွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို စုစည်း ဖော်ပြပေးလိုက် ပါသည်။
Voice : အဲဒီနေ့က ဘယ်လိုဖြစ် တာလဲ၊ ဘာဖြစ်တာလဲ ဆိုတာကို အကျဉ်းချုပ်လောက် ပြောပြပါလား။
KKK : ပုံမှန်အတိုင်း မနက်ပိုင်း Training ဆင်းကြတာပေါ့နော်။ ၄း၂း၃း၁ ကစားကွက်မှာ ကျွန်တော်က အထောင်တိုက်စစ်မှူး အနေနဲ့ ကစား ရတယ်။ နည်းပြကြီး သင်ပြတာက ဘောလုံး ဆုံးသွားရင် ကွင်းလယ်ခံစစ် ဇုန်အထိ ကျွန်တော့်ကို ပြန်ဆင်းခိုင်း တယ်။ အဲဒီကစားကွက်နဲ့ ပတ်သက်လို့ ကျွန်တော်က တိုက်စစ်မှူးတစ်ယောက် အနေနဲ့ ဂိုးရအောင် ဘယ်လို လုပ်ရမလဲ လို့ မရှင်းတာ မေးမိတယ်။ နည်းပြကြီး က ငါပြောသလိုလုပ် ပြန်မပြောနဲ့ ပြောတယ်။ မင်းကစားချင်လား၊ မကစား ချင်ဘူးလားလို့ မေးတော့ ကစားချင်ပါတယ် ဆိုပြီး ကစားခဲ့တယ်။ ကွင်းထဲမှာ ပြီးသွားတယ်။ ကျွန်တော်လည်း ဟိုတယ် ရောက်တော့ တစ်နေ့တာ လေ့ကျင့်ရေး အချိန်ဇယားမှာ စာရေးလိုက်ပါတယ်။ ဆရာတွေကို နစ်နာစေလိုတဲ့ စိတ်၊ စော်ကားလိုစိတ် ရည်ရွယ်ချက် တွေနဲ့ ရေးတာမဟုတ်ပါဘူး။ ကျွန်တော်က အနိုင်ရလိုစိတ်၊ ဂိုးရလိုစိတ် အနိုင်မရရင် အပြစ်တင်ခံရပြီး ဖြစ်လာနိုင်တာတွေကို တွေးပြီး ကိုယ့်ကိုယ်ကိုယ် အလိုမကျတဲ့ စိတ်နဲ့ ရေးလိုက်တာ။ အဲဒီစာကိုမြင်တဲ့ မြန်မာဆရာ တစ်ယောက်က၊ ကျွန်တော့် ကို သားသမီးလိုချစ်တဲ့ ဆရာတစ်ယောက် က မင်းရေးတာလားဆိုပြီး ဆုံးမစကား ပြောနေတယ်။ နည်းနည်းလည်း ဒေါသဖြစ်နေတယ်။ အဲဒီအချိန်မှာ စာကို ဘယ်သူဖျက်လိုက်လဲ မသိဘူး။ နောက်ဆရာတစ်ယောက်က စာဖျက် လိုက်တာ ပေါက်ကွဲသွားတယ်။ အဲဒီ ဆရာကလည်း ကျွန်တော့်အပေါ် တကယ်ကောင်းတဲ့ဆရာပါ။ အမြဲ ဂရုစိုက်တဲ့ ဆရာပါ။ ကျွန်တော်တို့ ဆူညံနေတာကို ကိုရီးယား နည်းပြကြီး ရောက်လာပြီး အေးအေးဆေးဆေး ဖြေရှင်းဖို့ ပြောတယ်။ နာရီဝက်လောက် နေတော့ မြန်မာနည်းပြ ဆရာက လာပြီး မင်း သုံးရက်လောက် ပြန်နားလိုက်ပါလို့ လာပြောတယ်။ အဲဒီနေ့က ပေကပ်ပြီး ထမင်းစားချိန် အထိ ကျွန်တော် စောင့်နေခဲ့သေးတယ်။ တောင်းပန်ဖို့ အခွင့်အရေး မရဘဲနဲ့ ပြန်လာရတယ်။ ကျွန်တော်အပြစ်ရှိတယ် ဆိုရင် တောင်းပန်ဖို့ ဝန်မလေးပါဘူး။ ဘယ်ဆရာနဲ့မှ တွေ့ခွင့် မရတော့ဘူး။
Voice : တစ်နေ့တာ လေ့ကျင့်ချိန် အချိန်ဇယားမှာ ဘာရေးလိုက်တာလဲ။ မြန်မာနည်းပြ ဆရာတွေက ဘယ်သူလဲ။
