Subscribe to our RSS Feed

ဒေါ့ဖုန်းယန် မြို့နယ်ခွဲရှိ ၂၀၁၂/၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ မှုများ ပေးအပ်ခဲ့

From : မြဝတီ


နေပြည်တော် မတ် ၁၀
ရှေ့တန်း တပ်မ (၉၉) မှ ဦးစီး၍ ဒေါ့ဖုန်းယန် မြို့နယ်ခွဲရှိ ၂၀၁၂/၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ မှုများ ပေးအပ်ပွဲကို မတ်လ ၇ရက်နေ့ တွင် ဒေသခံ တပ်ရင်းခန်းမတွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
ပညာသင်ထောက်ပံ့မှု အခမ်းအနားသို့ တပ်မမှူးနှင့် နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းအကျိုးတော် ဆောင်များ တက်ရောက် ခဲ့ကြပါသည်။
၎င်းအခမ်းအနားတွင် တပ်ရင်း တပ်ဖွဲ့များ၊ ဒေသခံ ပြည်သူများ၊ ကျောင်းအကျိုးတော် ဆောင်များမှ ပညာသင် ထောက်ပံ့ငွေ စုစုပေါင်း (၆)သိန်း ကျပ်တိတိကို ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သတင်း ရရှိပါသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်