Subscribe to our RSS Feed

မြန်မာနှင့် ကာကွယ်ရေးကဏ္ဍဆက်ဆံမှုများ ပြန်လည်စတင်ရန် သြစတေးလျစဉ်းစားနေ

From : myanma age


သြစတေးလျအစိုးရသည် မြန်မာစစ်တပ်နှင့် ကာ
ကွယ်ရေး ကဏ္ဍ ဆက်ဆံမှုများ ပြန်လည်စတင်သွားရန်
စဉ်းစားနေကြောင်း ဝန်ကြီးချုပ် ဂျူလီယာဂေးလာဒ်က
ပြောကြားလိုက်သည်။

သြစတေးလျသည် မြန်မာတွင် ဦးသိန်းစိန်ခေါင်းဆောင်သော အရပ်သားတစ်ပိုင်း အစိုးရတက်လာပြီးနောက် မြန်မာနှင့် ပုံမှန် ဆက်ဆံရေးများ ပြန်လည် ထူထောင်လာခဲ့ပြီး ဝန်ကြီးချုပ်
ဂေးလာဒ်သည် မြန်မာသမ္မတအား သြစတေးလျသို့ လာရောက်
လည်ပတ်ရန် ဖိတ်ကြားထားသည်ဟု သိရသည်။

မြန်မာသမ္မတသည် သြစတေးလျ၏ ဖိတ်ကြားချက်ကို
လက်ခံခဲ့ပြီး ဧပြီတွင် သွားရောက် လည်ပတ်မည်ဟု သိရသည်။

သြစတေးလျဝန်ကြီးချုပ် ဂေးလာဒ်သည် မြန်မာသမ္မတနှင့်
မကြာမီက လာအိုမြို့တော် ဗီယန်ကျန်း၌ တွေ့ ဆုံစဉ် ပြည်တွင်းရှိ တိုင်းရင်းသား လူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖေါက်
နေမှုများအား ဆွေးနွေးခဲ့သည်။

ဗီယန်ကျန်း၌ ပြုလုပ်ခဲ့သော အာရှနှင့် ဥရောပခေါင်းဆောင်များ အစည်းအဝေးတွင် သြစတေးလျဝန်ကြီးချုပ်က ၎င်းတို့သည်
မြန်မာ၏ ပြုပြင် ပြောင်းလဲရေးများကို အဆင့်အလိုက် တုံ့ ပြန် ကူညီသွားမည်ဖြစ်ကြောင်း၊ ပုံမှန်ဆက်ဆံရေးထူထောင်၍
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ ကိစ္စများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနှင့် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အလားအလာနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က “ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ဖို့ ကျွန်မတို့ ဆုံးဖြတ်ချက်တွေ
ချမှတ်သွားဖို့ ရှိနေပါတယ်” ဟု ပြောကြားသည်။

မြန်မာစစ်တပ်သည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံး
အကြိမ်အဖြစ် မကြာမီက အရှေ့ တောင်အာရှတွင် အမေ
ရိကန်နှင့် ထိုင်းတို့၏ အကြီးမား ဆုံး စစ်ရေးလေ့ကျင့်မှု
ဖြစ်သည့် ကော်ဘရာဂိုးလ်တွင် လေ့လာသူနိုင်ငံအဖြစ်
ပထမဆုံးပါဝင်ခဲ့သည်။

Ref: www.smh.com.au



 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်