KKK : ဘာစာရေးလိုက်လဲ ဆိုတာ မပြောဖို့၊ အင်တာဗျူးဖြေရင် အတိအကျမဖြေဖို့ လူကြီးတွေက မှာထားလို့ ပြောလို့မရပါဘူး။
Voice : မြန်မာလိုပဲ ရေးတာလား။
KKK : မြန်မာလိုတစ်ဝက်၊ အင်္ဂလိပ်လို တစ်ဝက် ရေးလိုက်မိတာပါ။
Voice : ကျော်ကိုကိုက လေ့ကျင့်ရေးကွင်းမှာ စောဒကတက်တယ်။ စည်းကမ်းလည်း မလိုက်နာဘူး။ အစည်းအဝေး တွေကိုလည်း မလေးစားဘူး။ ထထွက်သွားတာတွေ ရှိတယ်လို့ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားတယ်။
KKK : အဲဒါတွေဖတ်ရလို့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီမနက်ကတော့ အစည်းအဝေး လုပ်တုန်းက နည်းပြကြီးကနေ ကျွန်တော့်ကို ရှေ့ထွက်ပြီး လူကိုဘယ်လို ကပ်ရတယ် ဆိုတာတွေကို သရုပ်ပြတောင် လုပ်ခိုင်းသေးတယ်။ အဲဒါမျိုးတွေ ကျွန်တော် မလုပ်ခဲ့ဖူးပါဘူး။
Voice : ဒါဆို အစည်းအဝေး လုပ်နေတုန်း ထွက်သွားတာမျိုး တစ်ခါမှ အခုရက်ပိုင်း တွေမှာ မရှိဘူးဖူးပေါ့။
KKK : (ခဏစဉ်းစားသလို လုပ်ပြီး) တစ်ခါတော့ရှိတယ်။ ဖိလစ်ပိုင် နဲ့ပွဲ မတိုင်ခင်က ကျွန်တော်ဝမ်းရောဂါ ဖြစ်နေလို့ အစည်းအဝေး လုပ်နေတုန်း အိမ်သာသွားဖို့ ဗိုက်ကို ပုတ်ပြပြီး အိမ်သာထွက်သွားတာတော့ ရှိတယ်။ အဲဒီတစ်ခါတော့ မှတ်မိတယ်။
Voice : ဒီကိစ္စမတိုင်ခင် နည်းပြ နဲ့ ပြဿနာဖြစ်တာ မရှိဘူးပေါ့။ အသင်းဖော် တွေနဲ့ရော။
KKK : နည်းပြနဲ့မှ မဟုတ်ပါ ဘူး။ ကစားဖော် တွေနဲ့လည်း ပြဿနာ မရှိပါဘူး။ ဒါ ပထမဆုံးဖြစ်တာပါ။
Voice : အခုဘာဆက်လုပ်ဖို့ ရှိလဲ။ သတင်းစာထဲမှာလည်း တောင်းပန်မယ်လို့ ရေးထားတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုရော တောင်းပန်မယ်လို့ ပါတယ်။
KKK : ဒီနေ့ပဲ ရန်ကုန်ယူနိုက်တက် ကိုသွားပြီး အသင်းက လူကြီးတွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ဖို့ ရှိတယ်။ အဖွဲ့ချုပ် ဥက္ကဋ္ဌကတော့ အလုပ်များတဲ့သူ ဆိုတော့ ဖြစ်ဖြစ်ချင်း တုန်းကပဲ ဖုန်းနဲ့ တောင်းပန်ပြီးပါပြီ။ ဥက္ကဋ္ဌကတော့ ကာယကံရှင်တွေကို တောင်းပန်ဖို့၊ ကိုရီးယားနည်းပြကြီးကို အရင်ဆုံး တောင်းပန်ဖို့ ပြောထားပါတယ်။
Voice : ဒဏ်ရာရလို့ ပြန်ကောင်းလာပြီလား။ ကစားတဲ့အချိန်မှာ အရင်အတိုင်း ခြေစွမ်း မပြနိုင်သေးလို့ ဖိအားတွေ ရှိခဲ့တယ်ဆိုတာ ဘယ်လို ဖိအားတွေရှိလို့ အခုလိုဖြစ်တယ် ဆိုတာ နည်းနည်းလောက် ရှင်းပြပေးပါလား။
