Subscribe to our RSS Feed

လူဦးရေနှင့် နှိုင်းစာပါက မြန်မာနိုင်ငံတွင် TV Channel လိုအပ်ချက် များစွာရှိနေပြီး အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု နည်းလမ်းရှာရန် အာရှရုပ်သံ အဖွဲ့အစည်း ဖိုရမ်ပြုလုပ်

From : MON


မြန်မာနိုင်ငံ၏ လူဦးရေနှင့် နှိုင်းစာပါက မြန်မာနိုင်ငံတွင် TV Channel လိုအပ်ချက် များစွာရှိနေပြီး အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု နည်းလမ်း ရှာဖွေရန် အာရှရုပ်မြင်သံကြား ထုတ်လွှင့်မှု အဖွဲ့အစည်း CASBAA (Cable and Satellite Broadcasting Association for Asia) က ဖိုရမ်ပြုလုပ် ခဲ့ကြောင်း ၎င်းအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖိုရမ်ကို ဖေဖော်ဝါရီ ၂၇ ရက်က စင်ကာပူနိုင်ငံတွင်
ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ တက်ရောက်ခဲ့သည်။

အဆိုပါ Myanmar In View ဟု အမည်ရ ဖိုရမ်သို့ မြန်မာနိုင်ငံအတွင်း ရုပ်သံလုပ်ငန်းအတွက် အခွင့်အလမ်း ရှာဖွေလိုသော ကိုယ်စားလှယ် များနှင့် ဟောပြောသူ ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။

"ဒီဖိုရမ်က မြန်မာနိုင်ငံနဲ့ ဈေးကွက်အကြောင်း သတင်းအချက် အလက်တွေကို လူတွေ အလွန်လိုလားနေပြီး စီးပွားရေး သွားရောက်လုပ်ကိုင်ဖို့ အထူး စိတ်ဝင်စားနေတယ် ဆိုတာကို ပြသနေပါတယ်" ဟု CASBAA မှ CEO က ပြောသည်။

ဖိုရမ် စတင်ပြုလုပ်သည့်နေ့တွင် ဦးတင့်ဆွေက နောင်ငါးနှစ်အတွင်း မီဒီယာစီးပွားရေး လုပ်ငန်းများမှာ တိုးတက်လာပြီး စနစ်ကျလာမည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လူ့အရင်းအမြစ် ပြတ်လပ်ခြင်း၊ အမှီအခို ပြုလောက်စရာ လျှပ်စစ်မရှိခြင်း၊ မီဒီယာနှင့် နည်းပညာ၊ နည်းပညာနှင့် လေ့ကျင့် သင်ကြားရေးများအတွက် ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေပြီး အဆိုပါ ကဏ္ဍများအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ကူညီထောက်ပံ့ မှုများ လိုအပ်မည်ဟု ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက
ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ ဒသမ ၆ သန်းရှိပြီး အိမ်ထောင်စုပေါင်း ၁၁ ဒသမ ၁ သန်းရှိနေသော်လည်း အခပေးရုပ်သံ ကြည့်ရှုသူမှာ ၃၇၅၀၀၀ သာ ရှိနေသဖြင့် အိမ်ထောင်စုများထဲသို့ ထိုးဖောက်ဝင်ရောက်မှုနှုန်းမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိကြောင်း CASBAA က ခန့်မှန်းထားသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်