From :
..popular
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။
''ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်ရှိတဲ့ သူတွေက ပါတီတာဝန် ထမ်းဆောင်လို့မရဘူး။ ဒါကြောင့် အဲဒီပါတီတာဝန်ဖြစ်တဲ့ ဥက္ကဋ္ဌ တာဝန်ကို ရှိနေတဲ့သူတွေထဲ က အဆင့်မြင့်ဆုံးသူကနေပြီး တာ
ဝန်ယူရတယ်၊ အဲဒါကိုပါတီ ညီလာ ခံပြီးတည်းက ဒီအတိုင်းပဲလုပ်နေတဲ့ဟာပဲ။ လွှတ်တော်ထဲမှာလည်း မေးနေတာတွေ ရှိတယ်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေခုံရုံးကိုပဲ စဉ်းစားခိုင်းမယ် ဆိုတဲ့သဘောကို
သူတို့ပြောထားတယ်။ သမ္မတကြီးက တာဝန်အရတော့ ရှိနေတာပေါ့။ တာဝန်ကိုတော့ ထမ်းဆောင်လို့မရဘူးပေါ့။ တာဝန် ခံပြီး ပါတီတာဝန်တွေကို ဆောင်ရွက် လို့ မရဘူးပေါ့''ဟု ၎င်းက ပြော သည်။
ယမန်နေ့က လွှတ်တော်အစည်း အဝေးရပ်နားချိန်တွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က မီဒီ ယာတစ်ခုသို့ သမ္မတကြီး၏ပါတီ ဥက္ကဋ္ဌလုပ်ငန်းတာဝန်များကို
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌမှ အပြည့်အဝတာ ဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားထားသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးစောလှထွန်းကလည်း ''သမ္မတကြီးက ပါတီရဲ့ဥက္ကဋ္ဌတာဝန် ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ကို လွှဲပေးပြီးသွားပါပြီ၊ ဒါက အခြေ ခံဥပဒေနဲ့အညီ
ဖြစ်သွားအောင်လုပ် တဲ့သဘောပါ''ဟု ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့ မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင်
နိုင်ငံ့ဝန်ထမ်းအဖြစ်မှ လည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရသည့် နေ့မှစ၍နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူရမည်ဖြစ်သည် ဟု မှတ်ယူရမည်ဟုဖော်ပြထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မြင့်(ဒီချုပ်ပါတီ)က အခြေခံဥပဒေ အရ နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ သည် တာဝန်ထမ်းဆောင်သည့်ကာ
လအတွင်း ပါတီတာဝန်များအား ထမ်းဆောင်ခြင်း မပြုရဆိုသည့် အချက်အား တိကျရှင်းလင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုပေးရန် ဇန်နဝါရီ ၂၁ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ် တော်အစည်းအဝေးတွင်
အဆိုတင် သွင်းခဲ့ကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က အဆိုတင်သွင်းသူ၏ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးပေါ်ပေါက်လာပါက တိကျ စွာ အဓိပ္ပာယ်ဖွင့်ဆို၍ ဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့သည်။
''အဆိုနဲ့ပတ်သက်လို့တော့ အခု ခုံရုံးပေါ်လာပြီဖြစ်သော်လည်း ကျွန်တော်ဘာမှ မသိရသေးပါဘူး'' ဟု ဦးဝင်းမြင့်က မတ်လ ၁၉ ရက် တွင် ပြောသည်။
.. www.MyanmarExpress.net

.jpg)

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်