KKK : ဘောလုံးကို ကျွန်တော်တို့ သာမက တစ်နိုင်ငံလုံးက နိုင်စေချင်တာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ ရွှေရရင် နိုင်ငံဂုဏ်သိက္ခာ တက်မယ် ဆိုတာ ကျွန်တော်ကောင်းကောင်း နားလည်တယ်။ ဒဏ်ရာက ပြန်ကောင်းလာပေမယ့် အရင်ကလောက် မကစားနိုင် သေးလို့ ကိုယ့်ကိုယ်ကိုယ် အားမရတာ လည်းပါတယ်။ ငါတို့မအောင်မြင်ရင် ဆိုတဲ့ စိတ်အမြဲရှိနေပါတယ်။ ငါဂိုးမရ လို့ မဖြစ်ဘူးဆိုတဲ့ ဖိအားတွေ ရှိပါတယ်။ နည်းပြမှာလည်း ဖိအားရှိသလို ကစား သမားတွေ၊ ပရိသတ်တွေမှာလည်း ဖိအားရှိနေတယ်လို့ ခံစားရတယ်။ အခု ဖြစ်သွားတဲ့ ကိစ္စမှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဘယ်သူ့ကိုမှ စော်ကားချင်တဲ့ စိတ်၊ ရိုင်းပျချင်တဲ့စိတ်နဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်မှား သွားရင်တောင် ကျွန်တော့်ကို တောင်းပန် ဖို့ အခွင့်အရေး ပေးစေချင်ပါတယ်။ ဖြစ်ဖြစ်ချင်းနေ့ကသာ တောင်းပန်ဖို့ အခွင့် အရေးရရင် အခုလို ဖြစ်လာမှာ မဟုတ်ဘူး။ အခုလောက်ထိ ကြီးကျယ်သွားလိမ့်မယ် လို့ မထင်ပါဘူး။ ခြေသလုံးဖက်ပြီး တောင်းပန်ရတောင်းပန်ရ၊ ဆရာတွေကို တောင်းပန်ဖို့ ဝန်မလေးပါဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်က အရမ်း မြန်လွန်းတယ် လို့ ခံစားရတယ်။ နာရီဝက်၊ တစ်နာရီ လောက်တည်းနဲ့ ဆုံးဖြတ်လိုက်သလို ခံစားရတယ်။ ပရိသတ်ကြီးကိုလည်း တောင်းပန်ပါတယ်။
www.MyanmarExpress.net

11 comments:
အောက်တန်းစား ခွေးမသား
မင်း နာမည်ကို ရေးရမှာ သနလို့ မ ရေးဘူး။ ခွေး လို့ပဲ
ခေါ်မယ် ။ မာန်တက်ပြီး ရိုင်းချင် တိုင်း ရိုင်း စော်ကားချင် တိုင်း
စော်ကားပြီး အခုမှ မိန်းမလို မိန်းမရ ဝေ့လယ်ကြောင် ပတ် ပြောတယ် ။ အခုမှ စားခွက် ပျောက်မှာ ကြောက်ပြီး တောင်းပန် မဲ့ကောင် ။ ခွေး.တကယ်အသိတရားရလို့ မဟုတ်ဘူး.လမ်းဘေးရောက်မှာ သိပ်ကြောက်နေပြီလား ခွေးရ
ဟားဟားး
လစာလေးပိုရ ခြေစွမ်းလေး နဲနဲ ပြနိုင် တာ နဲ့ မာန်တက်တဲ့ခွေး
ဒီဘဝ ဒီမျှပါပဲ ကွာ ။ မင်း ဘဝ သွားပါပြီ
Get out! Bastard! Your football skill is very low in comparing with Myo Hlaing Win.
ဒီတခါတော့ မှန်တယ်ဟေ့ min mg toe ဆိုတဲ့နွားရေ
South yoo.
ကျော်ကိုကိုဆိုတဲ့အ၇ိုင်းအစိုင်းကောင်၇ဲ့ ဥပတိရုပ်က ယုံကြည်စရာအကြောင်းမရှိပါဘူး
့ဒီကောင်ဘာပြောပြော ငါတို့ကတော့မယုံတော့ဘူးကွာ
ကျော်ကိုကိုလိုကစားသမားတွေရှိနေလို့ မြန်မာအသင်းမတိုးတက်တာ ဒီလိုစည်းကမ်းပျက်
ကစားသမားမျိုးကို စံပြအပြစ်ပေးသည့်အနေဖြင့်
ရာသက်ပန်ကစားခွင့်ပိတ်ပင်အရေးယူသင့်သည်ဟု
ထင်မြင်မိပါသည်။
ကျော်ကိုကိုက မိမဆုံးမဖမဆုံးမသား ပဲဖြစ်မယ်ကွ။
ကျော်ကိုကို သူတောင်းစား အခုမှလာငိုမပြနဲ့ မြန်မာအသင်းမှာ
မင်းရှိမှဖြစ်မယ်ထင်နေတာလား ဘဝင်ရှူးရဲ့ ဒို့မြန်မာ
ဆိုတာ တက်မရှိလည်းလက်နဲ့လှော်တဲ့ စိတ်ဓါတ်
ရှိတယ် သမုဒ္ဒရာကိုမမြင်ဘူးတဲ့ဖားသငယ်လို ကိုယ်နေတဲ့နွားချေရာခွက်ကိုပင်လယ်ကြီးထင်နေသ
လားကွဲ့ ရှက်စရာကောင်းတဲ့သတ္တဝါရဲ့
ဘုန်းကြီးထိပ်ခေါက်ပီးတော့မှပြန်ကန်တော့တဲ့ကောင်တွေများနေတယ်
ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းက တိုက်စစ်မှူးကျော်ကိုကိုက ဦးဇော်ဇော် အပါအဝင် တာဝန်ရှိသူများနှင့် မြန်မာဘောလုံးပရိသတ်ကို တောင်းပန်ပါတယ် လုပ်ပြန်ပီ
ဟိုတလောကလဲ playboyအဖွဲ့ကသီချင်းဆိုတဲ့ ကုလားသန်းနိုင်က (၉)မိုင်ဂေါက်ကလပ်ဥက္ကဌ လူကြီးလူကောင်း ၇ဲချုပ်ဟောင်းဗိုလ်မှူးကြီးစိုးဝင်းကို မိုက်နဲ့ အကြိမ်ပေါင်းများစွာ ဂလေဂချေလိုအောက်တန်းကျကျဆဲပီးမှ တောင်းပန်ပါတယ်တဲ့
Pyay ti oo so delt nwar yay!a loe khan chin loe sein khaw dar larr?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်